Bella Music Festival မှာ သီဆိုဖျော်ဖြေမယ့် ဇီလေးဇီလေး(Panama) သီချင်းသီဆိုသူ MATTEO အပေါ် အနုပညာရှင်တို့အမြင်

0
191

ရန်ကုန်မြို့၊ ဧပြီလ ၁ ရက်နေ့မှာ ပြုလုပ်မယ့် Bella Music Festival မှာ အခုလက်ရှိ ပရိသတ်တွေကြား ရေပန်းစားနေတဲ့ Matteo (zeelay zeelay Lay Song singer) လည်း လာရောက်ဖျော်ဖြေမယ်လို့ သိရပါတယ်။ အဆိုပါဖျော်ဖြေပွဲမှာ ပါဝင်ဖျော်ဖြေမယ့်ဖြူဖြူကျော်သိန်းက-

”ပျော်စရာကောင်းတာပေါ့။ အထူးသဖြင့်တော့ ဖြူဖြူတို့အနုပညာရှင် တွေ အချင်းချင်း ပျော်ရတယ်ဆိုတာထက် ဒီ zeelay zeelay ကို ကြိုက်ကြတဲ့ မြန်မာပရိသတ်တွေအတွက် တအားပျော်စရာကောင်းတာပေါ့။ သူတို့အနေနဲ့ လောလောဆယ် Update ဖြစ်တဲ့ နိုင်ငံတကာ အဆိုတော်တစ်ယောက်ကိုသူတို့ ကြည့်ခွင့်ရမယ်။ ဘယ်လောက်ပျော်စရာကောင်းလဲ” လို့ သူ့ရဲ့အမြင်ကို ပြောပြ ပါတယ်။ ဆက်လက်ပြီး အဆိုပါဖျော်ဖြေပွဲမှာ ပါဝင်ဖျော်ဖြေမယ့် ဇွဲပြည့်ကလည်း

”မြန်မာနိုင်ငံမှာလည်း Zeelay Zeelay က တအားပေါက်တယ်လေ။ နိုင်ငံခြားသားအဆိုတော်နဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံက အဆိုတော်တွေနဲ့ စင်တစ်စင်တည်းမှာ ဖျော်ဖြေရတဲ့အတွက် ဝမ်းသာတယ်။ သူကတော့ သီချင်း တစ်ပုဒ်နဲ့ World Wide ပေါက်တယ်။ တခြားသီချင်းတွေလည်း သူ့မှာ အများ ကြီးရှိတာပေါ့လေ။ ဒါပေမဲ့ အခုလောလောဆယ်မှာ ဒီသီချင်းတစ်ပုဒ်နဲ့ ပေါက် နေတဲ့ နိုင်ငံခြားအဆိုတော်နဲ့ စင်တစ်စင်တည်းမှာဖျော်ဖြေရတဲ့အတွက် ဝမ်း လည်းဝမ်းသာတယ်။ ပျော်လည်းပျော်တယ်။ ရင်လည်း ရင်ခုန်တယ်။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ဆိုတဲ့သီချင်းတွေကိုလည်း သူနားထောင်နေမှာ။ သူ့ကို လည်း ကိုယ်စိတ်ဝင်စားသလို ကိုယ့်ကိုလည်း သူစိတ်ဝင်စားနေမှာပဲ” လို့ ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here