လူငယ်တို့ဘဝ အောင်မြင်မှုနှင့် သင်တန်းများအခန်းကဏ္ဍ (၁)

0
338

အနုပညာလောကထဲကို ဝင်ရောက်အခြေချကာ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ဖို့ဆိုရင် မိမိကိုယ်တိုင်ကြိုးစားအားထုတ်မှုရော စွမ်းဆောင်မှုပါ လိုအပ်သလို၊ အခြေခံကအစ စနစ်တကျ ပံ့ပိုးဖြည့်ဆည်းပေးတဲ့ အနုပညာရပ်ဆိုင်ရာ သင်တန်းများ တက်ရောက် သင်ကြားခြင်းကလည်း အကောင်းမွန်ဆုံးအရာတစ်ခုပါ။ သရုပ်ဆောင် သင်တန်း၊ မော်ဒယ်သင်တန်း၊ ကိုယ်ခံသင်တန်းတို့ဟာ ဒီနေ့ရာစုသစ်ခေတ်ကာလထဲမှာ အောင်မြင်ထင် ရှားသူတွေ၊ တတ်သိပညာရှင်တွေ၊ နယ်ပယ်အလိုက် အတွေ့အကြုံ ကောင်းရှိသူတွေ သင်ကြားပြသပေးကြတာမို့ အနုပညာရှင်ဖြစ်လိုသူ၊ မော်ဒယ်ဖြစ်လိုသူ အောင်မြင်ထင်ရှားလိုသူများအတွက် အထောက်အပံ့ကောင်းတွေအဖြစ် ရပ်တည်ပေးနေကြပြီဖြစ်ပါတယ်။ မိမိဖြစ်ချင်တဲ့ အောင်မြင်ကျော်ကြား လူမျိုးဖြစ်အောင် မိမိရောက်ရှိချင်တဲ့ နေရာအဆင့်မျိုး၊ ဘဝမျိုးရယူပိုင်ဆိုင်နိုင်အောင် အခြေခံကျကျ ပီပီပြင်ပြင် စနစ်တကျ တက်လှမ်းရယူစေနိုင်တာက သင်တန်းတက်ရောက်ခြင်းက
မိမိတို့အတွက် အကျိုးများစေကြောင်း ပြောပြတဲ့အနုပညာရှင်လူငယ်တို့ရဲ့ ကိုယ်တွေ့စကားသံများကို စုစည်းဖော်ပြလိုက်ပါတယ်။

အောင်ရဲလင်း

အစ်ကိုအခုနောက်ပိုင်း ဇာတ်ကားတစ်ကားရိုက်ကူးတော့မယ်ဆိုရင် ဇာတ်ကားမှာပါဝင်ရမယ့် ကာရိုက်တာအတွက် လိုအပ်တာတွေ ပြင်ဆင်မှုတွေ လုပ်တယ်။ သင်ယူမှုတွေလုပ်တယ်။ အဲဒီလိုသင်ယူမှုတွေလုပ်မှ ဇာတ်ကားမှာ သရုပ်ဆောင်တဲ့အခါ ပိုပြီးပီပြင်မှာ။ မတ်လထဲမှာရိုက်ကူးမယ့် ဇာတ်ကားဆိုရင် အစ်ကိုသေနစ်ပစ်ရမယ့် ဆင်းန်တွေပါတယ်။ အဲဒါကြောင့် အစ်ကိုဒီဇာတ်ကား အတွက် ပြင်ဆင်မှုအနေနဲ့ အစ်ကိုသေနတ်ပစ်သွားသင်တယ်။ ဇာတ်ကားထဲမှာ ပီပြင်ချင်လို့ သင်တန်းတကယ်တက်ရောက်ဖြစ်တယ်။ အစ် ကိုကိုယ်တိုင် ဇာတ်ကားအလွန်းကောင်းချင်တယ်။ ဒါကြောင့်လည်း အခုလို သင်ယူမှုတွေ ပြုလုပ်သွားမှာပါ။

*******

ညိမ်းသော်

၂ဝ၁၄ကစပြီးတော့ အနုပညာအလုပ်တွေလုပ်တယ်။ သူများတွေပြော တာတော့ ကျွန်တော်ကအချိန်နည်းနည်းမြန်တယ်ပေါ့နော်။ ဒါပေမဲ့လည်း ကြားထဲမှာ စိတ်ဓာတ်ကျတာတွေရော၊ ငါဒါလုပ်လို့ အဆင်ပြေပါ့မလားဆိုပြီး ကိုယ့်ကိုယ် ကိုယ်တွေးရင်းနဲ့ အခုချိန်ထိအားမရသေးဘူး။ ကျွန်တော်စလုပ် တုန်းကတော့ ဒီဟာကိုဝါသနာပါတယ်။ ဝင်လိုက်တဲ့အချိန်မှာ ကျွန်တော်က နည်းနည်းကံကောင်းတဲ့အထဲမှာပါတယ်။Stars & Models မှာ သင်တန်းတွေ တက်၊ Mister တွေပြိုင်တော့ ဆုတွေတန်းရတယ်။ ပြီးတော့ ညရုပ်ရှင် ဇာတ် ကားကြီးကိုရိုက်ရတယ်။ ဒါဟာကျွန်တော့်အတွက် အားတွေပါ။ ညရုပ်ရှင် မရိုက်ခင်စပ်ကြားမှာတော့ စိတ်ဓာတ်ကျစရာတွေတော့ရှိတာပေါ့။ ဘာဆက် လုပ်ရမှန်းမသိတော့တာတွေရှိတယ်။ ဒါပေမဲ့ လူငယ်တွေကို ပြောချင်တာက ကိုယ်ဘာကိုလုပ်မယ်။ ဒီဟာကိုရွေးချယ်ပြီးသားဖြစ်ပြီလား၊ ကိုယ်ရော ဒီလိုဖြစ်နိုင်ပါ့မလား ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ရမယ်။ ကံ၊ဥာဏ်၊ ဝီရိယ အားလုံးဆုံပြီး တကယ်ကြိုးစားလို့ ရှိရင် တကယ်ဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here