မြန်မာပြည် ပြန်ရောက်မှ သရုပ်ဆောင်ပညာကို စနစ်တကျ သင်ယူခဲ့သူ ဇဏ်ခီ

0
185

အနုပညာလောကထဲသို့ ‘ဥပါယ်တံမျဉ်’ရုပ်ရှင် ဇာတ်ကားနဲ့ ဝင် ရောက်လာတဲ့ သရုပ်ဆောင် ဇဏ်ခီ ဟာ ၁၃ နှစ်သားကတည်းက မြန်မာပြည်ကနေ ထွက်ခွာပြီး အမေရိကား မှာပဲ သရုပ်ဆောင်ပညာကို လေ့လာခဲ့တယ်လို့ သိရပါတယ်။ အမေရိကားမှာနေရင်း သရုပ်ဆောင်ပညာကို ဇာတ်လမ်းတို များနဲ့ ရင်းနှီးလေ့လာသင်ယူခဲ့ပြီး သရုပ်ဆောင်သင်တန်းကို မြန်မာနိုင်ငံ ပြန်ရောက်မှ တက်ဖြစ်တာပါလို့ ဇဏ်ခီက ပြောပါ တယ်။

”ကျွန်တော်က မန္တလေးသားပါ။ ဒါပေမဲ့ ကျွန်တော် ၁၃ နှစ်သားကတည်းက အမေရိကားကိုပြောင်းသွားခဲ့တယ်။ ဟိုမှာပဲ ကျောင်းတက်တယ်။ အမေရိကားမှာပဲ ဘွဲ့ရတယ်။ အဲဒီမှာပဲ အလုပ် လုပ်ရင်းနဲ့ ကြီးပြင်းလာခဲ့တယ်ပေါ့။ စပြီးသရုပ်ဆောင် လုပ်ခဲ့တာက တော့ အမေရိကားမှာပါ။ ဇာတ်လမ်းတိုလေးတွေ၊Student Project တွေမှာ သရုပ်ဆောင်လုပ်ခဲ့တယ်။ သင်တန်းရယ်လို့မတက်ခဲ့ဘူး။ သင်တန်း မတက်ခဲ့ဘဲနဲ့ ဒီလိုပဲ ကိုယ်ကြိုက်တဲ့မင်းသား၊ မင်းသမီးကြီးတွေရဲ့ အိုက်တင် တွေကို အမြဲလေ့လာဖြစ်တယ်။ ဒါပေမဲ့ သင်တန်းအနေနဲ့ တကယ် တက်ဖြစ် တာက မြန်မာပြည်ပြန်ရောက်ပြီးမှ ‘မုဒြာရဲ့ ခေါ်သံ’ ဇာတ်ကားရိုက် ကူးဖြစ်တဲ့ အချိန်မှာ ဒါရိုက်တာရဲ့ တောင်းဆိုချက်နဲ့ ထုတ်လုပ်ရေးပိုင်းက ခွင့်ပြုချက် တို့ကြောင့် ကျွန်တော် နိုင်ငံတကာရုပ်ရှင်သရုပ်ဆောင်နည်းပြကိုငှားခဲ့တယ်။ အဲဒီမှာစပြီးတော့ ပထမဆုံးအကြိမ် နိုင်ငံတကာသရုပ်ဆောင်နည်းကိုသင် ခွင့်ရခဲ့တယ်။ မြန်မာပြည်ပြန်ရောက်လာမှ စနစ်တကျ သင်ယူခွင့်ရခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ မုဒြာရဲ့ခေါ်သံရယ်၊ ဥပါယ်တံမျဉ် ဇာတ်ကားရယ်စပြီး ရိုက်ကူးဖြစ်ခဲ့တာပါ”လို့ သူကပြောပါတယ်။
နှစ်ယောက်စလုံးက အနုပညာသမားဖြစ်နေတဲ့အတွက် သူတို့ရဲ့ သား လေးကို ဘယ်လိုအချိန်ပေးဖြစ်သလဲလို့ မေးကြည့်တဲ့အခါမှာတော့ ဇဏ်ခီက …

”ကျွန်တော်က ကားရိုက်သိပ်မရှိဘူး။ ကျွန်တော်က ပရောဂျက် တအားရွေးတယ်။ အဲဒါကြောင့် ကားရိုက်နည်းတယ်။ တစ်ကားနဲ့တစ်ကား ခြားခြားသွားတယ်။ တကယ့်ကို ရိုက်ရပြီဆိုလည်း တော်ရုံတန်ရုံ မပြီးတော့ ပြန်ဘူး။ ရိုက်ကူးရေးကာလကလည်း ၂လခွဲ၊ ၃လ၊ ပြင်ဆင်တာကလည်း ၂လခွဲ၊ ၃ လဖြစ်နေတော့ တစ်ခါတစ်ခါဆို ၅ လ၊ ၆ လလောက်ဖြစ် သွား တယ်။ အဲဒီတော့ ပရောဂျက် တစ်ခုကို ရိုက်ကူးမယ်ဆိုရင် တစ် နှစ်လောက် အချိန်ကုန်သွားတယ်။ ဘာမှလုပ်ချိန်မရှိဘူး။ အားတဲ့အချိန် တွေမရှိတော့ဘူး။ အဲဒီလိုအချိန်တွေဆိုရင်တော့ ခံရတာ ကျွန်တော့်သားလေးပေါ့။ သူတွေ့ချင် သလောက် ကျွန်တော်တို့ကို တွေ့ခွင့်မရဘူး။ အဲဒီအချိန်မှာတော့ စိတ် မကောင်းဖြစ်ရတယ်။ ဒါပေမဲ့ ဒါကလည်း သူ့ရဲ့အနာဂတ်အတွက်ပဲ လုပ်နေ ရတာဆိုတော့ လုပ်စရာရှိတာ လုပ်နေရတာပါ။ ဒါဟာ သူ့ရဲ့ အနာဂတ် အတွက်က ကျွန်တော်တို့ တစ်မိသားစုလုံးအတွက် စီးပွားရေး တစ်ခုပဲဆိုတော့ လုပ်နေရတာပဲ။ ကျွန်တော်အားတဲ့အချိန်တွေ တော့ သူနဲ့အတူ မုန့်သွားစားတယ်။ ကစားကွင်းတွေ သွားဖြစ်တယ်။ အားတဲ့ အချိန်တော့ သားလေးအတွက်အချိန်အများဆုံး ပေးပါတယ်”လို့ ပြောပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here