ကျောင်းသူတွေကိုမဖွယ်မရာလုပ်တယ်လို့သတင်းတွေထွက်နေသူ Jo Min Ki

0
239

မင်းသား Jo Min Ki ဟာ ကျောင်းသူတွေကို မဖွယ်မရာပြုကျင့်တယ်လို့ အတိုင်ကြားခံရပြီးနောက် သူ့ကို စာသင်ကြားတဲ့အလုပ်မှ ထွက်ဖို့ ကျောင်းသားတွေ ဆန္ဒပြမှု ဖြစ်ပွားခဲ့ပါတယ်။Cheonju University ကလည်း သူတို့ဟာ တိုင်ကြားစာတွေ လက်ခံရရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ သူဟာ အရက်သောက်ပြီးရင် ညဥ့်နက်ပိုင်းတွေမှာ သူ့အိမ်ကိုလာခဲ့ဖို့ ကျောင်းသူတွေကို ဖိတ်ခေါ်လေ့ရှိတယ်လို့ ကျောင်းသူတွေက ဖြေကြားခဲ့ပါတယ်။ ကျောင်းသူတစ်ဦးရဲ့ ကိုယ့်တွေ့ပြောကြားချက်အရ ”တရက် ပရော်ဖက်ဆာနဲ့ အရက်သောက်တဲ့နေ့က သူအိမ်မှာ အိပ်ဖို့ဖိတ်ခေါ်ခဲ့ပါ တယ်။ သူဟာ သူရဲ့ ကျောင်းသူတော်တော်များများကို သူနဲ့အတူအိပ်ဖို့ခေါ်ခဲ့ လေ့ရှိပါ တယ်။ အလွန်မူးနေလို့ အိမ်မပြန်နိုင်တော့လို့ ပရော်ဖက်ဆာအိမ်မှာ လိုက်အိပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အိပ်ရာပေါ်မှာ အိပ်မောကျနေ သလို ဟန်ဆောင်ခဲ့ပါတယ်။ ဆရာဟာ ဘေးမှာ လာအိပ်ခဲ့ပြီး ကိုယ်ခန္ဓာကို လာရောက် ပွတ်သတ်ခဲ့ပါတယ်။ တအားကြောက် နေခဲ့လို့ မလှုပ်နိုင်ခဲ့ပါဘူး။ ခန္ဓာကိုယ်ကို ပွတ်သပ်ပြီး ပရော်ဖက်ဆာ အိပ်ပျော်သွားခဲ့လို့ ကံကောင်းသွားခဲ့ပါတယ်။ သူဟာ အရက် သောက် နေရင် ကျောင်းသူတွေကို မျက်နှာတွေ နှုတ်ခမ်းတွေကို နမ်းလေ့ရှိပြီး ပေါင်တို့ ဘာတို့ကို ကိုင်လေ့ရှိပါတယ်။ သူငယ်ချင်းတွေကိုလည်း ရည်စားနဲ့အတူနေရတာကြိုက်ရဲ့လားလို့ မေးလေ့ရှိပါ တယ်။” Jo Min Ki ရဲ့ အေဂျင်စီကတော့ အားလုံးကို ငြင်းဆိုခဲ့ပေမယ့် သက်သေတွေကလည်းရှိနေတော့ ကျောင်းက အလုပ်နားဖို့ ပြောထားတယ်လို့သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here