Miss Universe Yangon ပြိုင်ပွဲဝင်ဖို့ ကြိုးစားလေ့ကျင့်ရင်း ခန္ဓာကိုယ်ဝိတ်ဆယ်ပေါင်ကျော်ကျော်ကျသွားတဲ့ အလှမယ်အမရာငြိမ်း

0
281

Miss Myanmar International 2015 အလှမယ် အမရာငြိမ်းက ထပ်မံပြီးMiss Universe Myanmar 2019 ပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်သွားဦးမှာဖြစ်ပါတယ်။ ဒါကြောင့်အခုချိန်မှာ အမရာငြိမ်းက ခန္ဓာကိုယ်အလှအပပိုင်းပြင်ဆင်မှုတွေကို အပြင်း အထန်ကြိုးစားနေတဲ့အပြင် ပရိသတ်တွေထောက်ပြတဲ့ အားနည်းချက်တွေကိုပါ ကြိုးစားပြင်ဆင်နေတယ်လို့ဆိုပါတယ်။ အမရာငြိမ်းရဲ့ ပြိုင်ပွဲအတွက်ပြင်ဆင်မှု တွေအကြောင်းပြောပြတာကတော့ . . .

”အမရာ Miss Universe Myanmar 2019 ပြိုင်ပွဲဝင်ဖို့အတွက် အခုကြိုးစားနေတယ်။ Miss Universe Yangon ကလည်း လာမယ့် ဧပြီလဆန်း မှာပြုလုပ်တော့မှာဖြစ်တဲ့အတွက် အဲဒီပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့အတွက် Body နဲ့ Beauty ပိုင်းကိုသေချာကြိုးစားလေ့ကျင့်နေပါတယ်။ အမရာအခုလည်း သုံးရက် လုပ်၊ တစ်ရက်နား Plan နဲ့ GYM ကစားတယ်။ နောက်ပြီးPersonal Trainer နဲ့လည်း လေ့ကျင့်မှုတွေပြင်းပြင်းထန်ထန်လုပ်နေပါတယ်။ အစားစားရင်လည်း Diet Plan နဲ့ စားပါတယ်။ အဲလိုမျိုးနဲ့လည်း ကိုယ့်ရဲ့ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်း နေပါတယ်။ ခန္ဓာကိုယ် ဝိတ်လည်း ဆယ်ပေါင်ကျော်လောက်ကျသွားပါတယ်။ အားလုံးကလည်းပြောကြတယ်။ အမရာ Body Beauty ပိုင်းမှာအားနည်းချက်ရှိ တယ်ဆိုပြီးလေ။ နောက်ပြီး Catwalk လျှောက်တဲ့အခါမှာလည်း ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုနည်းတတ်တယ်။ အထူးသဖြင့်ရေကူးဝတ်စုံဝတ်တဲ့အချိန်မှာပါ။ ဒါကြောင့် ဒီအား နည်းချက်လေးတွေကိုကြိုးစားပြီး အမရာပြင်ရမှာပါ”လို့ ပြောပြပါတယ်။

လက်ရှိအချိန်မှာတော့ အလှမယ်ပြိုင်ပွဲတွေ အတော်များများ ပေါ်ပေါက်လာပေမယ့် ပရိသတ်များရဲ့ စိတ်ဝင်စားမှု၊ အားပေးမှုတွေက လျော့နည်းလျက်ရှိပါတယ်။ ဒါကြောင့် အရင် အလှမယ်ပြိုင်ပွဲ အတွေ့အကြုံတွေရှိခဲ့တဲ့ အလှမယ်အမရာငြိမ်းရဲ့အမြင်က . . .

”အလှမယ်ပြိုင်ပွဲတွေများလာတာလည်းပါပါတယ်။ အမရာတို့ကိုယ်တိုင်က ကြိုးစားအားထုတ်မှုတွေလျော့နည်းလာတာတွေကြောင့်လည်း ပရိသတ်တွေက စိတ်ဝင်စားမှု လျော့ နည်းလာတာလို့ထင်ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့အသိအမှတ်ပြုပြိုင်ပွဲတို့၊ ကမ္ဘာပေါ်မှာအကြီးဆုံး ပြိုင်ပွဲတို့ဆိုတာက လေးပွဲကနေခုနစ်ပွဲအထိပဲရှိပါတယ်။ Miss Universe ကတော့ အကြီးဆုံး ပေါ့နော်။ ဒါကြောင့်ကိုယ်က ကြိုးစားတယ်ဆိုရင် ကိုယ့်ရဲ့ကြိုးစားမှုကိုတော့ လူတွေက အသိ အမှတ်ပြုကြမှာပါပဲ။ ကိုယ်က Motivation တစ်ခုနဲ့သွားမယ်ဆိုရင် ကိုယ့်ရဲ့နောက်ကိုတော့ လူ တွေလိုက်လာမယ်လို့ အမရာယုံကြည်ပါတယ်။ ကိုယ့်ဘက်က ကြိုးစားနေဖို့ပဲလိုတာပါ။ အမရာ လည်း အခု Miss Universe ပြိုင်ပွဲအတွက်ပဲ စိတ်နှစ်ပြီး အကောင်းဆုံးကြိုးစားနေတယ်။ ဒါကြောင့်လည်း ပရိသတ်ကြီး အားပေးကြပါဦးလို့ပဲပြောချင်ပါတယ်” လို့ ပြောပြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here