၂ဝ၁၈ ခုနှစ် အတွက် သိန်း ၁၄ဝဝ တန်ဖိုးရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း လှူဒါန်းမယ့် Bella

0
79

 

Bella က အခုနှစ်အတွက် အလှူအနေနဲ့ ကျပ်သိန်း ၁၄ဝဝ တန်ဖိုးရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း လှူဒါန်းသွားမယ်လို့ သိရပါတယ်။ အဆိုပါအလှူငွေကို တော့ Apple Foundation ကို ပေးအပ်လှူဒါန်းမှာဖြစ်ပြီး Apple Foundation ကလည်း ဆောက်လုပ်ပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ Apple Foundation က ကလေးငယ်တွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးကို အဓိက ထား လုပ်ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။ ဖောင် ဒေးရှင်းကိုတော့ ၂ဝ၁ဝပြည့်နှစ်ကစတင်ပြီး တည်ထောင် ခဲ့တာ အခုဆိုရင် ၈နှစ်တာ ကာလထဲကိုရောက်ရှိလို့ လာခဲ့ပြီ လည်းဖြစ်ပါတယ်။ ဖောင်ဒေးရှင်းအနေနဲ့ မြန်မာ တစ်နိုင်ငံလုံးမှာ အများအပြား လှူဒါန်းနိုင်ခဲ့ပါတယ်။

“Bella ကနေ တကယ်ကိုလို အပ်နေပြီးတော့ Management ကောင်းတဲ့ကျောင်းလေးတွေ ရွေးပေးပါဆိုလို့ ကျွန်မတို့အနေ နဲ့ ကျောင်းသုံးကျောင်း ရွေးပေး ခဲ့ပါတယ်။ အဲဒီအထဲမှာမှ Bella Page မှာStar လေးတွေက ကျောင်းသုံးကျောင်းကို ရွေးချယ် ပေးပါတယ်။ အဲဒီအထဲမှာမှ ရွေးချယ်ခံရတဲ့ကျောင်းက သန် လျင်မြို့နယ်က ကျောင်းဖြစ်ပါ တယ်။ Bella Star လေးတွေ ရွေးတဲ့ကျောင်းက တကယ်ပဲ ကောင်းမွန်တဲ့ရွေးချယ်မှုဖြစ် တယ် ဆိုတာတွေ့ရပါတယ်။ ကျောင်းသုံးကျောင်းလုံး ကတော့ တကယ်ကို လိုအပ်နေတာပါ။ ဒါပေမဲ့ သန်လျင် မြို့နယ်မှာရှိတဲ့ ကျောင်းကတော့ ကျောင်းသားပေါင်း ၃၆ဝ ဦး ဝန်းကျင်လောက် ပညာသင်ကြားနေတဲ့ ကျောင်း ဖြစ်ပါတယ်။ ပြီးတော့ ဆရာတော်တွေကလည်း တကယ့်ကို Management ကောင်းကောင်းနဲ့ ကလေးတွေရဲ့ Development ကို ရှေ့ရေးအနေနဲ့ အများကြီးစဉ်းစား ထားတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်” လို့ Bella က လှူဒါန်းမယ့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနဲ့ ပတ် သက်လို့ Apple Foundation မှ အထွေထွေအတွင်းရေးမှူး ဒေါ်ရင်ရင်ငြိမ်းကပြောပြပါတယ်။

P-083

 


LEAVE A REPLY

Please enter your comment!
Please enter your name here