စစ်ဖိနပ်သံတွေ ကလည်း
ကတ္တီပါဖိနပ်သံတွေအဖြစ် ပြောင်းခဲ့ပြီ
အာဏာတွေအောက်မှာ
ခေါင်းလျှိုနေရတဲ့ စနစ်ကလည်း
ရင်ထဲက ဆန္ဒတွေနဲ့အတူ
ခေါင်းထောင်နိုင်တဲ့စနစ်အဖြစ် ပြောင်းခဲ့ပြီ
မြင်ကွင်းတွေ ကြက်ခြေခတ်ခံရထားတဲ့ ခေတ်ကလည်း
အမြင်တွေချဲ့ ကြည့်နိုင်တဲ့ခေတ်အဖြစ် ပြောင်းခဲ့ပြီ
စနစ်တွေလည်း ပြောင်း
ခေတ်တွေလည်းပြောင်းနဲ့ ပြောင်းလဲ နေလိုက်တာ
ဒါပေမဲ့
အဲဒီပြောင်းလဲခြင်းတွေထဲမှာပဲ
မပြောင်းလဲခြင်းတွေ ရှိနေသေးတယ်။
အသက်မဝင်တဲ့ သင်ရိုးညွှန်းတမ်းတွေ ကြားမှာ
ဦးနှောက်တွေကို ဘောင်ခတ်ထားတဲ့ စနစ်
စာသင်ခန်းထဲမှာ ရှိနေတုန်း
ပုံနှိပ်ထားတဲ့စာလုံးတွေကို
ဦးနှောက်ထဲမှာ မိတ္တူကူးရတဲ့စနစ်
စစ်ဖိနပ်သံတွေ ကလည်း
ကတ္တီပါဖိနပ်သံတွေအဖြစ် ပြောင်းခဲ့ပြီ
အာဏာတွေအောက်မှာ
ခေါင်းလျှိုနေရတဲ့ စနစ်ကလည်း
ရင်ထဲက ဆန္ဒတွေနဲ့အတူ
ခေါင်းထောင်နိုင်တဲ့စနစ်အဖြစ် ပြောင်းခဲ့ပြီ
မြင်ကွင်းတွေ ကြက်ခြေခတ်ခံရထားတဲ့ ခေတ်ကလည်း
အမြင်တွေချဲ့ ကြည့်နိုင်တဲ့ခေတ်အဖြစ် ပြောင်းခဲ့ပြီ
စနစ်တွေလည်း ပြောင်း
ခေတ်တွေလည်းပြောင်းနဲ့ ပြောင်းလဲ နေလိုက်တာ
ဒါပေမဲ့
အဲဒီပြောင်းလဲခြင်းတွေထဲမှာပဲ
မပြောင်းလဲခြင်းတွေ ရှိနေသေးတယ်။
အသက်မဝင်တဲ့ သင်ရိုးညွှန်းတမ်းတွေ ကြားမှာ
ဦးနှောက်တွေကို ဘောင်ခတ်ထားတဲ့ စနစ်
စာသင်ခန်းထဲမှာ ရှိနေတုန်း
ပုံနှိပ်ထားတဲ့စာလုံးတွေကို
ဦးနှောက်ထဲမှာ မိတ္တူကူးရတဲ့စနစ်
စာသင်ခန်းထဲမှာ ရှိနေတုန်း
အတွေးအခေါ်တွေကို
စာအုပ်ထဲမှာပဲ လမ်းဆုံးစေတဲ့စနစ်
စာသင်ခန်းထဲမှာ ရှိနေတုန်း…
စာသင်ခန်းထဲမှာ ရှိနေတုန်း …
အဲဒီ ‘ရှိနေတုန်း’တွေနဲ့ပဲ
စာသင်ခန်းထဲက ဦးနှောက်တွေ အဖိ နှိပ်ခံနေရတာ
ပညာဆိုတာ ယောင်ဝါးဝါးဖြစ်နေတုန်း။
ပညာဆိုတာ
ကြောင်းကျိုးဆက်စပ်မှုကို လွတ်လပ်စွာ တွေးခေါ်ခြင်းပဲ
စာသင်ခန်းထဲက ဦးနှောက်တွေကို
လွတ်လပ်စွာ တွေးခေါ်ခွင့်ပေးကြပါ။
စာသင်ခန်းထဲက ဦးနှောက်တွေ
ဒီမိုကရေစီ ရသင့်ပြီ။
မိုးခတ် (ဒေးဒရဲ)