ယောက်ျားလျာ ပုံစံ၊ ဗီလိန်ဆန်တဲ့ပုံစံမျိုးနဲ့ ဝတ်မှုံရွှေရည်

0
275

ဂျပန် – မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးအဖြစ် ပူးပေါင်းရိုက် ကူးထားတဲ့ ‘ဇာတိမြေ’ ရုပ်ရှင်ဇာတ်ကားက နှစ်နိုင်ငံရဲ့မတူညီတဲ့ ယဉ် ကျေးမှုစရိုက်တွေကို ဗဟုသုတအနေနဲ့ မြင်တွေ့ကြရမယ့် ရုပ်ရှင် ဇာတ်ကားပါလို့ ဝတ်မှုံရွှေရည်က ဆိုပါတယ်။

”ဒီဇာတ်ကားလေးက နှစ်နိုင်ငံရဲ့ မတူညီတဲ့ယဉ်ကျေးမှုတွေ ကိုလည်း မြင်တွေ့ရမှာပါ၊ ဂျပန်နိုင်ငံကိုလည်းသွားပြီးရိုက်ကူးတယ်။ မြန်မာနိုင်ငံမှာလည်းရိုက်ကူးတယ်။ ဂျပန်မှာ ရိုက်ကူးတဲ့ဇာတ်ဝင်ခန်း တွေ ကပိုများပါတယ်။ ကစ်အတွက်လည်း ထူးထူးခြားခြားလေး ဖြစ်တယ်။ တကယ်ကိုလည်း နိုင်ငံချစ်တဲ့စိတ်၊ မျိုးချစ်စိတ်ဖြစ်စေတယ်။ ဇာတ်လမ်းကိုလည်း ကစ်သဘောကျတယ်။ ဇာတ်လမ်း တည်ဆောက်ပုံ ကလည်း ကောင်းတယ်။ ဒီဇာတ်ကားလေးကို ကစ်အနေနဲ့ ကျေနပ်မှုရှိ ပါ တယ်” လို့ပြောပါတယ်။ ဒီဇာတ်ကားမှာ ဝတ်မှုံရွှေရည်က ဂျပန် နိုင်ငံမှာ ကြီးပြင်းတဲ့ မြန်မာအမျိုးသမီးတစ်ဦးအနေနဲ့ သရုပ်ဆောင် ထားပြီး ဂျပန်ဘာသာစကားပြောကာ သရုပ်ဆောင်ရတဲ့ ဇာတ်ဝင် ခန်းတွေလည်း ပါဝင်ပါတယ်။ ဒီဇာတ်ကားမှာ အခက်အခဲတွေ အများကြီးကြုံတွေ့ခဲ့ရပြီး ဘဝမှာ အပင်ပန်းဆုံးဇာတ်ကား ဖြစ်ကြောင်း လည်းဝတ်မှုံရွှေရည်ကပြောပါတယ်။ လတ်တလောမှာ ဝတ်မှုံရွှေရည်က ဒါရိုက်တာမီးပွားရိုက်ကူးတဲ့ ‘ရန်သူ’ ဇာတ်ကားကို နေမင်း၊ နေခြည်ဦးတို့နဲ့ ပြင်ဦးလွင်မှာ ရိုက်ကူးနေပြီး ဒီဇာတ်ကားမှာ ယောကျာ်းလျာပုံစံနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီယောက်ျားလျာ ပုံစံကိုလဲ အရင် ဇာတ်ကားတွေနဲ့ မတူအောင် ကြိုးစားထားကြောင်းကို ဝတ်မှုံရွှေရည်က

”ကာရိုက်တာမတူအောင် ဇာတ်ကိုရွေးကတည်းက ကစ်မလုပ် ဖူးတဲ့ ဇာတ်ရုပ်လေ။ ကစ်ကဟာသဇာတ်ကားယောက်ျားလျာပုံစံပဲ ရိုက်ကူးဖူးတာ။ ဒီလိုမျိုးရိုမန့် အတည်ပုံစံမရိုက်ဖူးဘူး။ ဒီဇာတ်ရုပ်က ကစ်အတွက်လည်း ထူးခြားတယ်။ ကစ်လည်းကာရိုက်တာကွဲအောင် ဘယ် လိုလုပ်မလဲဆိုတာကို စဉ်းစားတယ်။ hairstylist ရော၊ မိတ်ကပ်ရော၊ အဝတ်အစားပိုင်းရော အကုန်လုံးတိုင်ပင်ပြီး လုပ်ထားကြတာပါ။ ပုံစံ ကွဲထွက်အောင် ကာရိုက်တာကအစ ကွဲထွက်အောင်လုပ်ထားတယ်။ အမှန် အတိုင်းပြောရင် ဗီလိန်ဆန်တဲ့ပုံစံမျိုးပါ” လို့ပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- မင်းမင်းထွန်း