ကမ္ဘာက မြန်မာဆိုတာ သိအောင် ကြိုးစားပြချင်သူ မိုရီဆာကီဝင်း

0
93

မြန်မာပရိသတ်တွေရဲ့ အားပေးမှုတွေရရှိထားတဲ့ ဂျပန်နိုင်ငံမှ မြန်မာလူမျိုး အဆိုတော် မိုရီဆာကီဝင်းက ‘ဇာတိမြေ’ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားကို မကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်တဲ့အတွက် ရင်တွေလည်း တအားခုန်နေတယ်လို့ ဆိုပါတယ်။ အဆိုတော် တစ်ယောက်ဖြစ်ပေမယ့် သရုပ်ဆောင်တဲ့အခါမှာ အခက်အခဲသိပ်မရှိဘဲ ဒီဇာတ် ကားထဲက ဇာတ်ရုပ်ကလည်း သူ့ရဲ့အပြင်က ကာရိုက်တာနဲ့ ကွာခြားမှု သိပ်မရှိ ကြောင်းကို မိုရီဆာကီဝင်းက…

”ဒီဇာတ်ကားက ကာရိုက်တာက ကျွန်တော့်ရဲ့မိုရီ ဆာကီဝင်းနဲ့ သိပ်မကွာဘူး။ ဂျပန်ကိုသွားပြီး အဆိုတော်ဖြစ် ချင်တဲ့ ကိုယ့်ရဲ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစား နေတဲ့ ကောင်လေးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါ တယ်။ ကိုယ့်ရဲ့တိုင်းပြည်ကိုချစ်တဲ့ စိတ်ကလည်း မြန်မာပြည် မှာ နေနေတဲ့လူတွေနဲ့ မကွာဘူးပေါ့” လို့ ပြောပါတယ်။ မိုရီဆာကီဝင်းက မြန်မာနိုင်ငံမှာ ရောဂျပန်နိုင်ငံမှာပါ အနု ပညာအလုပ်တွေကို အကောင်းဆုံးကြိုးစားကာ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပြီး မြန်မာဆိုတာကမ္ဘာကသိအောင် လည်းကြိုးစားချင်ကြောင်းကို…

”ဂုဏ်ယူရတဲ့ အလုပ်တစ်ခု ဖြစ်တာပေါ့။ ကျွန်တော်လုပ် တတ်တာက သီချင်းဆိုမယ် သရုပ်ဆောင်မယ်။ ဒါပဲလုပ်လို့ ရမယ်။ အနုပညာ သမားတွေက ကျွန်တော်တို့ကို အားပေးတဲ့ ပရိသတ်တွေရှိလို့ ရုပ်ရှင်ရိုက်ကူးခွင့်ရတယ်။ အဲဒီအတွက် လည်း တကယ့်ကိုကျေးဇူးတင်ပါတယ်။ ကမ္ဘာက မြန်မာဆိုတာ ကိုသိအောင် ကျွန်တော်က ဂျပန်နိုင်ငံမှာနေနေပေမယ့် ကြိုးစားပြီးထမ်းဆောင်နိုင်တဲ့ အနုပညာရှင်ကောင်းဖြစ်အောင် ကြိုးစားချင်တဲ့စိတ်တွေလည်း တအားဖြစ်မိပါတယ်” လို့ ပြောပြီး ဘာမဆို ဇွဲရှိရှိကြိုးစားရင်အောင်မြင်မှုရရှိမယ်လို့ထင်ကြောင်း မိုရီ ဆာကီဝင်းကပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here