သင်္ကြန်အပြီး ထွက်မယ် Lil’z အကယ်၍ Second Edition အခွေ

0
402

သိုသိုသိပ်သိပ်နေတတ်တယ်။ အေးအေးဆေးဆေးနေတတ်တယ်။ ကိုယ်ယုံကြည်ရာ အနုပညာဖန်တီးမှုကို ရဲဝံ့စွာ ပရိသတ်ထံချပြရဲတယ် စတဲ့အချက်တွေကြောင့် ဟစ်ဟော့ပ်အဆိုတော် Lil’z ဟာ ဂီတကြိုက်တဲ့ အမာခံ ပရိသတ်တွေနဲ့ ရပ်တည်နေနိုင်တာပါ။ သူထွက်ထားတဲ့ ‘IF’ အခွေ ကိုနားထောင်ကြည့်လိုက်ရင် ပရိသတ်အကြိုက် နားစွဲလွယ်မယ့် သီချင်းမျိုး တွေ မပါဘူးဆိုပေမယ့် Music ဆန်တဲ့သီချင်းမျိုးတွေပါဝင်နေတာကြောင့် Review ပြန်ရေးသားပေးသူတွေလည်း ဖေ့စ်ဘုတ်ခ်မှာ အများအပြား တွေ့ခဲ့ရပါတယ်။Lil’z က အခု အခွေထပ်လုပ်နေပြီ။ ရွှေထူး၊ X-Box ၊ ထက်ယံ၊ Lil’z တို့ ၄ လေးယောက်မှာ Lil’z က အခွေ သစ်ထွက်တာ နောက်ဆုံးဖြစ်နေတာပေါ့။ သူဘာဖြစ်လို့ ကြန့်ကြာနေတာလဲလို့မေးတော့-

”ဒီဗီဒီထွက်ဖို့လုပ်နေတာဆိုတော့ နည်းနည်းကြန့်ကြာ တယ်ဗျ။ နောက်တစ်ခုက ကျွန်တော်ကလည်း နည်းနည်း ကြေးများတယ်ဆိုတော့ အဲဒါလေးကို နည်းနည်း သည်းခံပေးပါလို့။ သင်္ကြန်အပြီး နောက်လထဲ ရောက် လို့ရှိရင် ထွက်မယ့် ဒိတ်တွေဘာတွေပြန်ပြောပေးပါ့မယ်။ ‘အကယ်၍’ ကိုပဲ Second Edition ဆိုပြီးတော့ သီချင်း အသစ် ၆ ပုဒ် လောက်ပြန်ပါမယ်။ ပြီးတော့ ဒီဗီဒီ ပြန် ထွက်ဖို့လုပ်မှာပေါ့” လို့ Lil’z ကပြောပါတယ်။

Lil’z က ဟန်ထူးလွင်(ကျားပေါက်)နဲ့လည်း သီချင်းတွဲဆိုခဲ့သေးတာဆိုတော့ သူနဲ့ ဘာတွေထပ်လုပ်ပြဦး မလဲလို့မေးတဲ့အခါ-

”ကိုကျားပေါက်နဲ့ ကျွန်တော်နဲ့ လုပ်မှာပါ။ ကျွန်တော် ကလည်း အခု ကျွန်တော့်အခွေပြန်လုပ်ဖို့ အား တော်တော် ပြန်ခဲနေရတော့ Collaboration တွေလုပ်ဖို့ နည်းနည်းနောက် ဆုတ်ထားတာ။ တယ်လီပန့်သီချင်းကို ကျွန်တော် Rap ဝင်ဆိုလိုက် တာနဲ့ ပတ်သက်ပြီးတော့လည်း ပရိသတ်တော်တော်များများက သဘော ကျကြတယ်။ ဟိုဘက်ပရိသတ်၊ ဒီဘက်ပရိသတ်ရောပေါ့။ ကိုကျားပေါက် နဲ့လည်း ဆက်လက်ပြီး လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ ကိုကျားပေါက်နဲ့ တိုင်ပင်ထားတာတွေကတော့ အများကြီးပဲ။ ကြားထဲမှာ ကျွန်တော်တို့ မတွေ့ဖြစ်သေးတာပေါ့နော်။ တွေ့ဖြစ်လို့ရှိရင် ထူးခြားတာတစ်ခုခု နီးစပ် လာလို့ရှိရင် ကျွန်တော်ပြောပါမယ်”လို့ Rap ကပြောပြခဲ့ပါတယ်။

မျိုးမောင် ၊

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here