နေတိုး နဲ့ ပြေတီဦး ကို ကြိုက်နှစ်သက်တဲ့ ခင်ဇာခြည်ကျော်ရဲ့သား ဘုန်းမင်းနေလ

0
246

သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့သား ဘုန်းမင်းနေလက အနုပညာကို ဝါသနာပါတဲ့အတွက်ကြောင့် ဆယ်တန်းဖြေပြီးရင်တော့ အနု ပညာအလုပ်တွေကို လုပ်ကိုင်သွားမယ်လို့သိရပါတယ်။

”ကျွန်တော်ဆယ်တန်းပြီးတာနဲ့ သင်တန်းတွေတက်မယ်။ ဂျင်ဆော့ မယ်။ ကျွန်တော့်ကိုကျွန်တော်ယုံကြည်မှုရှိပြီး ကျွန်တော်လုပ်နိုင်ပြီလို့ ထင်ရင် ကျွန်တော်လုပ်မှာပါ။ ကျွန်တော်တို့ကုမ္မဏီကလည်းဖြစ်နိုင်တယ်။အပြင်ကကမ်းလှမ်းရင်လည်း ဝင်ရိုက်မှာပါ။ အဓိကကတော့ ကျွန်တော် ကာရိုက်တာနဲ့ လုံးဝအံဝင်ခွင်ကျဖြစ်အောင် သရုပ်ဆောင် သွားနိုင်အောင်ကြိုးစားမှာပါ။ ကျွန်တော် ဝါသနာ ပါတာက နည်းနည်းကြာပြီ။ ဒါပေမဲ့ ကိုယ့်ကိုယ့်ကိုယ် ဝါသနာပါလို့ပါမှန်းမသိဘူး။ အမေနဲ့ ဇာတ်ကား တွေလိုက်ကြည့်တယ်။ ကြည့်ရင်လည်း မင်းသား အိုက်တင်ကိုပဲ မျက်တောင်မခတ်ဘဲကြည့်တယ်။အိုက်တင်ချိန်းတာ ကာရိုက်တာချိန်းတာတွေက အစလိုက်ကြည့်တယ်”လို့ ဘုန်းမင်းနေလက ပြောပါတယ်။ မြန်မာပြည်ထဲက အနုပညာရှင် တွေထဲမှာ သူစံထားရမယ့် အနုပညာရှင်တွေ အများကြီးရှိကြောင်းနဲ့ သူရဲ့အကြိုက် နှစ် သက်ဆုံးမင်းသားနှစ်ယောက်ကတော့ …

”မြန်မာပြည်ထဲမှာဆိုရင်တော့ ကိုနေတိုး နဲ့ ကိုပြေတီဦးပေါ့။ ကိုနေတိုးရဲ့ ဆိုက်ကို ဆန် ဆန်ကာရိုက်တာတွေကိုကြိုက်တယ်။ ကာရိုက်တာ ချိန်းတာလည်းကြိုက်တယ်။ နောက်ကိုပြေတီဦးကျ တော့ ကာရိုက်တာပေါ်မှာ ကိုပြေတီဦးကို လုံးဝမေ့ သွားလောက်အောင်ထိ သရုပ်ဆောင်နိုင်တာကို ကြိုက်တယ်။ စံထားစရာ မင်းသားတွေကတော့အများ ကြီးပဲပေါ့။ ကျွန်တော့်အကြိုက်ဆုံးကတော့ ကိုနေတိုးပဲ။ သူ့လောက်လည်း အိုက်တင်ကောင်းချင်တယ်။နိုင်ငံခြားဇာတ်ကားတွေမှာတော့ မင်းသားတွေ ဘာ တွေသိပ်မသိဘူး။ ဒါပေမဲ့ သူတို့ရိုက်ချက်တွေ ဇာတ် လမ်းတွေ သူတို့ရဲ့အတွေးအခေါ်တွေကိုတော့ သဘော ကျတယ်”လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here