သမီးလေးရှိနေလို့ အိမ်ထောင်မကွဲဖြစ်ခဲ့တာပါ သရုပ်ဆောင်ညီနန္ဒ

0
319

သရုပ်ဆောင် ညီနန္ဒကတော့ လတ်တလောမှာ ဒါရိုက်တာ အောင်ကိုလတ်ရိုက်ကူးတဲ့ ”နေရယ် လရယ် အမှန်တရားရယ်” ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ အနုပညာအလုပ်နဲ့ ၃ နှစ်နီးပါးလောက် ဝေးကွာနေတဲ့ သူက ဘဝပေးအခြေအနေကြောင့် တောထဲမှာ ကျောက်တူးနေကြောင်းကိုလည်း ခုလို ပြောပြခဲ့ပါတယ်။

”၂ဝ၁၂-၂ဝ၁၃ ခုနှစ်လောက်က မန္တလေးကိုရောက်တယ်။ မန္တလေးမှာ ဆောက်လုပ် ရေးလုပ်ဖြစ်တယ်။ ရှုံးတယ်။ ဆုံးရှုံးမှုတွေဖြစ်တယ်။ အဓိက ကတော့ ကိုယ်တိုင်အသုံးမကျတာ ပါ။ အဲဒီလိုဖြစ်ပြီး စိတ်လည်ပြီးတော့ အစ်ကိုလောင်းကစားတွေလုပ်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အစ်ကို ခုထိလည်း သူများကိုပေးစရာတွေရှိ ပါသေးတယ်။ အဲ့ဒါတွေ အတွက်လည်း အစ်ကိုကြိုးစားနေတယ်။ အခုတော့ တောထဲမှာ ကျောက်တူး နေပါတယ်။ ကျောက်လုပ်ဖြစ်တဲ့ အကြောင်းရင်းကတော့ ကိုယ်တိုင်လည်း အဲ့ဒီတောထဲမှာသွားနေတယ်။ သူများတွေလို ငွေရေးကြေးရေးတွေ ပိုင်ဆိုင် မှုတွေမရှိတော့တဲ့အချိန်မှာ ကိုယ့်ကိုစောင့်ရှောက်မယ့်သူနဲ့တွေ့တယ်။ သူက တောထဲမှာ နေနိုင်ပါ့မလားပေါ့။ အဲဒီလိုနဲ့နေဖြစ်သွားတာပါ။ မိသားစုနဲ့ခွဲပြီး တော့ တောထဲမှာ သွားနေရတာ တကယ်ထောင်ကျနေသလိုပါပဲ။ အဲ့ဒီမှာ သွားနေတာကြာတော့ အစ်ကိုက ဘုရားတရားကို ပိုပြီး လုပ်ဖြစ်လာပါတယ်” လို့ ပြောပြခဲ့ပါတယ်။

သူ့ရဲ့ အိမ်ထောင်ရေးအကြောင်းနဲ့ ပတ်သက်ပြီး သမီးလေးရှိနေလို့ အိမ်ထောင်မကွဲခဲ့တာပါလို့ ဆိုလာတဲ့ သရုပ်ဆောင်ညီနန္ဒက …

”အမျိုးသမီးနဲ့ကလေးကတော့ ခုမန္တလေးမှာနေပါတယ်။ ဖြစ်လာတဲ့ အခြေအနေကို အစ်ကိုရဲ့မိဘတွေရယ် အစ်ကို့အမျိုးသမီးရယ်၊ သမီးလေး ရယ်က လက်ခံပြီးနေပေးတာကို ကျေးဇူးတင်ပါတယ်။ အစ်ကို့ သမီးလေး ဆိုရင်လည်း တကယ်သနားစရာ ကောင်းပါတယ်။ ကိုယ်မှားခဲ့တာတွေကို လည်း နောင်တရပါတယ်။ သမီးလေးရှိလို့လည်း အိမ်ထောင်မကွဲခဲ့တာပါ။ လက်ရှိမှာတော့ တည်ငြိမ်သွားပြီ။ ကိုယ်ဆီ အခွင့်အရေးလေးတော့ တစ်လှည့်ပြန်ရောက်မယ်ဆိုတဲ့ စိတ်နဲ့ပဲ ကြိုးစားပြီးနေတာပါ” လို့ ပြောပြခဲ့ပါ တယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here