ဝေဖန်မှုတွေကို အကောင်းဆုံးအသုံးချနိုင်ရင် ကိုယ့်အမှားကိုယ် ပြန်ရှာတွေ့လိမ့်မယ်လို့ နားလည်ထားသူ စိုင်းစိုင်းခမ်းလှိုင်

0
95

စာရေးဆရာမ ဂျူးရဲ့ ‘ကျွန်မ၏သစ်ပင်’ဝတ္ထုကို ရုပ်ရှင်ရိုက်ကူးဖို့ စိုးသူ၊ စိုင်းစိုင်းအတွဲလို့ကြား ထားတယ်။ စိုင်းစိုင်းကလည်း ‘ကျွန်မ၏သစ်ပင်’ ဝတ္ထုကို ရုပ်ရှင်ရိုက်ကူးဖို့ကြိုးစားနေတာကြာပြီ၊ အခြေအနေဘယ်လိုရှိလဲလို့ စိုင်းစိုင်း ခမ်းလှိုင်ကိုမေးဖြစ်တော့…

”ဒီဇာတ်ကားနဲ့ ပတ်သက် လို့ကတော့ ပရိုဂျူဆာနဲ့ ဒါရိုက်တာဘက်က ပြင်ဆင်ကြိုးစား နေတုန်းပဲရှိပါသေးတယ်။ အဲဒါနဲ့ ပတ်သက်လို့ ကျွန်တော်ဘာမှမှတ်ချက်မပေးနိုင်သေးပါဘူး။ ကျွန်မ၏သစ်ပင် ဝတ္ထုက ကျွန်တော်ငယ်ငယ်လေးကတည်းက စွဲလမ်းခဲ့ရတဲ့ ဝတ္ထုလည်း ဖြစ်သလို အုပ်စိုးဆိုတဲ့ဇာတ်ကောင်အပေါ်ကိုလည်း ကိုယ်ကိုယ်တိုင် အုပ်စိုးတစ်ယောက်လို အပြင်လောကမှာ ခံစားခဲ့ရတဲ့ ဝတ္ထုဖြစ်ပါတယ်။ အဲဒီတော့ ဒီဇာတ် ကောင်လေးကို ကျွန်တော်ချစ်တယ်။ ဝတ္ထုကိုလည်း ကျွန်တော်ကြိုက်တယ်။ ရိုက်ကူးဖြစ်ပါစေလို့လည်း ကျွန်တော်ဆု တောင်းပါတယ်” လို့ သူကပြောပါတယ်။

စိုင်းစိုင်းက ဧပြီလ၁ရက်နေ့မှာ ‘စိုင်းစိုင်းရဲ့ စိုင်းစိုင်း’ တစ်ကိုယ် တော်ခွေထွက်ရှိဖို့ ပြင်ဆင်နေတယ်။ ဂီတပိုင်းမှာတော့ စိုင်းစိုင်းက အောင်မြင်ပြီးသား၊ ရုပ်ရှင်နဲ့ ပတ်သက်လို့ကတော့ ဝေဖန်မှုတွေ ရှိနေ တယ်နော်၊ ဒီနှစ်အတွက် ဇာတ်ကားမရိုက်ရသေးခင် ဇာတ်လမ်း ရွေးချယ်မှုအပိုင်းမှာတင် ဝေဖန်မှုကမလွတ် ဘူးဖြစ်နေတယ်လို့ဆိုတော့…

”ဝေဖန်မှုကတော့ ရှိမှာပါပဲ။ ဝေဖန်မှုရှိမှလည်း ရံဖန်ရံခါမှာ ကိုယ့်အမှားတွေကို မြင်နိုင်မယ်လို့ ကျွန်တော်ကတော့ နားလည်ထားပါတယ်။ ဘာပဲ လုပ်လုပ်လည်း ဝေဖန်မှာပဲ။ အဲဒီဝေဖန်မှုကို ကိုယ် က အကောင်းဆုံး အသုံးချနိုင်ရင်လည်း ကိုယ့်ရဲ့ အမှားတွေကို ကိုယ်ပြန်ရှာတွေ့မယ်လို့ ကျွန်တော် ကတော့ ထင်ပါတယ်။ ဆိုတော့ ဇာတ်ကား ရွေး ချယ်မှုနဲ့ မဆိုင်ပါဘူး။ ဇာတ်ကားရွေးချယ် တာမှာ နံပါတ်တစ် ကျွန်တော် ကြိုက်၊ မကြိုက် ပေါ့လေ။ ကျွန်တော်မကြိုက်တဲ့ အလုပ်ကို ကျွန်တော်မလုပ်ချင်ဘူး။ ပြီးတော့ ကိုယ်နဲ့ သင့်တော်၏၊ မသင့်တော်၏ အဲဒါလည်း စဉ်းစားတယ်။ ကိုယ်လုပ်နိုင်၊ မလုပ်နိုင်လည်း စဉ်းစားတယ်။ ဒီနှစ်ထဲမှာ ကျွန်တော် နောက်ထပ် ရုပ်ရှင်ဇာတ်ကား ၂ ကား ထပ် ရိုက်ဖို့အတွက် ပြင်ဆင်ထားပါတယ်” လို့ စိုင်းစိုင်းကပြောပါတယ်။ သူ့ကို ဝေဖန်ပေး ကြတဲ့သူတွေကိုလည်း စိုင်းစိုင်းက ဒီလို ရှုမြင်ပါတယ်တဲ့။

”ကျွန်တော် တောင်ကြီးမြို့မှာနေ တုန်းကဆိုရင် သီချင်းနားထောင်ရင် နားထောင်၊ စာအုပ်ဖတ်ရင်ဖတ်၊ ဒါပဲ ရှိတာ။ အခုဒီခေတ်မှာကျတော့ လူငယ် တွေ၊ ပရိသတ်တွေ၊ အကုန်လုံးပေါ့ လေ။ လူကြီးတွေကအစပေါ့။ ဘောလုံး ပွဲကြည့်မလား။ရုပ်ရှင်ကြည့်မလား။ င်္ခေနဘသသု ကြည့်မလား။့ သကွှကဘန ကြည့်မလား။ တစ်ကမ္ဘာလုံးကဟာတွေ ကို အချိန်နဲ့ တစ်ပြေးညီကြည့်ရတဲ့ ကာလဖြစ်တယ်။ ဒီလောက်ရွေးချယ် စရာ များတဲ့ကာလမှာ ကျွန်တော်တို့ လုပ်နေတဲ့အလုပ်တွေကို စိတ်ဝင်စားတယ် ဆိုကတည်းက ကျွန်တော်တို့ကကျေးဇူးတင်ရ မှာ ဖြစ်ပါတယ်”လို့ စိုင်းစိုင်းက ပြောပါတယ်။

ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတွေနဲ့ ပတ်သက်လို့ အမြဲတမ်းကြိုးစားနေတဲ့ စိုင်းစိုင်းက သူ့ကိုယ်သူ ဘောလုံး သမားတစ်ယောက်နဲ့ နှိုင်းယှဉ်သုံးသပ် ဆိုလိုက်ပါတယ်။

”ကျွန်တော်ကတော့ အကောင်းဆုံးကြိုးစားနေပါ တယ်။ ဘောလုံးပွဲထဲကို ဝင်လာကတည်းကိုက ဘောလုံးသမား တစ်ယောက်က ဂိုးသွင်းချင်တာပါပဲ။ ကျွန်တော်လည်း ဂိုးသွင်းချင် တာပါပဲ။သွင်းနိုင်ခဲ့တဲ့ပွဲတွေလည်းရှိမှာဖြစ်သလို ဂိုးမသွင်းနိုင်ခဲ့တဲ့ပွဲ တွေလည်းရှိမှာပါပဲ။ ဘာပဲဖြစ်ဖြစ ကျွန်တော်အမြဲတမ်း ထရိန်နင် ဆင်းနေမယ်။ အမြဲတမ်းလေ့ကျင့် နေမယ်။ ကျွန်တော့်ကို ကန်ခွင့် ပေးတဲ့ဘောလုံးပွဲတိုင်းမှာ ကိုယ်နဲ့လည်း လိုက်ဖက်တယ်၊ သင့်လည်း သင့်တော် တယ်ဆိုရင်တော့ ကျွန်တော်က ဝင်ကန်ဖို့ကြိုး စားနေဦး မှာပါပဲ။ ဂိုးသွင်းနိုင်တဲ့ပွဲတွေကြုံတွေ့လာပါစေလို့ ကျွန်တော့် ကိုယ်ကျွန်တော်လည်း ဆုတောင်းပါတယ်” လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပြခဲ့ပါတယ်။

မျိုးမောင်၊ ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here