ခေါင်းဆောင်မင်းသားစာချုပ်ပျက်ပြယ်မှုနှင့် ထူးခြားရဲ့ရင်ဖွင့်သံ

0
123

သရုပ်ဆောင် ထူးခြားကို ထုတ်လုပ်ရေးတစ်ခုက ခေါင်းဆောင်မင်းသား အဖြစ်နဲ့ ဗီဒီယိုဇာတ်ကား ၁ဝ ကားရိုက်ကူးဖို့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဇာတ် ကား ၂ ကား ရိုက်ကူးပြီးစီးတဲ့အချိန်မှာတော့ ထုတ်လုပ်ရေးဘက်ကနေ စာချုပ်ကို ဖျက်သိမ်းလိုက်တယ်လို့သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထူးခြားက-

”ကျွန်တော့်ကို ဇာတ်ကား ၁ဝ ကားစာချုပ် ချုပ်တယ်။ ၂ ကားရိုက်ပြီးပါပြီ။ တစ်ကား ထပ်ရိုက်ဖို့ စီစဉ်နေတဲ့အချိန်မှာ ဖျက်လိုက်တယ်။ ဈေးကွက်ကြောင့် လားလို့ စဉ်းစားရင်လည်း ကျွန်တော့်ကို ဈေးကွက်ပျက်တဲ့အချိန်ကြီးမှာပဲ မင်းသားတင်တယ်။ ဈေးကွက်ကြောင့်တော့ မဖြစ်နိုင်ဘူး။ သူတို့ဘာသာသူတို့ ဖျက်ချင်လို့ဖျက်တာ။ ကျွန်တော့်ကို သူတို့ကပဲ မင်းသားတင်မယ်ဆိုပြီး ပြောလာ တာ၊ ကျွန်တော်ကစပြီးပြောခဲ့တာလည်း မဟုတ်ပါဘူး။ သူတို့ လာကမ်းလှမ်း တယ်၊ စာချုပ်ချုပ်ပြီး ရိုက်ပါတယ်။ အလုပ်ကိုကောင်းကောင်း လုပ်လိမ့်မယ်လို့ ထင်ခဲ့တယ်။ ကျွန်တော် ဒီနေရာကိုရောက်ဖို့ကြိုးစားခဲ့တယ်။ ကျွန်တော် အနုပညာအလုပ်လုပ်နေလို့သာ အပြင်စီးပွားရေးတို့ဘာတို့သာဆိုရင် လူသတ် မှုဖြစ်သွားလောက်ပြီ။ ကြီးကြီးကျယ်ကျယ်ပြောရင် ကျွန်တော့် ရည်ရွယ်ချက်ကို ဖျက်ဆီးလိုက်တဲ့သဘောမျိုးလေ။ သူတို့က ကျွန်တော့်ထက်အသက်ကြီးပါ တယ်။ ကျွန်တော်ပြောချင်တာကတော့ နောက်လူတွေကို အဲဒီလိုမလုပ်ဖို့နဲ့ လူတစ်ယောက်ကို စကားလွယ်လွယ်မပြောဖို့၊ ကျွန်တော်ဆို အစွဲအလမ်းတအားကြီးတယ်။ အဲဒီလိုလူမျိုးနဲ့တွေ့ရင်မကောင်းဘူးပေါ့နော်” လို့ ပြောပြပါတယ်။ အခုတော့ လက်ရှိမှာ လက်ခံ ထားတဲ့ ဇာတ်ကားများကို အကောင်းဆုံးကြိုးစား သွားမှာဖြစ်တယ်လို့ ထူးခြားကပြောပါတယ်။

”နောက်ရိုက်မယ့် ဇာတ်ကားလေးတွေ က အရင်လိုအကြမ်းတွေ မဟုတ်တော့ ဘဲ နူးညံ့တဲ့ပုံစံလေးတွေ ရိုက်သွားဖို့ရှိ တယ်။ ကာရိုက်တာလေးတွေနည်း နည်းချိန်းလာပါပြီ။ ဒီလိုချိန်းလာ တာကလည်း ကျွန်တော် ရွေးတာ တော့မဟုတ်ပါဘူး။ လာငှားတဲ့ ဘက်က ကျေးဇူးတွေပါ။ ပရိသတ် တွေကိုလည်း ကျွန်တော့်ကို ကောင်းသည်ဆိုးသည် ပွင့်ပွင့်လင်း လင်း ဝေဖန်ဖို့၊ အမှန်တိုင်းဝေဖန်ဖို့၊ အများကြီးအားပေးဖို့ ပြောချင်ပါတယ်” လို့ ထူးခြားက ပြောပါတယ်။ အခုလက် ရှိမှာတော့ ထူးခြားက ဒါရိုက်တာစတီးလ် ရိုက်ကူးနေတဲ့ လူခေါ်ခေါင်းလောင်း ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင် သရုပ်ဆောင်ရိုက်ကူးနေပါတယ်။

ဇင်မာနွယ် ၊

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here