မင်းသမီးဘဝ သက်တမ်းတစ်လျှောက်မှာ မလုပ်ဖူးတာတွေ လုပ်နေရတယ်ဆိုတဲ့ အိန္ဒြာကျော်ဇင်

0
214

သရုပ်ဆောင် အိန္ဒြာကျော်ဇင် ရဲ့ သုဒြာရုပ်ရှင်ထုတ်လုပ်ရေးက ပွဲဦးထွက် ရိုက်ကူးထားတဲ့ Reflection ရုပ်ရှင်ဇာတ်ကားကို နှစ်ဆန်း တစ်ရက်နေ့မှာ ရုံတင်ပြသသွားတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ ပရိုဂျူဆာ အနေနဲ့ ပထမဦးဆုံး ရုံတင်မယ့် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့အတွက် ရင်ခုန်နေ တယ်လို့ ဆိုတဲ့ အိန္ဒြာကျော်ဇင်က …

”အဲဒီဇာတ်ကား ရုံတင်ပြသခါနီးကို တအားရင် ခုန်တယ်။ ကိုယ်စစချင်း ထုတ်လုပ်ထားတဲ့ ဇာတ်ကား ပေါ့။ ပိုပြီးတော့ ရင်ခုန်တာက ကိုယ့်အတွက် ပရို ဂျူဆာအလုပ်က ပထမဆုံးအချိန်မှာ မလုပ်ဖူး တာတွေ လုပ်ရတယ်။ အစ်မတို့ မင်းသမီး လုပ်လာတဲ့ သက်တမ်းတစ်လျှောက်မှာ ကိုယ် ဇာတ်လမ်းဖတ်တယ်။ ကိုယ်လုပ်ရ မယ့် အနုပညာ အက်တင်တွေကို စဉ်းစားတယ်။ ဇာတ်ကားရိုက်တယ်။ ရိုက်ကူးပြီးသွားရင် ပြီးသွားပြီ။ နောက် တစ်ကားကို ဆက်ရိုက်တယ်။ ကိုယ်ရိုက်ပြီးသွားတဲ့ ဇာတ်ကား ကို ပြန်လှည့်ကြည့် စရာမလိုဘူး။ ပရိုဂျူဆာကျတော့ အဲဒီလိုမဟုတ်ဘူး။ ကိုယ့် ရဲ့သားသမီးလိုပဲ ရုံမတင် မချင်းက သူ့ကို ပြုစုယုယ ပြီး မွေးမြူနေရတယ်။ edit လုပ်တယ်ဆိုလည်း မကောင်းရင်ပြန်လုပ်ပေါ့။ ကိုယ်ကလည်း တအားကောင်း စေချင်တဲ့ ဆန္ဒနဲ့ လုပ်ထားတယ်ဆို တော့ ပိုပြီးတော့ ရင်ခုန်တယ်။ ကြိုက် ပါ့မလား။ အားပေးကြပါ့မလားဆိုတဲ့ ရင်ခုန်မှုလေးတော့ ရှိပါတယ်” လို့ ပရိသတ် တွေ ရုပ်ရှင်ဇာတ်ကား ကောင်းကြည့်ရှုစေချင်တဲ့ ဆန္ဒတွေနဲ့ ရိုက်ကူးပုံဖော်ထားကြောင်း ပြောပါ တယ်။ ဒီရုပ်ရှင်ဇာတ်ကား ကတော့ တခြားဇာတ်ကား တွေနဲ့ မတူဘဲ ခွဲထွက်ထားတဲ့ ဇာတ်လမ်းမျိုး ဖြစ်တာကြောင့် ပရိသတ်တွေ ဝေဖန်ပေးစေလိုကြောင်းကိုလည်း အိန္ဒြာကျော် ဇင်က …

”အစ်မတို့တွေအကုန်လုံး ဝိုင်းပြီး ကြိုးစားထားပါတယ်။ တစ်မူထူးခြားတဲ့ ပုံစံနဲ့ သွားထားပါတယ်။ လမ်းကြောင်းလေးကို နည်းနည်းလေး ခွဲထွက်သွားတဲ့ အပေါ်မှာ ပရိသတ်ကြီးကြည့်ပြီးတော့ အားပေးပါ။ ဝေဖန်ပေးပါ။ ကောင်းတာပဲ ပြောပြော၊ ဆိုးတာပဲပြောပြောအားလုံးကို လက်ခံပါတယ်။ ဒီဇာတ်ကား က သီးသန့် entertainment ပဲ ။ ယုတ္တိမရှိဘူးလို့ ပြောမယ်ဆိုလည်း ပြောလို့ရတယ်။ နိုင်ငံတကာမှာ ဆိုလည်း ဒီလိုပဲ။ ရုပ်ရှင်ဆိုတာ enterainment ပဲလေ။ အဲဒီလိုမျိုး ပုံစံနဲ့ ဖက်ရှင်၊ အက်ရှင်ကိုမှ ပရိသတ်ကြိုက်နိုင်မယ့် ပုံစံမျိုးကို ထွင်ထားတယ်။ အဲဒါကို ကြည့်ပြီး ဝေဖန်ပေးစေချင်ပါတယ်” လို့ပြောပါတယ်။ ဒီနှစ် အကယ်ဒမီပေးပွဲမှာ အမျိုးသမီးဇာတ်ဆောင်ဆုအတွက် ကိုတော့ အိန္ဒြာကျော်ဇင်ကို အနုပညာလောကသားတွေ တော် တော်များများရော၊ ပရိသတ်တွေကပါ ထင်ကြေးပေးနေ ကြပါတယ်။ ဒီလိုထင်ကြေးပေးခံနေရတဲ့အပေါ်မှာတော့ အိန္ဒြာကျော်ဇင်က…

”ကိုယ့်ကိုယ်ချစ်တဲ့ သူတွေ၊ ကိုယ့်ရဲ့ပရိသတ်တွေ၊ ကိုယ့်ရဲ့အ သိုင်းအဝိုင်းထဲက ကိုယ့်ကိုချစ်တဲ့ အနုပညာ မောင်နှမတွေကအစ ထင်ကြေးတွေပေးတယ် ပြောကြတာ နဲ့တင် ဝမ်းသာနေပါပြီ။ ဒါနဲ့တင် လုံလောက်နေပါပြီ” လို့ ပြောပြီး အနုပညာလှုပ်ရှားမှုတွေကို ပရိသတ် စိတ်ကျေနပ်မှုရ သွားအောင် အမြဲတမ်း ကြိုးစားသွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here