အသံဖမ်းသူတစ်ဦးမှ သရုပ်ဆောင်ဖြစ်လာတဲ့ အောင်မြင့်မြတ်

0
362

‘ဥပါယ်တံမျဉ်’ ရုပ်ရှင်ဇာတ်ကားမှာ သိန်းစိုးအဖြစ် ပရိသတ်တွေ အားပေးမှုရရှိလာတဲ့ အောင်မြင့်မြတ်က အရင်က သရုပ်ဆောင်လုပ်ဖို့ ရည်ရွယ်ချက်မရှိခဲ့ဘဲ ရုပ်သံမီဒီယာတစ်ခုမှာ အသံဖမ်းသူတစ်ဦး အနေနဲ့သာ လုပ်ဆောင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ အခုလို အနုပညာလောကထဲ ဝင်ရောက်ဖြစ်ပုံကိုတော့ အောင်မြင့်မြတ်က –

”လွန်ခဲ့တဲ့ ၃နှစ်၊ ၄ နှစ် လောက်က 5plus မှာ အသံဖမ်းလုပ်နေရင်းနဲ့မှ ကိုသည်ခေတ်နေနဲ့တွေ့တယ်။ သူ သေမင်းတည်ခင်းတဲ့ ညလယ်စာ ဇာတ်ကားကို သရုပ်ဆောင်အသစ်တွေ ၁၁ယောက်နဲ့ ရိုက်မယ်တဲ့၊ ပါမလားဆိုတော့ ကျွန်တော်ပါမယ်ဆိုပြီး အလုပ်ကထွက်လိုက်တယ်။ ပထမ တစ်လခွဲလောက်ပဲပြောတာ။ ဒါပေမဲ့ ၄ လ၊ ၅ လလောက် ကြာသွားတယ်။ အဲဒါက teaser ပဲထွက်လာတယ်။ အခုထက်ထိတော့ ဘာသံမှမကြားရဘူး။ အဲဒါ ပြီးတော့မှ ဥပါယ်တံမျဉ်ကို ဆက်ပြီးရိုက်ကူးတာပါ။ အရင်တုန်းက သရုပ်ဆောင် လုပ်ဖို့ ရည်ရွယ်ချက် မရှိခဲ့ဘူး။ အသံဖမ်းနေတဲ့ အချိန်တုန်းကလည်း ကျွန်တော့်ကို ကမ်း လှမ်းတာတွေ လာသေးတယ်။ သရုပ်ဆောင် လုပ်ပါပေါ့။ သူတို့က ကျွန်တော့်ကို မြင်နေကျ မျက်နှာတွေမဟုတ်ဘူးဆိုပြီး မြင်တဲ့လူက မြင်တော့ photo model လုပ်ပေါ့။ အဲဒီတုန်းက ကျွန်တော်ပတ်ပြေးတာ ဝါသနာကို မပါဘူး။ အခွင့်အရေးတစ်ခု လက်လွှတ်လိုက်တယ်။ ကိုသည်ခေတ်နေက ထပ်ရောက်လာတော့ စဉ်းစားတာပေါ့။ ငါ့ကိုအခွင့်အရေး နှစ်ခုရှိပြီ ပေးတာ၊ ငါပြောင်းလဲသင့်ပြီလို့ ငါထင်တယ်။ ကိုယ်တိုင်လဲ ဝါသနာ မပါတာတော့မဟုတ်ဘူး။ ကိုယ်လည်း လုပ်ချင်တယ်။ အမြဲတမ်းထိ တွေ့နေတာဆိုတော့။ ရုပ်ရှင်မှာပဲ အသံလိုက် ဖမ်းနေတဲ့အချိန်ကျတော့ သူတို့ ဒိုင်ယာလော့ခ်တွေ ဘယ်လိုပြောလဲ၊ ကင်မရာဘယ်လိုယူလဲဆိုတာ လိုက် မှတ်မိနေတယ်။ ငါလုပ်ကြည့်လိုက်မယ်ဆိုပြီး လုပ်ကြည့်တဲ့ အချိန် မှာ တအားအဆင်ပြေတယ်။ ဥပါယ်တံမျဉ်မှာ casting ဝင်လိုက်တဲ့ အချိန်မှာ ဒီဘက်ကို ကျွန်တော်လုပ် တော့မယ်ဆိုတဲ့ စိတ်ဖြစ်သွားတယ်” လို့ပြောပါတယ်။ အခုအချိန်မှာတော့ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကား က မမျှော်လင့်ဘဲ အောင်မြင်မှုရရှိတဲ့အတွက် အတိုင်းမသိဝမ်းသာပီတိ ဖြစ်ရတယ်လို့ဆိုတဲ့ အောင်မြင့်မြတ်က ”လုပ်တုန်းကတော့ ကိုယ်ဘာကြီး ဖြစ်ပါစေဆိုပြီး လုပ်ကြတာမဟုတ်ဘူး။ ကိုယ်ဘာတွေလုပ်နိုင်လဲဆိုတာ ကို အစွမ်းကုန်ထိ လုပ်ကြမယ်ဆိုတဲ့စိတ်နဲ့ team တစ်ခုလုံးက လုပ်ကြ တာ။ ရလာတဲ့အချိန်မှာလည်း စိတ်တော့ စိတ်ပူတာပေါ့။ ကိုယ်သွားနေတဲ့ လမ်းကြောင်းက ရှိပြီးသား လမ်းကြောင်းနဲ့ ခွဲထွက်နေတယ်လို့ ပြောလို့ရတယ်။ အောင်မြင်မယ်လို့တော့ ထင်တယ်။ ဒါပေမဲ့ စိတ်ပူတယ်။ ၁ဝဝ ရာခိုင် နှုန်းတော့ မမျှော်မှန်းရဲဘူးပေါ့။ တကယ်တမ်းထွက်လာတော့ အားပေးကြတာ တွေ့တော့ တအားဝမ်းသာပါတယ်” လို့ ပြောပါတယ်။ နောက်ပိုင်းမှာလည်း ရုပ်ရှင် ဇာတ်ကားတွေ ရိုက်ကူးသွားမယ်ဆိုရင် ပြင်ဆင်မှုအားကောင်းတဲ့ ဇာတ်ကား တွေကို ပိုပြီးရိုက်ကူးချင်မိတယ်လို့ အောင်မြင့်မြတ်က ဆိုပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- မင်းမင်းထွန်း

 


LEAVE A REPLY

Please enter your comment!
Please enter your name here