မျက်လှည့်နဲ့ လူရွှင်တော် မျှတအောင် လုပ်ဆောင်သွားမယ့် ရှူးရှဲ

0
179

ငယ်စဉ်ကတည်းက လူရွှင်တော်အဖြစ် လုပ်ချင်ခဲ့ပြီး လူရွှင်တော်ကြီးတွေမြင်ရင် တအား အားကျမိတဲ့သူကတော့ ရှူးရှဲပဲဖြစ်ပါတယ်။ လူရွှင်တော်အလုပ်ဆိုတာ သူတစ်ပါးကို ပျော်အောင် ဖျော်ဖြေရတဲ့ အလုပ်ဖြစ်တဲ့အတွက် သူ့အနေနဲ့တအားကို သဘောကျပြီး ငယ်စဉ်ကျောင်းတက် နေတဲ့ ကာလကတည်းက လူရွှင်တော်အဖြစ် တင်ဆက်ခဲ့ဖြစ်တယ်လို့ ရှူးရှဲက ပြောပါတယ်။ သူကတက္ကသိုလ်က ဘွဲ့ရပြီးတဲ့နောက်မှာတော့ ဝန်ထမ်းဘဝနဲ့ အလုပ်လုပ်တွေလုပ်ဖြစ်ခဲ့ပြီး တစ်နေ့ မှာတော့ အဘိုးတစ်ယောက်အိမ်မှာ သန့်ရှင်းရေးသွားလုပ်ရင်းနဲ့ မျက်လှည့်ပညာကို သင်ကြားတတ်မြောက်ခဲ့ပြန်ပါတယ်။

”အဘိုးကနေတစ်ဆင့် ဆရာ ဦးစက္ကောမနဲ့ မိတ်ဆက်ပေးတယ်။ ဆရာကလည်း ကျွန်တော့်ကိုအိမ်မှာခေါ်ပြီး သေချာသင်ပေးတယ်။ ကျွန်တော်ရတဲ့ လခလေးနဲ့မျက် လှည့်ပစ္စည်းတွေပဲဝယ်တယ်။ ကျွန်တော်က နယ်ကပါ။ ရန်ကုန်မှာ အလုပ်လာလုပ်တာ။ အဲဒါနဲ့ ကျွန်တော့်ကို မျက်လှည့်သင်ပေးတဲ့ အဘိုးရဲ့သား ရင်ခုန်သံမောင်အေးထွန်းက အဆိုတော်လေ။ သူကဦးမေတ္တာရဲ့မန်နေဂျာလည်းဖြစ်တယ်။ သူတို့အဖွဲ့ထဲမှာ ကျွန်တော့်ကိုမျက်လှည့်လေးပြပါဆိုပြီး ပြောတယ်။ အဲဒီအချိန်မှာကျွန်တော်ကလည်း မျက်လှည့်တစ်အားပြချင် နေတယ်။ အဲဒါနဲ့ ဦးမေတ္တာတို့ရဲ့ မေတ္တာရွှေစင်အငြိမ့်မှာ မျက်လှည့်လိုက်ပြခဲ့တယ်။ ပြီးတော့ ဒီစတားအငြိမ့်မှာ မျက်လှည့်ပြခဲ့တယ်။ ကျွန်တော်ကလည်း ဟာသကိုဝါသနာပါတော့ မျက်လှည့်ပြရင်းဟာသတွေပြောပေါ့။ အဲဒါနဲ့ ဒီစတားကဦးချစ်ချောတို့က လူရွှင်တော် လုပ်ပါလားလို့မေးတယ်။ ဒါနဲ့ ကျွန်တော်လူရွှင်တော်လုပ်ဖြစ်ခဲ့တယ်။ ကျွန်တော် တအားပျော်ခဲ့တယ်။ ကျွန်တော်ကတော့ လူရွှင်တော်နဲ့ မျက်လှည့်ကို တစ်သားတည်းလုပ်ပါတယ်။ ဘယ်ဟာကိုပိုပြီး လုပ်မယ်ဆိုတာ မရှိပါဘူး” လို့ လူရွှင်တော်ရှူးရှဲက ပြောပြပါတယ်။ လူရွှင်တော်လုပ်ဖြစ်နေပေမယ့် မျက် လှည့်ကိုလည်း စွန့်လွှတ်မှာမဟုတ်ပါဘူးလို့လည်း သူကဆိုပါတယ်။ သူက လူရွှင်တော်ကြီးတွေ ဖြစ်တဲ့ ဦးမေတ္တာတို့၊ ဦးချစ်ချောတို့၊ ဦးပွမ်ပွမ်တို့လို ပြည်သူချစ်တဲ့ အနုပညာရှင်ကြီး တွေဖြစ်အောင် ကြိုးစားသွားမှာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here