အရေးပေါ် လူနာတင်ယာဉ်ဖြင့်  အခမဲ့ အလျင်အမြန် ပို့ဆောင်သည့်အလုပ်ကို ပိုမိုကျယ်ပြန့်စွာလုပ်ဆောင်နိုင်ရန် အလှူရှင်များ လိုအပ်လျက်ရှိကြောင်း လူရွှင်တော်အောင်သော်ပြော

0
203

5Star လူရွှင်တော်အဖွဲ့မှ အောင်သော်က Golden Middle Way (GMW) အမည်နဲ့ ပြည်သူများအတွက် အခမဲ့ လူနာတင်ယာဉ်ပြေးဆွဲမှုလုပ်ဆောင်ခြင်းကို အလှူရှင်အချို့ရဲ့ ပံပိုးမှုနဲ့အတူ သူရဲ့လုပ်အားအနုပညာကြေးဖြင့် နေ့စဉ်စိုက်ထုတ်ပြီး လုပ်ဆောင်ပေးလျက်ရှိပါတယ်။ အခုအခါ ရေရှားပါးဒေသများကို သောက်သုံးရေ အခမဲ့ပို့ဆောင်ပေး နိုင်ဖို့နဲ့ မီးလောင်မှုဖြစ်ပွားပါက အင်အားဖြည့်အကူညီပေးနိုင်ဖို့ မီးသတ်အထောက်ကူပြုယာဉ်၊ မီးငြှိမ်းသတ်ရေး ယာဉ် များ ဝယ်ယူနိုင်ဖို့လည်းကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ အရေးပေါ်လူနာများအနေနဲ့ လူနာ တင်ယာဉ် ပေါ်ရောက်တာနဲ့ လူနာများဘေး ကင်းလုံခြုံစွာ အလျင်အမြန်ဆေးကုသမှု ခံနိုင်ဖို့အတွက်အပတ်စဉ် ယာဉ်စစ်ဆေးပြုပြင် ခြင်းများလုပ်ဆောင်ခြင်းနဲ့ အစားထိုးလဲလှယ် ခြင်းများလည်း လုပ်ဆောင်လျက်ရှိပါတယ်။Golden Middle Way (GMW) အသင်း စတင်တည်ထောင်ချိန်မှစပြီး ၂လ အတွင်း အရေးပေါ်လူနာ ၁ဝဝ ကျော်ကို ဇီဝိတဒါနကုသိုလ်ပြု ကူညီပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ လူနာများအချိန်လွန် အသက်ဆုံးရှုံးမှု မရှိစေရေးအတွက် အရေးပေါ်လူနာတင်ယာဉ်နဲ့ အခမဲ့အလျင်အမြန်ပို့ဆောင်တဲ့ အလုပ်ကို ပိုမိုကျယ်ပြန့်စွာလုပ်ဆောင်နိုင်ဖို့ အလှူရှင်များလိုအပ်လျက်ရှိကြောင်း လည်း သိရပါတယ်။ အလှူငွေကို မည်ရွေ့မည်မျှလူဒါန်းရမယ်လို့ သတ်မှတ်ချက်မရှိဘဲ နိုင်သည့်ဘက်မှ စေတနာ သဒ္ဓါထက် သန်စွာနဲ့ နည်းများမဆိုဇီဝိတဒါနပါဝင် ကုသိုလ်ယူလှူဒါန်းနိုင်ကြောင်း သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here