ဗီဒီယိုဈေးကွက်ပျက်နေပေမယ့် နောက်မဆုတ်ဘဲ ဇာတ်ကားတွေ ဆက်လက်ရိုက်ကူးသွားမယ့် သရုပ်ဆောင် မိုးကောင်း

0
342

အနုပညာကိုချစ်တဲ့စိတ်နဲ့ အနု ပညာလမ်းကြောင်းပေါ်မှာ ဆက်လက် လျှောက်လှမ်းနေသူကတော့ သရုပ် ဆောင်မိုးကောင်းပဲဖြစ်ပါတယ်။ သူဟာအခုလက်ရှိ အချိန်မှာတော့ခေါင်းဆောင်မင်းသားအနေနဲ့ ဗီဒီယို ၁ဝ ကားရိုက်ကူးပြီးစီးခဲ့ပြီ ဖြစ်သ လိုဇာတ်ပို့အနေနဲ့ ဇာတ်ကားများ စွာမှာ ပါဝင်သရုပ်ဆောင် ရိုက်ကူးပြီး ခဲ့ပြီလည်း ဖြစ်ပါတယ်။

အခုလက်ရှိအချိန်မှာလည်း နှစ်ဆယ့်တစ်ရာစု ပေါက်စီပေါင်မုန့် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင် ရိုက်ကူးနေပါတယ်။ သူ့ရဲ့အနု ပညာသက်တမ်းကတော့ ၁ဝ နှစ် လောက်ရှိပြီဖြစ်ပြီး၊ ရွာဇာတ်လမ်း တွဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ ပါသေးတယ်။

”ဗီဒီယိုကတော့ ဇာတ်ပို့အနေ နဲ့ကတော့ အများကြီးရိုက်ဖြစ်ခဲ့ပါ တယ်။ နောက်ပိုင်းကျတော့ ကိုယ့် ထုတ်လုပ်ရေးနဲ့ ကိုယ့်ဘာသာကိုယ်ပဲ ရိုက်ဖြစ်တော့တယ်။ ကျွန်တော်က တော့ ဒီအနုပညာအလုပ်ပဲ လုပ် သွားမှာပါ။ ကိုယ်ကြိုက်တဲ့ ဇာတ် လမ်းတွေကို ကိုယ်ကြိုက်တဲ့ဒါရိုက်တာ တွေနဲ့ ရိုက်ကူးဖြစ်သွားမယ်။ တတ်နိုင်သလောက်တော့ ဇာတ်ကား ကောင်းတွေဖြစ်အောင်ရိုက်ကူး သွားမှာပါ”လို့ သရုပ်ဆောင်မိုးကောင်း က ပြောပြပါတယ်။ လက်ရှိဗီဒီယို ဈေးကွက်ပျက်နေတဲ့အချိန် ရုန်းကန် နေရတဲ့သူတွေထဲမှာ သူလည်းပါ ပါတယ်။

ဒီလိုကာလမှာ ရုန်းကန်နေရတဲ့အပိုင်းနဲ့ပတ်သက်လို့ ”အဆင် ကတော့မပြေပါဘူး။ ပျက်နေတယ် ဆိုတာသိတယ်လေ။ သို့သော်လည်း ကျွန်တော်တို့က နောက်ဆုတ်လို့ လည်းမရဘူး။ ဒီအလုပ်ကိုပဲ ကောင်း အောင်တတ်နိုင်သလောက် ဈေးကွက် မကောင်းတဲ့ကြားထဲက ကိုယ့်ကား ကိုယ် ပိုပြီးပျံ့နှံ့အောင် ကြိုးစားပြီး တော့လုပ်ကိုင်နေတာပါပဲ။ ကျွန်တော့် အနေနဲလည်း ကျွန်တော့်ကားလေး တွေကို ကျွန်တော်လုပ်နိုင်သလောက် သို့မဟုတ် လုပ်နိုင်တာထက်ပိုပြီးတော့ ကောင်းအောင်ကြိုးစားနေပါတယ်။ အဲဒီ့အထဲမှာမှ လိုအပ်ချက်လေးတွေ ရှိတယ်ဆိုရင်လည်း ခွင့်လွှတ်ပေးကြ ပါလို့။ ကျွန်တော်တို့မှာလည်း အခက် အခဲတွေလည်းအများကြီးရှိလို့ပါ”လို့ သူက ပြောပြခဲ့ပါတယ်။ သူကိုယ်တိုင် လည်း ဒါရိုက်တာအနေနဲ့လည်း ဇာတ်ကားတွေရိုက်ကူးနေတယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here