ဂီတလောက အရွေ့မှာ ဆက်လက် ချီတက်ဆဲ အဆိုတော် သားကြီး

0
168

ဂီတလောကရဲ့ ခေတ်ပျက်အနေအထားကြီးပဲလို့ ဆိုရမလား။ သီချင်း ခွေတစ်ခွေထွက်ပြီဆိုရင် အရင်းပြန်ရဖို့ တောင် မလွယ်တဲ့ ဒီခေတ်ကြီးထဲမှာ အဆိုတော်တွေလည်း တော်တော်ရုန်းကန်နေကြရပါတယ်။ အခုလို အခွေထွက် ကြမ်းတဲ့ကာလမှာ တစ်ကိုယ်တော်ခွေထွက်ရှိလာတဲ့ အဆို တော် သားကြီးတစ်ယောက် ဘယ်လိုကျားကုတ်ကျားခဲ ရုန်းကန်နေရလဲဆိုတာကို မေးမြန်းဖြစ်ခဲ့ပါတယ်။

”စိတ်ပင်ပန်းတယ်။ စိတ်ရှုပ်စရာတွေ အများကြီးပဲ။ ငွေရေးကြေးရေးပိုင်းဆိုင်ရာရောပေါ့နော်။ အခွေထွက်ချင် တဲ့စိတ်နဲ့သာ ကျွန်တော် ကြိုးစားပြီးလုပ်ရတာ။ တော်တော် တော့ မလွယ်ဘူး။ အဓိကကတော့ ပရိသတ်ကို သီချင်း အသစ်လေးတွေ ပေးချင်တာပါ။ အဲဒီ ရည်ရွယ်ချက်ပါ” လို့ သူက ပြောပါတယ်။ မတ်လ ၃ ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ သားကြီးရဲ့ ‘အချိန်တွေတိုင်းမှာ’ တေးစီးရီးကတော့ Audio CD တစ်ခြမ်း၊ Music Video တစ်ခြမ်းပါ။

”ထုံးစံအတိုင်း တစ်နှစ်ခွဲ၊ နှစ် နှစ်ရှိပြီဆိုရင် ကျွန်တော်အခွေထွက်တယ်။ အဓိကကတော့ ပရိသတ်ကို သီချင်းအသစ်လေးဖန်တီးချင်တဲ့စိတ်ပေါ့နော်။ အဲဒါနဲ့ ကျွန်တော်ထွက်ဖြစ်တာပါ။ Audio က သီချင်းအသစ် ၁၂ ပုဒ်ပါမယ်။ ဒီဗီဒီက ၉ ပုဒ်ပါမယ်။ တစ်ဘူးတည်းမှာ ၂ ချပ်ပါမယ်။ Audio မှာက ပန်းရောင်ခြယ် နဲ့ Tay Za Mc နဲ့ ပါမယ်။ ဒီဗီဒီမှာက ထွန်းထွန်းတို့ရော၊ မရန်ဆိုင်းနော်တို့ရော အများကြီးပါပါတယ်။ သီချင်းပုံစံတွေကတော့ R&B ပါမယ်။R&B နဲ့ Trab နဲ့ရောထားတာပါမယ်။R&B နဲ့ House ရောထားတာပါမယ်။ Pop ၄ ပုဒ်လောက်တော့ပါမယ်” လို့သားကြီးကပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here