ပရဟိတ ဖက်ရှင်ဒီဇိုင်နာ သင်တန်းကျောင်း ဖွင့်လှစ်လိုက်တဲ့ အကယ်ဒမီ ခန့်စည်သူ

0
130

အကယ်ဒမီ ခန့်စည်သူကတော့ မတ်လ ၃ ရက်နေ့က ‘အလင်းပြကောင်းကင်ပရဟိတ ဒီဇိုင်နာ အသက်မွေးသင်တန်းကျောင်း’ကို သင်္ယန်းကျွန်းမြို့နယ်မှာရှိတဲ့ ဓမ္မဝိဟာရ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ အခုလို အခမဲ့ ဒီဇိုင်နာ သင်တန်း ဖွင့်လှစ်ဖြစ်ပုံနဲ့ပတ်သက်ပြီး ခန့်စည်သူက –

”ဒါလေးကတော့ ပရဟိတပါ၊ အခမဲ့ ဒီဇိုင်နာ သင်တန်းလေးပါ၊ ဒီဇိုင်နာသင်တန်းက အပြင်မှာတက်ရင် ကျပ် ၁၅ သိန်း၊ သိန်း၂ဝ လောက်ပေးရတယ်။ တချို့လူတွေ ဒီဇိုင်နာသင်တန်းကို ဝါသနာပါတယ်။ တက်ချင်တယ်။ ဒါပေမဲ့ ငွေကြေးမတတ်နိုင်တဲ့သူတွေ အတွက် ရည်ရွယ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ကူညီလိုက်တဲ့ လူတစ်ယောက်က နယ်ပယ်တစ်ခုခုမှာ နာမည်ရသွားတာပဲဖြစ်ဖြစ်၊ ထမင်းအိုးတည်သွားနိုင်တာပဲဖြစ်ဖြစ်၊ အဲသလိုဖြစ်စေချင်လို့ပါ၊ ပညာရပ်တစ်ခုဆိုတာက နောက်ပိုင်းကျတော့ ပရဟိတအနေနဲ့ သင်တဲ့ နေရာလေးတွေလည်းရှိပါတယ်၊ တချို့ကျတော့လည်း ဝေးလို့မသွားနိုင်ဘူး၊ တချို့ကျတော့လည်း ငွေရေးကြေးရေး မတတ်နိုင်လို့၊ မိန်းကလေးတော်တော်များများ လာတက်တဲ့အခါကျရင်လည်း ဘာပဲဖြစ်ဖြစ်ဒီဇိုင်နာက ကိုယ်တစ်ယောက်ထဲ ဖန်တီးလို့ရတယ်။ လူအများကြီးရှိမှ မဟုတ်ဘူး။ တော်ရင်တော်သလောက် နေရာလေးရနိုင်တယ်။ ဘာပဲဖြစ်ဖြစ်တစ်ထောင့် တစ်နေရာကနေပြန်ပြီးတော့ လူမှုဘဝကို ပြန်အကျိုးပြုနိုင်တယ်၊ အဲဒီရည်ရွယ်ချက်လေးနဲ့ ကျွန်တော် ဒါလေးကို ဖွင့်လှစ်တာ ပါ” လို့ ပြောပါတယ်။ အဆိုပါသင်တန်းမှာတော့ နာမည်ကြီး ဒီဇိုင်နာတွေလည်း လာရောက်သင်ကြားပေးမှာဖြစ်ပြီး၊ သင်တန်း ကာလကိုတော့ မသတ်မှတ်ရသေးကြောင်း ခန့်စည်သူက ပြောပါတယ်။

”လူဦးရေကတော့ ကျွန်တော်တို့ ဒီကျောင်းထိုင်ဆရာတော်ကို အကူအညီတောင်းထားပါတယ်၊ ဒီခန်းမနဲ့ ဆန့်သလောက် အရေအတွက်ကို လက်ခံမယ်လို့ပြောပါတယ်။ တကယ် ပညာရှင်ဖြစ်၊ မဖြစ်ဆိုတာ သူတို့ပေါ်မှာပဲမူတည်ပါတယ်။ ဥပမာ သရုပ်ဆောင်သင်တန်းတက်တာ၊ သရုပ်ဆောင်ဖြစ်တယ်ဆိုတာပြောလို့မရပါဘူး။ အဲဒီသဘောပါပဲ” လို့ သူက ပြောပါတယ်။

တွယ်တာ

 


LEAVE A REPLY

Please enter your comment!
Please enter your name here