အခုခေတ်မှာလူရွှင်တော်ကားစီးနိုင်ရခြင်းအကြောင်း ဒါရိုက်တာမောင်သီ ဖွင့်ဟ

0
259

ဟာသဇာတ်လမ်းတွေကို အများဆုံးရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာမောင်သီက ရုပ်သံလိုင်းမှာ လူရွှင်တော်များနဲ့ ပေါင်းစပ်ပြီး Jocker Variety စတဲ့ဟာသအစီအစဉ်များကို ရိုက်ကူးထုတ်လွှင့်လျက်ရှိပါတယ်။ ရုပ်သံအစီအစဉ်တွေ ဆက်တိုက်ရိုက်ကူးရင်း ရုပ်ရှင်ရိုက်ကူးမှုတွေ ရပ်နားထားတာ ဆယ်နှစ်ဝန်းကျင်ရှိပြီလို့လည်း ဒါရိုက်တာမောင်သီကဆိုပါ တယ်။ ဟာသအစီအစဉ်များ များပြားလာတာနဲ့အမျှ လူရွှင်တော်များ ဟာသအနုပညာရှင်များအတွက် စားဝတ်နေရေး အဆင်ပြေသလို တက်သစ်စလူငယ်များအတွက်လည်း အခွင့်အလမ်းသစ်တွေများစွာရရှိ လာကြပါတယ်။ ဒါရိုက်တာမောင်သီကလည်း သူ့ရဲ့အနုပညာလက်တွဲဖော်တွေရဲ့ လက်ရှိ အခြေအနေအကြောင်းကို . . .

”လူရွှင်တော်တွေဆိုတာက ကိုယ့်ရဲ့မိသားစုဝင်တွေလို၊ သူငယ်ချင်းတွေလို၊ သားသမီးတွေလိုပါပဲ။ ကိုယ်တိုင်ကလည်း ဟာသကိုနှစ်ပေါင်းသုံးဆယ်လောက်ရိုက် ထားတာဆိုတော့ တီဗွီပရိုဂရမ်တွေလုပ်တဲ့အခါမှာလည်း ဟာသကိုဦးစားပေး ပြီးလုပ်ဖြစ်တာပါ။ အခုဆိုရင်လည်း လူရွှင်တော်တွေထဲမှာ အရက်သေစာ သောက် စားမူးရစ်တာတွေ မရှိသလောက်ဖြစ်သွားတယ်။ အလုပ်ကို အလုပ်နဲ့ တူအောင်လုပ်ကြသလို နောက်တက်လာတဲ့ကလေးတွေကလည်း လိမ္မာကြပါတယ်။ နောက်ပြီး အကုန်လုံးရဲ့ စားဝတ်နေရေးလေးတွေ လည်း ပြေလည်လာကြတယ်ပေါ့။ လူရွှင်တော်ကားစီးနိုင်တယ်ဆို တာမျိုးက အခုလိုအခြေအနေမျိုးမှာ သိပ်ပြီးမထူးခြားတော့ဘူး လေ။ အရင်အချိန်ကဆို ကွမ်းသီးကားစီးတုန်းကဆိုရင် လူတော်တော်ပြောစရာဖြစ်တယ်။ ဘာလို့လဲဆိုတော့ အလွှာထဲမှာက ကားစီးနိုင်တဲ့လူမရှိဘူးလေ။ အခုကတော့ လူရွှင်တော်ပေါက်စလေးတွေကအစ ကိုယ်ပိုင်အိမ်နဲ့ ကား နဲ့ဖြစ်လာတဲ့ အနေအထားလေးတွေအထိရှိလာတယ်။ ဒါကလည်း သူတို့ရဲ့ကြိုးစားမှုလေးတွေရော၊ ဒီဘက်က လူကြီးပိုင်းတွေရဲ့ ဆုံးမမှုတွေရောပါတာပေါ့ဗျာ”လို့ ဒါရိုက်တာ မောင်သီက ပြောပြပါတယ်။

မြတ်မိုးပွင့်၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here