Broken family တစ်ခုကနေ ကြီးပြင်းလာခဲ့ရသူ အဆိုတော်ရေမွန် (Idiots) ရဲ့ ငယ်ဘဝဖြတ်သန်းမှု

0
424

လူငယ်ပရိသတ်ကြား အားပေးမှုရရှိထားတဲ့ အဆိုတော်ရေမွန်ကတော့ သူပါဝင်တဲ့ Idiots Band အဖွဲ့သားများနဲ့အတူ Idiots Band ရဲ့၁၃ နှစ်မြောက် Idiots One Band Show ကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ Band တစ်ခုအနေနဲ့ အခက်အခဲတွေကြားထဲက ၁၃ နှစ်တာ ကာလတစ်ခုကို ဖြတ်ကျော်လာခဲ့တာနဲ့ ပတ်သက်ပြီး…

”အခက်အခဲဆိုတာတော့ အများကြီးပါပဲ။ ဘယ်လုပ်ငန်းမှာမဆို အခက်အခဲဆိုတာကတော့ ရှိတာပေါ့နော်။ Band တစ်ခုအနေနဲ့ ရပ်တည်ရ တာကတော့ မလွယ်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် Band တစ်ခုဖြစ်နေ တဲ့အတွက် ပိုက်ဆံကအစ ခွဲယူရတော့ အခက်အခဲလေးတွေတော့ အများကြီး ရှိပါတယ်။ အောင်မြင်သင့်သလောက် အောင်မြင်တယ်။ ပုံမှန်ဝင်ငွေရှိတယ်။ ဒါပေမဲ့ တစ်ယောက်တည်းဆိုတဲ့ အဆိုတော်တွေလိုတော့ မရပ်တည်နိုင်ပါဘူး။ ကျွန်တော်တို့ကတော့ Music ကို ချစ်တာတစ်ခုတည်းအတွက်နဲ့ တော်တော်များ များကိုစွန့်လွှတ်ပြီးတော့ လုပ်နေကြတာပါ။ ဒီ ၁၃ နှစ်အတွင်းမှာ အတွေ့အကြုံ တွေလည်းအများကြီးရခဲ့တယ်။ အောင်မြင်မှုတွေလည်း ရခဲ့တယ်” လို့ ရေမွန်က ပြောပြခဲ့ပါတယ်။ Broken family တစ်ခုကနေကြီးပြင်းလာခဲ့တဲ့ သူ့ရဲ့ ငယ်ဘဝဖြတ် သန်းမှုတချို့ကိုလည်း ခုလိုပြောပြခဲ့ပါတယ်။

”ကျွန်တော်ကBroken family ပါ။ ငယ်ငယ်လေးကတည်းက အမေနဲ့နေပါ တယ်။ အမေက နောက်အိမ်ထောင်ပြုလိုက်တယ်။ ခုကျွန်တော် ညီမတစ်ယောက် ရှိတယ်။ အမေတူ ဖအေတူ ညီမရယ်၊ အမေရယ်၊ ကျွန်တော်ရယ် ခု သုံးယောက် နေပါတယ်။ family ကတော့ ကျွန်တော်တို့ သုံးယောက်ပါပဲ။ ငယ်ငယ်လေးက တည်းက ဖြတ်သန်းမှုကတော်တော်လေးခက်ခဲပါတယ်။ ငယ်ဘဝအချိန်တုန်းကတော့ ပိုပြီးပင်ပန်းပါတယ်။ လက်ရှိမှာတော့ သူဟာနဲ့သူ အဆင်တော့ပြေပါတယ်။ ဒါပေမဲ့ ပြဿနာလေးတွေကတော့ ရှိနေတုန်းပါပဲ။ အချစ်ရေးကတော့ လောလောဆယ် ငြိမ်ငြိမ်လေးပဲနေဖြစ်ပါတယ်။ အိမ်ထောင်ပြုဖို့ကတော့ မပြောတတ်သေးပါဘူး။ ဘုန်းကြီးဝတ်ရင် ကောင်းမလားတောင်စဉ်းစားနေပါတယ်” လို့ ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

 


LEAVE A REPLY

Please enter your comment!
Please enter your name here