ရေအိုင်ငယ်လေးတစ်ခု

0
292

ရေအိုင်ငယ်ကလေးတစ်ခု။ လမ်း ဘေးမှာ။ ရေအိုင်ငယ်ကလေး ဟာ မြေသားချိုင့်နေရာထက် မိုး တစ်ကြိမ်နှစ်ကြိမ် ရွာချလိုက်တော့ ရေဝပ်ပြီး ဖြစ်ပေါ်လာတာ။ ရေအိုင် ငယ်ကလေးထဲမှာ ရေအနည်းငယ်ရှိ ရဲ့။ ရေအိုင်ငယ်ကလေးအနီးမှာ လမ်းဘေးမြက်ရိုင်းပင်တချို့။ ရေ အိုင်ငယ်ကလေးထက် ရေမျက်နှာ ပြင်မှာ လမ်းပေါ်ကခဲလုံး သေးသေး လေးတွေကျလာရင် ဂယက်ဝိုင်းက လေးတွေ ပေါ်လာတတ်တယ်။ လမ်း ပေါ်ကို ယာဉ်တွေဖြတ်သွားတဲ့အခါ ကတ္တရာစေးကွာနေတဲ့နေရာက ခဲ လုံးကလေးတွေ လွင့်စင်လာတတ် တယ်။ သာမန်အားဖြင့် ရေအိုင် ငယ်ကလေးကို လူတွေသတိပြုမိ မယ်မထင်ဘူး။ ရေအိုင်ငယ်ကလေး က လမ်းဘေးမြက်ရိုင်းပင်တွေနဲ့ ချုံ ပုတ်တွေကြားထဲမှာ ရောက်နေတာ လေ။ ဆာလောင်မွတ်သိပ်နေတဲ့ လမ်းဘေးခွေးတစ်ကောင်ဟာ ဒီရေ အိုင်ငယ်ကလေးထဲကရေကို တပျပ် ပျပ်နဲ့ လာသောက်တယ်။

ရေအိုင် ငယ်ထဲမှာ ရေကနည်းနည်းပဲ ရှိပေ မယ့် ခွေးတစ်ကောင်အတွက်တော့ ဖြင့် လုံလောက်တယ်လို့ ပြောနိုင်ပါ တယ်။ အိုင်ငယ်ကလေးတစ်ခု။ လမ်း ဘေးမှာ။ ရေအိုင်ငယ်ကလေး ဟာ မြေသားချိုင့်နေရာထက် မိုး တစ်ကြိမ်နှစ်ကြိမ် ရွာချလိုက်တော့ ရေဝပ်ပြီး ဖြစ်ပေါ်လာတာ။ ရေအိုင် ငယ်ကလေးထဲမှာ ရေအနည်းငယ်ရှိ ရဲ့။ ရေအိုင်ငယ်ကလေးအနီးမှာ လမ်းဘေးမြက်ရိုင်းပင်တချို့။ ရေ အိုင်ငယ်ကလေးထက် ရေမျက်နှာ ပြင်မှာ လမ်းပေါ်ကခဲလုံး သေးသေး လေးတွေကျလာရင် ဂယက်ဝိုင်းက လေးတွေ ပေါ်လာတတ်တယ်။ လမ်း ပေါ်ကို ယာဉ်တွေဖြတ်သွားတဲ့အခါ ကတ္တရာစေးကွာနေတဲ့နေရာက ခဲ လုံးကလေးတွေ လွင့်စင်လာတတ် တယ်။ သာမန်အားဖြင့် ရေအိုင် ငယ်ကလေးကို လူတွေသတိပြုမိ မယ်မထင်ဘူး။

ရေအိုင်ငယ်ကလေး က လမ်းဘေးမြက်ရိုင်းပင်တွေနဲ့ ချုံ ပုတ်တွေကြားထဲမှာ ရောက်နေတာ လေ။ ဆာလောင်မွတ်သိပ်နေတဲ့ လမ်းဘေးခွေးတစ်ကောင်ဟာ ဒီရေ အိုင်ငယ်ကလေးထဲကရေကို တပျပ် ပျပ်နဲ့ လာသောက်တယ်။ ရေအိုင် ငယ်ထဲမှာ ရေကနည်းနည်းပဲ ရှိပေ မယ့် ခွေးတစ်ကောင်အတွက်တော့ ဖြင့် လုံလောက်တယ်လို့ ပြောနိုင်ပါ တယ်။  မိုးမရွာတာ သီတင်းနှစ်ပတ် ကျော်ပြီ။ နေရောင်ပြင်းပြင်းက လမ်း မပေါ်မှာ။ ချုံပုတ်ဟာ ငြိမ်သက်လို့။ မြက်ရိုင်းပင်တွေဟာ နွမ်းဖျော့လို့။ ရေအိုင်ငယ်ကလေးထဲကရေဟာ သီ တင်းနှစ်ပတ်ကျော်လာတော့ တဖြည်းဖြည်းနဲ့ လျော့နည်းခန်း ခြောက်လာတယ်။ နေ့လယ်ခင်းဆို နေရောင်တဝင်းဝင်းက ပူပြင်းလို့။ ဆွေးနေတဲ့ သစ်ရွက်တစ်ရွက်က ရေ အိုင်ငယ်ကလေးထဲမှာ လဲလျောင်း လို့။ ရေအိုင်ငယ်ကလေးဘေးက လမ်းမပေါ်မှာ ယာဉ်တွေ နေ့နေ့ည ည ဖြတ်မောင်းကြ။ တစ်ရက်ပြီးတစ် ရက် ပူပြင်းတဲ့နေရောင်ဟာ လမ်းမ ထက်မှာ။ ရေအိုင်ငယ်ဟာခန်းပေါ့။ ရေအိုင်ငယ်ဟာ ခုတော့စိုစွတ်တဲ့ မြေသားနေရာငယ်တစ်ခုသာမျှ။ နွေ ရက်တွေပါပဲ။ ပူတယ်လေ။ လေပွေ ဟာ လမ်းမထက်ကို ဖြတ်သန်းသွား ပေါ့။ လမ်းဘေးချုံပုတ်နားမှာ လမ်း ဘေးမြက်ရိုင်းတွေထဲမှာ စိုစွတ်မြေ သားနေရာငယ်တစ်ခု။ ဆာလောင် နေတဲ့ လမ်းဘေးခွေးတစ်ကောင် ရောက်လာပြန်ချေပေါ့။ သူဟာ စို စွတ်တဲ့မြေသားနေရာငယ်မှာ ရပ်နေ တယ်။ ပြီးတော့ စိုစွတ်တဲ့မြေသား ငယ်နေရာထက်မှာ ဝပ်ပြီးလဲလျောင်း လိုက်တယ်။ ချုံနံပုတ်က သူ့နဘေးမှာ ခွေးဟာ မြေသားစိုစွတ်အေးမြမြ ထက်မှာ လဲလျောင်းလို့။ နွေနေက ခြစ်ခြစ်တောက်ပူလို့။

နေမျိုး


LEAVE A REPLY

Please enter your comment!
Please enter your name here