သက်ငယ်မုဒိမ်းမှု ကျုးလွန်သူတွေကို ပြင်းထန်တဲ့ ဥပဒေနဲ့တားမြစ်ရမှာ ဖြစ်သလို နေ့ကလေးထိန်းကျောင်းတွေဖွင့်လှစ်ပြီး ကလေးတွေကို စောင့်ရှောက်သင့်တယ်လို့ ဒါရိုက်တာ ကြည်ဖြူသျှင် အကြံပြု

0
302

အခုလက်ရှိမှာတော့ ကလေးငယ်များ Rape လုပ်ခံရခြင်းတွေက ပိုမိုများပြားလာတာကို တွေ့ရပါတယ်။ ဒီလိုများပြားလာမှုတွေကြောင့်လည်း မိဘများအနေနဲ့ ကိုယ့်သားသမီးများအား အိမ်အပြင်ထွက်ဆော့ဖို့တောင် စိုးရိမ်နေကြရတဲ့အနေအထားမျိုးတွေဖြစ်လာကြရပါပြီ။ ဒါကြောင့်လည်း ဒီလိုပြစ်မှုမျိုးကို ကျုးလွန်တဲ့သူတွေကို အမြင့်ဆုံး ပြစ်ဒဏ်ပေးဖို့အတွက် ပြည်သူတွေနဲ့အတူ အနုပညာရှင်များကပါ တစ်တပ်တစ်အားပါဝင်လှုံ့ဆော်နေလျက်ရှိပါတယ်။ ဒီအထဲမှာ ဒါရိုက်တာကြည်ဖြူသျှင်ကလည်း တစ်တပ်တစ်အား ပါဝင်လှုံ့ဆော်ပေးလျက်ရှိပါ တယ်။

”အဓိကတော့ အစ်မတို့တိုင်းပြည်မှာ Rape Case တွေများလာတာက တရားဥပဒေစိုးမိုးမှု နည်းလို့ပါပဲ။ နိုင်ငံခြားမှာကျတော့ တရားဥပဒေစိုးမိုးမှု တအားကောင်းတာကိုး။ တအား ကောင်းတဲ့အခါကျတော့ တကယ်ဖြစ် တကယ်ဖမ်းမိတဲ့အခါမှာ လူတွေကကြောက်ကြတယ်။ ဒီမှာကျတော့ တကယ်ဖြစ်ရင် မိသလိုလိုမမိသလိုလိုဆိုတော့ လူတွေကအကြောက်အလန့် နည်းလာတယ်။ ပြီးတော့နောက်တစ်ခုက ဘာဖြစ်လာလဲဆိုတော့ ဖုန်းတွေနဲ့ ဗီဒီယိုတွေ ကြည့်ရှုလာကြတာ တအားလွယ်ကူလာတယ်။ အစ်မညီမပြောသလိုပါပဲ။ အရင်ခေတ်ကအခွေ ကြည်ဖို့က စက်မှာထိုးကြည့်ရတာတဲ့။ အခုကျတော့ ကိုယ့်ဘာသာကိုယ်ဖုန်းတစ်လုံးနဲ့ထိုင် ကြည့်နေလို့ရတာဆိုတော့ စိတ်ဖောက်ပြန်မှုရယ်၊ အလွယ်တကူအနားမှာရှိနေတဲ့ ကလေးတွေ အပေါ်မှာ ဒီလိုမျိုး Rape Case တွေများလာတယ်ပေါ့။ နောက်တစ်ခုကျတော့ မိဘတွေ က တအားဆင်းရဲတာကြောင့်လည်းပါတယ်။ ဆင်းရဲတဲ့အခါမှာ ကလေးကို မူကြိုပို့တဲ့အချိန်မှာ မူကြိုပို့ရမယ်။ ကျောင်းနေတဲ့အရွယ်မှာ ကျောင်းနေရမယ်ပေါ့။ အဲဒီလိုမျိုးမပို့နိုင်တဲ့အခါမှာ အခုလိုမျိုးတွေဖြစ်တာပိုများသွားတယ်။ နိုင်ငံတကာမှာကျတော့ ကလေးကိုဘယ်နှစ်လသား ကစပြီးဆိုပြီးတော့ ပို့လို့ရတယ်။ မိဘတွေက အလုပ်သွားပြီဆိုရင် ကလေးကို အပ်ခဲ့တဲ့နေရာ တွေရှိတယ်။ အဲဒီတော့ ကလေးတွေအတွက်က လုံခြုံမှုစောင့်ရှောက်မှု တအားကောင်းတယ်။ မြန်မာပြည်မှာကျတော့ဒါမျိုးမရှိဘူး။ ပြောမယ်ဆိုရင် တိုင်းပြည်ကဆင်းရဲတယ်။ မိဘတွေကလည်း ဆင်းရဲတယ်။ မိခင်နဲ့ကလေးတို့ အမျိုးသမီးရေးရာတို့ရှိပါတယ်။ မိခင်နဲ့ကလေးတို့ အမျိုးသမီး ရေးရာတို့ကနေပြီးတော့ လူမှုဝန်ထမ်းအောက်က မူကြိုမျိုးဆိုရင်လည်း စရိတ်စက တအား နည်းတယ်လေ။ အဲဒီတော့ ပိုနည်းတဲ့ စရိတ်စကနဲ့ ကလေးတွေကိုငယ်ငယ်လေးက တည်း စောင့်ရှောက်ပေးတာမျိုးပေါ့။ လူကြီးတွေ အလုပ်သွားပြီဆိုရင် ကလေးတွေကို အပ်သွားကြပေါ့။ ဒါမျိုးတွေတော့လုပ်လို့ရမယ်။ တရားဥပဒေစိုးမိုးရေးဆိုတာက ဘယ်လောက်အထိ စိုးမိုးနိုင်တယ်ဆိုတာကလည်းမသိဘူးပေါ့။ တစ်ဖက်ကလည်း တရားဥပဒေစိုးမိုးရေးနဲ့ စောင့်ရှောက်သလို တစ်ဖက်ကလည်း ကလေးတွေကို စောင့်ရှောက်ဖို့အတွက်ပေါ့။ ရပ်ကွက်တွေ ကျေးရွာတွေမှာ လူမှုဝန်ထမ်းကနေ ပြီးတော့မှ နေ့ကလေးထိန်းကျောင်းလေးတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဖွင့် သင့်တယ်။ ဖွင့်တဲ့အခါမှာလည်း ဆရာဆရာမတွေဆိုရင်လည်း ရပ်ရွာမှာရှိတဲ့ ကလေးတွေကို တကယ်စောင့်ရှောက်နိုင်မယ့်သူမျိုးတွေကို သင်တန်းတွေ ပေးပြီးတော့ သင့်တင့်တဲ့ လခလေးနဲ့ ကလေးတွေကို စောင့်ရှောက်ပေး မယ်ဆိုရင် ဘာပဲပြောပြော ကလေးတွေကို မိဘတွေမစောင့်ရှောက် နိုင်ရင်တောင် နေ့ကလေးထိန်းတွေက စောင့်ရှောက်ပေးခြင်းအားဖြင့် တော့ ကာကွယ်ပေးနိုင်မယ်လို့ထင်ပါတယ်။ ဥပဒေအရလည်း ပြင်း ထန်တဲ့ဥပဒေနဲ့ တားမြစ်ပါ။ ဒါပေမဲ့ ပြင်းထန်တဲ့ဥပဒေနဲ့ တား မြစ်တိုင်းလည်းကိစ္စကပြီးသွားမှာမဟုတ်ဘူး။

တစ်ဖက်မှာလည်း တရားဥပဒေစိုးမိုးရေးကို ဒီထက်ပိုပြီး ဂရုစိုက် သင့်တယ်။ ပြီးတော့ နေ့ကလေးထိန်းကျောင်းတွေကို ပိုပြီးတော့များများစားစားဖွင့်ပေးသင့်တယ်။ သက်သာတဲ့ဈေးနှုန်းနဲ့ပေါ့။ ဒါမှသာ ကလေးတွေကို စောင့်ရှောက်တဲ့နေရာရှိလာမှ ကလေးတွေအတွက် လုံခြုံမှုရှိလာမယ်လို့ ထင်ပါတယ်” လို့ ဒါရိုက်တာကြည်ဖြူသျှင်က အကြံပြု စကားဆိုပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here