လက်တွေ့ဆန်ဆန် သီချင်းတွေနဲ့ ထွက်ရှိလာမယ့် ရဲ့ ဒုတိယတစ်ကိုယ်တော် အခွေ

0
201

မတ်လ ၁၇ရက်နေ့၊ လှည်းတန်းစင်တာOutdoor Area မှာ အဆိုတော် ရွယ်ရွယ်ရဲ့ ‘ချစ်လိုက် ပြတ်လိုက်’ တစ်ကိုယ်တော်ခွေ ထွက်ရှိခြင်း အမှတ်တရလက်မှတ် ရေးထိုးခြင်းပွဲလေး ပြုလုပ်မယ်လို့သိရပါတယ်။ ၂ဝ၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ ‘အလွမ်းနဲ့ တမ်းချင်း’ တစ်ကိုယ်တော်ခွေနဲ့ ရွယ်ရွယ် ဆိုပြီး ပရိသတ်တွေ သိရှိလာခဲ့တဲ့ ရွယ်ရွယ်က ၃ နှစ်အကြာကျမှ ထွက်ရှိတော့ မယ့် သူမရဲ့ ဒုတိယတစ်ကိုယ်တော်ခွေထဲက သီချင်းတွေအပေါ်ကိုလည်း….

“ကိုယ့်ခံစားချက်ရော၊ သူငယ်ချင်းတွေရဲ့ခံစားချက်တွေရော လိုက်ပြီးတော့ သီချင်းရေးဖြစ်သွားတာပါ။ ရွယ်က တော်ရုံတန်ရုံရေး လို့ရှိရင် လက်တွေ့ဆန်ပါတယ်။ ဒီအခွေလေးထဲမှာဆိုလို့ရှိရင် အိမ်ရှင်မဆိုတဲ့ သီချင်းလေးဆိုရင်လည်းပဲ သူငယ်ချင်း လင်မယားအကြောင်းလေးကို ရေးထားတယ်။ ပြီးတော့ ပထမအပုဒ်အနေနဲ့ ‘ဒဲ့ကြွေတယ်’ဆိုတဲ့ သီချင်းလေးဆိုလို့ ရှိရင်လည်းပဲ အမြူးလေးပေါ့နော်။

ကောင်လေးတစ်ယောက် ကို Crush ပုံစံအနေနဲ့ ရေးထားတာ။ ရွယ်ရေးတဲ့ သီချင်းတွေက လက်တွေ့ဆန်တဲ့အတွက် အဆွေးဆိုရင် လည်း အဆွေး၊ အမြူးဆိုရင်လည်း အမြူး၊ ရင်ထဲကို ရောက်မယ်လို့ထင်ပါတယ်” လို့ ရွယ်ရွယ်က ပြောပါ တယ်။ နာမည်ကြီးအဆိုတော်တွေ အခွေထွက်ကြမ်းနေ တဲ့ ဒီကာလမျိုးမှာ ရွယ်ရွယ်က သူမရဲ့ အခွေကို ဖီးချား ရင်း အားကိုမယူဘဲ ရဲရဲဝံ့ဝံ့ထွက်လာနိုင်တာ နည်းတဲ့သတ္တိ တော့ မဟုတ်ပါဘူး။ ဖီးချားရင်းအားကို ဘာကြောင့်ယူမထားတာ လဲလို့မေးတော့….

“ဒီအခွေလေးထဲမှာ ဖီးချားရင်းက လူခေတ် တစ်ယောက်ပဲ ပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအခွေလေး ထွက် ဖြစ်တာ ပရိသတ်တွေကို ရွယ့်သီချင်းအသစ်တွေလည်း ချပြချင်တယ်။ တခြားသူတွေကလည်း မအားတာဖြစ်တဲ့အတွက် ခေါ်ပြီး မဆိုဖြစ်တာပါ” လို့ ရွယ်ရွယ်က ပြောပြခဲ့ပါတယ်။

ရွယ်ရွယ်က သဲကုန်းသူဆိုတော့ အခွေထွက်ပြီး ရင် အဲဒီ့ဘက်ကို သွားဖြစ်ဦးမလားလို့မေးတော့ “အစီအစဉ် ရှိပါတယ်။ ရန်ကုန်ပရိုမိုးရှင်းပြီးရင် နေပြည်တော်နဲ့ ရွယ်ရွယ် တို့ သဲကုန်းဘက်ကိုလည်း သွားဖို့ရှိပါတယ်”လို့ ရွယ်ရွယ်က ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here