Nကိုင်ရာ ရဲ့ဂီတလှုပ်ရှားမှုအသစ်

0
402

ကချင်တိုင်းရင်းသူတစ်ယောက်ဖြစ်တဲ့ Nကိုင်ရာရဲ့ ဂီတလှုပ်ရှားမှုအသစ် တွေကတော့ မကြာမီ ပရိသတ်တွေလည်း ထပ်မံမြင်တွေ့ ကြရဦးမှာပါ။ ကလေး နှစ်ယောက်ရဲ့ မိခင်ဖြစ်သွားတဲ့အတွက် ဂီတလှုပ်ရှားမှုတွေ သိပ်အများကြီးမတွေ့ရတဲ့ Nကိုင်ရာရဲ့ လှုပ်ရှားမှုတွေက –

”ညီမတို့ ကချင်အမျိုးသမီးတွေချည်းပဲ ညီမတို့၊ မရေဗက္ကာတို့၊ မLဆိုင်းဇီ တို့၊ အမွန်းနဲ့ Blueberry တို့စုပြီး ညီအစ်မကိုးယောက်ပေါင်းပြီး ကချင် တေးစီရီးလေးထွက်ဖို့ရှိပါတယ်။ အဲဒါကလည်း ဆိုလည်းဆို၊ တီးလည်းတီး၊ ရိုက်ကူးရေးလည်းပြီးပါပြီ။ မတ်လလောက် ထွက်ဖြစ်နိုင်ဖို့ရှိပါတယ်။ တစ်ဖက် မှာ ညီမ ကလေးတွေနဲ့အလုပ်တွေများ နေရတယ်။ သားသားက နှစ်နှစ်နဲ့ ဆယ်လ၊ သမီးလေးက ကိုးလပါ။ ညီမရဲ့ တစ်နေ့တာအချိန်တွေမှာ မိုးလင်းက မိုးချုပ်အထိ သူတို့အတွက်ပဲ အချိန်ပေးနေရပါတယ်။ အကြီး လေးဆိုရင်လည်း အခုဆိုရင်တအားဆော့တဲ့ အရွယ် ရောက်နေတော့ သူတို့ တစ်ခုခုထိခိုက်မှာကို ဂရုစိုက်နေ ရတယ်။ အခုတော့ Nကိုင်ရာက အိမ်ထောင့်တာဝန်၊ မိခင်တာဝန်ကို အပြည့်အဝထမ်းဆောင်နေတယ် ပေါ့နော်” လို့ Nကိုင်ရာ ကပြောပြပါတယ်။

အရင်က အဆိုတော် Nကိုင်ရာနဲ့ အခုချိန် အိမ်ထောင်ရှင်မတစ်ယောက်အနေနဲ့ ရပ် တည်မှုမှာတော့ ပြောင်းလဲမှုများစွာရှိခဲ့ တယ်ဆိုတဲ့ Nကိုင်ရာရဲ့ သားသမီး အတွက် ရပ်တည်မှုက-

”ကိုယ်အပျိုတုန်းက ဘဝနဲ့ အခု မိခင်ဘဝနဲ့ ကတော့ တခြားစီပါပဲ။ အစစအရာရာ အား လုံးကတော့ ပြောင်း လဲသွားပါတယ်။ အရင် တုန်းကတော့ ကိုယ့်ဘာသာ နေချင်သလိုနေပါတယ်။ အခုတော့ မိခင်တစ်ယောက်အနေနဲ့ သားသမီး တွေအတွက် ဘယ်အချိန်ပဲဖြစ်ဖြစ် လက်မထောင်နိုင်အောင် ကြိုးစား နေပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ပြုပြင်ပြီးတော့နေထိုင်ပါတယ်” လို့ ပြောပြပါတယ်။ Nကိုင်ရာက အပြင် ရှိုးပွဲတွေကို မဆိုနိုင်သေးပေမယ့် ဘုရား ကျောင်းပွဲတွေမှာတော့ သီဆိုပေးဖြစ်နေတဲ့ အပြင် မကြာမီမှာလည်း သူမရဲ့ တစ်ကိုယ် တော်အခွေအသစ်ထွက်ဖြစ်နိုင်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here