ကမ္ဘာကျော် Dua Lipa ကို အရူးအမူး ကြိုက်လို့ သူ့ဖက်ရှင် အတိုင်း လိုက်ဝတ်ခဲ့တာပါ ဖွေးဖွေး

0
276

သရုပ်ဆောင်ဖွေးဖွေးက မတ်လ ၁ရက်နေ့ Junction Square မှာ ကျင်းပပြုလုပ်ခဲ့တဲ့ POND´S ပွဲမှာ ဝတ်ဆင်လာခဲ့တဲ့ ဝတ်စုံလေးကိုတော့ ကမ္ဘာကျော် Dua Lipa ဝတ်ဆင်ခဲ့တဲ့ ဖက်ရှင်ဒီဇိုင်းပုံစံနဲ့ တစ်ပုံစံတည်းဆိုပြီး ပရိသတ်ဝေဖန်သံ တွေလည်း ထွက်ပေါ်လာပါတယ်။အခုလို ပရိသတ်ဝေဖန်သံ ထွက်ပေါ် လာတာနဲ့ ပတ်သက်ပြီး ဖွေးဖွေးက…

”ဝတ်စုံလေးက ဒီဇိုင်နာ ဖြိုးကိုပါ၊ ကိုဖြိုးကိုကို ဖွေးက တိမ်ပန်းရောင်နုထဲမှာ ရှိနေတဲ့ ပုံစံမျိုးလုပ်ခိုင်းထားတာပါ၊ ဖွေးက Dua Lipa ကို တအားအရူးအမိုက် ကြိုက်လွန်းလို့ သူဝတ်တဲ့ ပုံလေးကို အမြတ်တနိုး လိုက်ဝတ်ချင်လို့ကို ဝတ်ထားတာပါ၊ သူက ကမ္ဘာကျော်ဆိုတော့ မြန်မာမှာပဲ ကျော်တဲ့ ဖွေးက သူ့ပရိသတ်မို့ပါ၊ ဂျီကျလွန်းလို့ ဆင်တူမှန်း သိလျက်နဲ့ သေချာလုပ် ပေးတဲ့ ဒီဇိုင်နာ ကိုဖြိုးကိုကို လည်းကျေးဇူးတင်ပါတယ်” လို့ပြောပါတယ်။ ရုပ်ရှင်ဇာတ်ကား ကြီးတွေ အများကြီး ရိုက် ကူးလေ့မရှိတဲ့ဖွေးဖွေးက သူပါဝင်သရုပ် ဆောင်ထားတဲ့ ‘ရွှေကြာ’ ရုပ်ရှင်ဇာတ် ကားကြီး က လည်း မကြာခင်ရုံ တင်ပြသတော့ မှာ ဖြစ်ပါ တယ်။ဒီဇာတ်ကားနဲ့ ရင်ခုန် နေကြောင်းကိုလည်း ဖွေးဖွေး က… ”ဖွေးကလည်း ရုပ်ရှင်တွေ အများကြီး ရိုက်ကူးလေ့မရှိဘူး။ အချိန် ကြာမှ ပရိသတ်ပါ ဖွေးရော ခံစား လို့ရမယ့် ဇာတ်ကားမျိုးပဲ ဖွေးရွေး ချယ်ပြီး ရိုက်ကူးပါတယ်။ ဖွေးဇာတ်ကားတွေလည်း ရုံမတင်တာကြာ ပြီလေ။ အခုဖွေးဇာတ်ကား ရုံပြန်တင်မှာဆိုတော့ တကယ်ရင်ခုန်ပါ တယ်။ ဖွေးကတော့ အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ ဖွေးလူ ရော၊ စိတ်ပါအကုန်နှစ်ပြီးတော့ အကောင်းဆုံး ကြိုးစားခဲ့ပါ တယ်။ ရလဒ်ကို ဆုံးဖြတ်ပေးရမှာက ဖွေးရဲ့ပရိသတ် တွေပါ” လို့ ပြောပါတယ်။

ဖွေးဖွေးက မကြာခင်ကလည်း ဆွာမြို့မှာရှိတဲ့ YGW ဘိုးဘွားရိပ် သာကျောင်းမှာသူငယ်ချင်းတစ် ယောက်နဲ့အတူ အလှူသွားရောက်လှူဒါန်း ခဲ့ပါတယ်။ အခုလို သွားရောက်လှူဒါန်းဖြစ်ပုံ ကိုလည်း ဖွေးဖွေးက…”ဖွေးသူငယ်ချင်းတစ် ယောက် ကပြောတယ်။ လူသိပ်မသိသေးတဲ့ နေရာ လေးတွေမှာ လူသိအောင်လို့ လုပ် ပေးရင်းနဲ့ ကုသိုလ်ယူကြ မလားပေါ့။ လူမသိ တဲ့ နေရာ လေး တွေကို ဖွေးတို့သွားရောက် လှူဒါန်းဖြစ် ခဲ့တာပါ။ ဖွေးတို့တကယ် သွားတာက အဘိုး၊ အဘွား တွေကိုလှူဖို့ ဆိုပြီးသွားတာပါ။ ဟို ရောက်မှမိဘမဲ့ ကျောင်းလည်းရှိတယ် ဆို ပြီး သိရမှ ထပ်လှူဖြစ်သွားတာပါ” လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here