အက်ရှင် နဲ့ ရာဇဝင် ဇာတ်ကားတွေကို ရိုက်ကူးဖို့ စိတ်ဝင် စားနေတဲ့မိုးစက်ဝိုင်

0
151

ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကားမှာ ပရိသတ်အားပေးမှု ရရှိလာတဲ့ မိုးစက်ဝိုင်က လောလောဆယ်မှာ နောက်ထပ်ရိုက်ကူးဖို့ အ တွက် လက်ခံထားတဲ့ ဇာတ်ကားမျိုး မရှိသေးပေမယ့် သူနဲ့ လိုက်ဖက်တဲ့ ကာရိုက်တာမျိုးရှိရင်တော့ ပါဝင်သရုပ်ဆောင်ဖြစ်မှာပါလို့ ဆိုပါတယ်။ သူ့ အနေနဲ့ကတော့ အက်ရှင်နဲ့ ရာဇဝင်ဇာတ်ကားတွေကို ရိုက်ကူးဖို့ စိတ်ဝင်စားတယ်လို့ မိုးစက်ဝိုင်က ပြောပါတယ်။ မြန်မာနိုင်ငံမှာလည်း ရာဇဝင်ဇာတ်ကားတွေကို ရိုက်ကူးစေချင်တယ်လို့ဆိုတဲ့ မိုးစက်ဝိုင်က … ”မိုးစက်မှ မဟုတ်ပါဘူး။ ဘယ်သူပဲ ရိုက်ရိုက်ပါ။ မြန်မာပြည် ကိုလည်း ရာဇဝင်ဇာတ်ကားမျိုး ပြန်ပြီးရိုက်ကူးစေချင်ပါတယ်။ ရာဇဝင်ဇာတ်ကားတွေကို ကြည့်ရှုချင်တယ်။ ကိုရီးယားဇာတ် ကားတို့ တရုတ်ဇာတ်ကားတို့ဆိုရင် တော်တော်ကြည့်ရှုဖြစ်တယ်။ အင်္ဂလိပ် ဇာတ်ကားလည်း ကြည့်ရှုဖြစ်ပါတယ်။ ရှေးခေတ်ပုံစံမျိုးတွေ ပြန်လည်ရိုက်ကူးထားကြတယ်။ မိုးစက်က အဲဒီလို ရှေးခေတ် ပုံစံမျိုးတွေဆို တအားကြိုက်တယ်။ အဲဒီကနေ အများကြီး သင်ယူမှု တွေ ရှိတယ်လို့ထင်တယ်။ ဒီခေတ် ရိုမန့်တွေလိုမဟုတ်ဘူး။ ရှေး ခေတ်အကြောင်း ရိုက်ကူးတိုင်း ပညာတစ်ခုခုပေါ့။ အဲဒီခေတ်က စစ်တိုက်တာများတယ်။ စစ်တိုက်တာအပြင် ဘယ်လိုတွေ ညှိယူကြ တယ်။ ဒါမျိုးတွေ အများစုပါတော့ မိုးစက်သဘောကျတယ်။ ကိုရီး ယားတို့ တရုတ်တို့ဆိုလည်း ဒါမျိုးတွေပါတယ်။ နန်းတော်ထဲက ပြဿနာတို့ အဲဒီလို ရှေးခေတ်ဇာတ်ကားတွေဆို သဘောကျ တယ်။ ဘာပဲပြောပြော သူတို့ ရဲ့ သမိုင်းကို တစ်စိတ်တစ်ပိုင်း တော့ ဟုတ်သည်ရှိ မဟုတ်သည်ရှိ လေ့လာမိသွားတယ်။ အဲဒါ ကြောင့် မြန်မာရာဇ ဝင်ဇာတ်ကားကိုလည်း ကြည့်ရှုချင်တယ်။ ကိုယ် ကိုယ်တိုင်ဆိုလည်း ရာဇဝင်ဆိုရင် စာအုပ်ထဲကနေ ဖတ်ရှုပြီး သိရှိရတာပေါ့။ တကယ်ကို ပုံနဲ့ဖော်ပြီးတော့ သရုပ် ဆောင်ပြီးမှ emotion ပေးတဲ့ အပိုင်းမရှိသေးဘူး။အဲဒီလိုမျိုးကြည့် ရှုချင်တာပါ”လို့ ပြောပါတယ်။

မိုးစက်ဝိုင်ရဲ့ Moezy အလှကုန်မှ mask များ ကို ထုတ်လုပ်ဖြန့်ချိလျက်ရှိပြီး သင်္ကြန်မတိုင်ခင်မှာလည်း နောက် ထပ်ပစ္စည်းသစ်များ ထုတ်လုပ်သွားဖို့ ရှိကြောင်းလည်း သိရ ပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here