အိမ်ထောင်ရေး ပြန်လည်အဆင်ပြေသွားပြီဆိုတာ မဟုတ်ပါဘူး ချမ်းချမ်း

0
230

အခုလတ်တလောမှာတော့ အဆိုတော်ချမ်းချမ်းနဲ့ သရုပ်ဆောင်ဘုဏ်းသိုက်တို့ ပြန်လည်ပေါင်းသင်းနေပြီဆိုတဲ့သတင်းတွေထွက်ရှိနေတာကိုလည်း တွေ့ရပါတယ်။ အဆိုပါသတင်းတွေနဲ့ပတ်သက်ပြီး အဆိုတော်ချမ်းချမ်းကို မေးမြန်း ရာမှာတော့ …

“အခုလတ်တလော အစ်မတို့ပြန်ပေါင်းထုပ်ကြပြီဆိုပြီး သတင်းတွေထွက်နေတယ်။ အဲဒါ မဟုတ်ပါဘူး။ တချို့မီဒီယာတွေက သူ့တို့သတင်းနာမည်ကြီးချင်လို့မဟုတ်တဲ့သတင်းကို တင်ကြတယ်။ အခုလောလောဆယ်မှာ အိမ်ထောင်ရေးအခြေအနေက ညှိနှိုင်းတုန်းပါပဲ။ ပရိသတ်တွေကိုပြောဖို့အတွက် တိကျတဲ့အဖြေကို သေချာမှာ ပဲ ပြောချင်ပါတယ်။ ပြီးခဲ့တဲ့ valentine’s day တုန်းကလည်း surprise လုပ်ပေးခဲ့တဲ့ အချိန်တုန်းကလည်းပျော်ပါတယ်။ လူတွေပဲ ချစ်တတ်တာပေါ့။

ကိုယ့်ကိုပျော် အောင်လုပ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ အရင်တုန်းက လေူနညအငညနဒျိပေ နေ့တွေမှာလည်း သူနဲ့အလုပ်လုပ်ရင်းနဲ့ကုန်ဆုံးတယ်။ ဒီနှစ်လည်း အလုပ် မှာပဲတွေ့ဖြစ်ကြတာပါ။ အမှန်က အစ်မတို့နှစ်ယောက်စလုံးအတွက်အချိန်လိုတယ်။ အဓိကကလူတိုင်းမှာ ကိုယ့်ဘဝနဲ့ကိုယ်ရှိပါတယ်။ တချို့လူတွေ က ပြန်လည်ပေါင်းစေချင်ကြတယ်။ အကြံပေးတာကိုလည်း ကျေးဇူးတင် တယ်။ အားပေးတာကိုလည်း ကျေးဇူးတင်တယ်။ ဒါပေမဲ့ဒီလို ကိစ္စမျိုးဆိုတာ ကာယကံရှင်တွေကအသိဆုံးပါပဲ။ ရှေ့ဆက်သွား ဖို့ကျတော့ အိမ်ထောင်တစ်ခုမှာ နားလည်းမူတွေ အပြန်အလှန် လေးစားမှုတွေလိုသေးတယ်။ ပြီးတော့ အဓိက သူဘာလို့လဲ ဆိုတာကိုယ်သိမှ အိမ်ထောင်တစ်ခုက ရေရှည်သွားလို့ရ မှာပါ။ ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရားရှိမှ အိမ်ထောင် တစ်ခုက တည်မြဲမှာပါ။ ကိုယ်ရဲ့အဓိကပြဿနာက အချိန် မပေးနိုင်တာဖြစ်သွားတယ်ဆိုရင် အခုခေတ်က ကိုယ့် ကလေးအတွက် အဖေရော အမေရော ငွေရှာနေရတဲ့ ခေတ်ဖြစ်တယ်။ နားလည်မူဆိုတာ အလွန်အရေးကြီးတယ်။ ကိုယ့်ရဲ့ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ဘယ်သူမှ မဖျက်စီးချင်ဘူး။ ဒါပေမဲ့ အချိန်နဲ့ နားလည်မှုဆိုတာ လိုအပ် တဲ့အတွက် အဲဒီဟာတွေ ပြည့်စုံတဲ့တစ်နေ့ကျရင် ပရိသတ်တွေ မျှော်လင့်သလို ဖြစ်လာမှာပါ”လို့ ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here