ပိုးမီ ရဲ့ အမြဲတမ်း အမှတ်ရစေမယ့် သမိုင်းတစ်ခု

0
246

အဆိုတော် ပိုးမီကတော့’ နောက်ထပ်တစ်ယောက်မရှိ’ သီချင်းခွေပရိုမိုးရှင်းပွဲကို မတ်လ ၁ ရက်နေ့က ပြု လုပ်ခဲ့ပါတယ်။ သီချင်းတွေဆိုပြီး မိဘတွေကိုထောက်ပံ့ပေးသွားမယ်ဆိုတဲ့အကြောင်းကိုလည်း ပိုးမီက အခုလို ပြောပြခဲ့ပါတယ်။

“အခု အစ်မအခွေလည်းထွက်ပြီး ပရိုမိုးရှင်းပွဲလည်းလုပ်နိုင်ပြီဆိုတော့ တအား ပျော်မိတယ်။ အလွန်းစိုးရိမ်စိတ်တွေတော့များခဲ့ပါတယ်။ ပြီးတော့ ကိုယ်ကတော့ ပြိုင်ပွဲဝင်ကတည်းက ပထမရချင်လို့ပြိုင်ခဲ့တယ်။ ပြိုင်ပွဲမှာကတည်းက ကြိုးစား ခဲ့တယ်။ ပရိသတ်အားပေးမှုတွေလည်းရခဲ့တယ်။ ဒီအတွက်ကိုယ်ကြိုးစားခဲ့သမျှ အရာထင်ခဲ့တယ်။ အခွေထုတ်ဖို့အများကြီးကြိုးစားခဲ့တယ်။ ဒါပေမဲ့     ပိုးမီ အနေနဲ့ အန်တီမေသော်တို့ရဲ့ပံ့ပိုးမှုအောက်မှာရှိနေတဲ့အတွက် သိပ်ခက်ခဲ တယ်ဆိုတာတော့မရှိပါဘူး။ အခွေတွက် ကုန်ကျစရိတ်ကတော့ ပိုးမီအနေနဲ့ မပြောပါနိုင်လောက်အောင်ပါပဲ။ တကယ်ကိုပဲ ပရိသတ်တွေအတွက်      အကောင်းဆုံးဆိုတာတွေကိုပဲပေးထားတာပါ။ ဒီအခွေလေးက ပြီးပြီး ရောပုံစံနဲ့ ထွက်လာခဲ့တာမဟုတ်ဘူး။ ပိုးမီအတွက် ပြန်ကြည့် လိုက်ရင် တစ်ချိန်လုံးအမှတ်ရနေမယ် ပထမဆုံးသမိုင်းတစ်ခု ပေါ့ နော်။ ကိုယ်ကပြိုင်ပွဲကနေတက်လာခဲ့တယ်။ ပြီးတော့ အဆိုတော် တစ်ယောက်ဖြစ်နေပြီ။ အရင်ကဆို ပိုးမီက သာမန်မိန်းကလေး တစ်ယောက်ပါပဲ။

အခုဆိုရင် ပိုးမီရဲ့ဘဝအချိုးအကွေ့လေးတွေ လည်း ပြောင်းလဲလာခဲ့တယ်။ အခုပြန်စဉ်းစားလိုက်ရင် သာမန်ဝန်ထမ်းမိသားစုက ဖြစ်ပါတယ်။ အခု ပိုးမီပွဲလေးတွေ ဆိုပြီး ပိုက်ဆံတွေလည်းရလာတယ်။ မိသားစုကိုလည်း ပရိသတ် ကပေးတဲ့ပိုက်ဆံတွေနဲ့ထောက်ပံ့နိုင်ပြီ။ အဲဒီအတွက် ပရိသတ် တွေကလည်း အလွန်ကျေးဇူးတင်တယ်။ နောက်ထပ်လည်းပိုးမီ သီချင်းတွေလည်းထပ်လုပ်ဖို့ရှိတယ်။ အများကြီးကြိုးစားရဦး မှာပါ။ အမေ့ကိုလည်း ကိုယ်ပိုင်အိမ်ဝယ်ပေးဖို့ကြိုးစားရဦးမယ်။ အခုထိပိုးမီတို့က တိုက်ခန်းသေးသေးလေးမှာ ငှားနေရတယ်။ပိုးမီကြိုးစားသမျှက မိသားစုအတွက်ပါ” လို့ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here