သူနဲ့တွဲရိုက်တဲ့ မင်းသားတိုင်း ဝေဖန်မှုတွေရှိတယ်ဆိုသူ မိတ်ကပ်ခင်စန်းဝင်း

0
255

မိတ်ကပ်ခင်စန်းဝင်းက ဒုတိယမြောက် ဇာတ်ကားဖြစ်တဲ့ ”တစ်နေ့မှ မောင့်ကို ဒီကြောင်းတွေ ပြောပြရဦးမယ်” ဇာတ်ကားကို သားညီ၊ အေးချမ်းမောင်၊ စင်ဒီမြတ်တို့နဲ့ ရိုက်ကူးထားပါတယ်။ အဆိုပါ ဇာတ်ကားအတွက် ကြိုးစားမှုအပိုင်းကိုတော့ …

”အစ်မအရင်က ”မကြီးစန်းနဲ့ သူ၏ချစ်သူများ” ဇာတ်ကားရိုက်ကူးထားပါတယ်။ အဲဒီကားလေးက မထင်မှတ်ဘဲ ဗီဒီယိုဈေးကွက်မှာ အရောင်းရဆုံးစံချိန်တင်သွားတယ်လို့ ပြောပါတယ်။ ဒါကြောင့် ဒါရိုက်တာ ဦးနိုင်မျိုးထွန်းက နောက်တစ်ကားရိုက်ပါလားဆိုပြီး အစ်မကြီးဆီကမ်းလှမ်းလာ တယ်။ အစ်မကြီးက မရိုက်ချင်ဘူး မရိုက်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ ဘဝမှာ တစ်ခါလောက်ရိုက်ပြီးရင် တော်ပြီပေါ့ လေ။ မရိုက်တော့ဘူးလို့ ငြင်းတယ်။ ဒါပေမဲ့ ဦးနိုင်မျိုးထွန်းက ကိုယ့်ရဲ့စိတ်ဆန္ဒ မဟုတ်ဘဲနဲ့ အားပေးတဲ့ ပရိသတ်မျက်နှာ ထောက်ပြီးတော့ ရိုက်ပေးပါဆိုပြီး ပြောလာတယ်။ အစ်မကြီးက အားပေးတဲ့သူတွေရှိရင်တော့ ရိုက်မယ်လေဆိုပြီး ”တစ်နေ့မှ မောင့်ကို ဒီအကြောင်းတွေ ပြောပြရဦးမယ်”ဆိုတဲ့ကားလေးကို ရိုက်ဖြစ်သွားတာပါ။ တကယ်တမ်း ပြောရင် အနုပညာရှင် တစ်ယောက်က ကိုယ်ဘာပဲလုပ်လုပ် ပရိသတ်အားပေးမှုမရှိရင် ရပ်တည်လို့မရဘူးလေ။ အစ်မကြီးအနေနဲ့ ထိုင်နေ ရင် အကောင်း၊ ထသွားတော့မှ အကျိုးမှန်းသိတယ် အဲဒီလိုဖြစ်မှာလည်း စိုးရိမ်တယ်။ ဒီဇာတ်ကားက အစကတော့ ရိုးရိုးလေးပဲ။ အစ်မကြီးကတော့ ဇာတ်ရိုးရိုးလေးဖြစ်နေလို့ ကိုယ်ပြင်ချင်တာလေးတွေ ပြင်ထားတယ်။အပြင် လောကမှာဖြစ်နေတဲ့ သဘာဝလေးတွေကို ထည့်ပြင်ထားတယ်။ဇာတ်ကတော့ ကိုယ်ဇာတ်မဟုတ်ဘဲ မင်းသား ဇာတ်ဖြစ်သွားတယ်။ မကြီးကလည်း ဒီဇာတ်ကားမှာ ကိုယ့်ကိုယ်ကိုယ် အားမရသေးဘူး” လို့ ပြောပါတယ်။

ခင်စန်းဝင်းက နောက်ထပ်ရိုက်မယ့် ဇာတ်ကားတွေနဲ့ပရိသတ်ကြည့်ရှုလို့ အဆင်ပြေမယ့်ဇာတ်ကား တွေအကြောင်းကိုလည်း အခုလိုပြောပြပါတယ်။ ”မကြီး နောက်ထပ်ရိုက်မယ့်ဇာတ်ကားက ဆရာ ဦးမြတ်ခိုင် ရိုက်မယ့် ”အမြ” ဇာတ်ကားလေးပါ။ အဲဒီကားလေးက မကြီးကိုယ်တိုင်လည်း ရိုက်ချင်တဲ့ဇာတ်လေးပါ။ အဲဒီကားကို မကြီးရဲ့ ဒုတိယဇာတ်ကားအခြေအနေ ကြည့်ပြီးတော့ ရိုက်ကူးသွားမှာပါ။ မကြီးတို့နဲ့ တွဲရိုက် တဲ့မင်းသားတွေကတော့ ဝေဖန်မှုတွေ ရှိခဲ့တယ်။ မကြီးပြောချင်တာက အနုပညာကို အနုပညာလို့ ကြည့်ပေး စေချင်တယ်။ ရှေ့ဆက်ပြီးတော့လည်း ဇာတ်ကားရိုက်ကူးဖို့ လာကမ်းလှမ်းတာတွေရှိတယ်။ ဒါပေမဲ့ အစ်မက ပရိသတ်တွေလည်း ကြည့်ရှုလို့ အဆင်ပြေစေချင်တယ်။ ဒါပေမဲ့ ကိုယ့်အရွယ်နဲ့ ကိုယ့်အစ်မရုပ်လည်း ရှိသေး တယ်ဆိုတော့ ပရိသတ်တွေ ကြည့်လို့အဆင်ပြေအောင် ဆက်တော့လုပ်ချင်တယ်”လို့ ခင်စန်းဝင်းက ဆိုပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here