နိုင်ငံခြားသီချင်းကို ကော်ပီကူးပြီး ဆိုတာမျိုး တစ်ခါမှ မလုပ်ဖူးဘူး G.Fatt

0
153

ဒုတိယတစ်ကိုယ်တော်ခွေ ဖြစ်တဲ့ 120/B စီးရီးခွေဖန်တီးနေစဉ် ကာလ မှာ အသည်းကွဲတဲ့ခံစားချက်မရှိတဲ့အခါကျတော့ အချစ်သီချင်းတွေ နည်းသွား တယ်လို့ ဟစ်ဟော့ပ်အဆိုတော်G.Fatt ကပြောပါတယ်။ ‘အကယ်၍ လက်ထပ် ကြတဲ့အခါ’၊ ‘မမ’ ၊ ‘နာရတဲ့ကဗျာ’ ဆိုတဲ့အချစ် သီချင်း ၃ ပုဒ်သာပါဝင်တဲ့G.Fatt ရဲ့ ဒုတိယတစ်ကိုယ်တော်ခွေကတော့ မတ်လ ၂ ရက် နေ့က ရန်ကုန်မြို့၊Junction City Indoor Area မှာ ပရိုမိုးရှင်း လုပ်ရင်း ထွက်ရှိလာခဲ့ပါတယ်။G.Fatt တို့လို နာမည်ကြီး အဆိုတော်တွေအခွေထွက်ရှိလာတဲ့အခါ သီချင်းမြူးဇစ်ပိုင်း တွေ၊ အခွေကာဗာပိုင်းတွေကအစ နိုင်ငံခြားအဆိုတော်တွေ ရဲ့ သီဆိုပုံမျိုးနဲ့ တူနေတယ်ဆိုပြီး ဝိုင်းထောက်ကြတာတွေ ရှိတယ်၊ G.Fatt အခွေကိုရော ၁ဝဝ ရာခိုင်နှုန်းအာမခံနိုင် လားလို့မေးတော့ –

”ဒါကလည်းဗျာ။ အကျိုးအကြောင်း တိုက်ဆိုင်သွား လို့ဖြစ်မှာပါ။ ဘယ်လိုမျိုးကြောင့်ရယ်တော့ ကျွန်တော်လည်း မသိဘူး။ ကျွန်တော်ကတော့ အခုဖန်တီးထားတဲ့ သီချင်းတွေ ကို တတ်နိုင်သမျှ ကျွန်တော့်ရဲ့ ကိုယ်ပိုင်မူလေးဖြစ်အောင် ကြိုးစားထားပါတယ်။ မှီငြမ်းတာ၊ နိုင်ငံခြားသီချင်းကို ကော်ပီ ကူးပြီး ဆိုတာမျိုးတော့ တစ်ခါမှလည်း မလုပ်ဖူးဘူး။ သိပ် လည်းလုပ်ဖို့ အစီအစဉ်မရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ်ထင်တယ် ခင်ဗျ။ အခွေကာဗာဒီဇိုင်းတွေဘာတွေနဲ့ ပတ်သက်လို့ရှိရင် လည်း ကျွန်တော့်သူငယ်ချင်းတွေဝိုင်းပြီး၊ ကူညီပြီး လုပ်ပေး ထားပါတယ်” လို့ G.Fatt ကပြောပါတယ်။

၈ တန်း ကျောင်းသားဘဝတုန်းက ရောင်းပစ်လိုက်ရတဲ့ အိမ်ကလေးကို သံယောဇဉ်ရှိတဲ့အတွက် အိမ်နံပါတ်နဲ့ အခွေ ထုတ်ဖြစ်တဲ့G.Fatt ရဲ့ အခွေထဲမှာ120/B သီချင်းကတော့ ပါဝင်လာခဲ့ခြင်းမရှိပေမယ့် Documentary ဆန်ဆန်Music Video ရိုက်ကူးချင်လို့ ချန်ထားဖြစ်တာလို့ G.Fatt က ပြောပါတယ်။ တစ်ချိန်ချိန်ကျရင် အဲဒီအိမ်ကလေးမှာပြန် နေဖြစ်မလားလို့ G.Fatt ကိုမေးတော့-

”အိပ်မက်ပေါ့ဗျာ။ အခွင့်အရေးရရင်တော့ ပြန်ပြီးတော့ နေချင်တာပေါ့” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

 


LEAVE A REPLY

Please enter your comment!
Please enter your name here