ကိုသီဟလွင် နဲ့ စန္ဒီမြင့်လွင် တို့ရဲ့ မင်္ဂလာဆွမ်းကျွေးအလျှူ

0
139

ကိုသီဟလွင်နဲ့ သရုပ်ဆောင်အဆိုတော် စန္ဒီမြင့်လွင်တို့ရဲ့ မင်္ဂလာဆွမ်းကျွေးအလှူပွဲကို မတ်လ ၁ဝ ရက်နေ့ မနက် ၁ဝနာရီက ရှစ်မိုင်မစိုးရိမ်ကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာမောင်နှံတို့က သံဃာတော်များအား မင်္ဂလာဦးအလှူအနေနဲ့ နဝကမ္မအလှူငွေများ၊ လှူဖွယ်ပစ္စည်းများနဲ့အတူ ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။

သားနဲ့ သမီးတို့ရဲ့ဘဝခရီးအတွက် ကြည်နူးနေကြ သူတွေကတော့ နှစ်ဖက်မိဘတွေပဲ ဖြစ်ပါတယ်။ သားရဲ့ လက်တွဲဖော်ဖြစ်လာတဲ့ သမီးချွေးမ စန္ဒီမြင့်လွင်အပေါ် သတို့သားရဲ့ မိခင်ဒေါ်အေးအေးမြင့်ရဲ့ အမြင်ကိုမေးကြည့်တော့ …

”သူတို့နှစ်ယောက်က တော်တော်လိုက်ဖက်ပါတယ်။ သမီးကတော့ ကလေးလေးလိုဖြစ်နေတဲ့ ပုံစံပဲ။ သူနွဲ့ဆိုးဆိုးတဲ့ အခါမျိုးရှိရင်လည်း သားက စိတ်ရှည်နားလည်ပေးရမှာပေါ့။ သဘောကျပါတယ်။ သည်းခံခွင့်လွှတ်ပြီးတော့ နားလည်မှု လေး အချင်းချင်းယူပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ပါရမီဖြည့်နိုင်ကြပါစေ” လို့ ပြောပါတယ်။ ဒါ့အပြင် စန္ဒီမြင့်လွင် ရဲ့ မိခင်ဒေါ်သီတာခင်ကလည်း ”မောင်သီဟလွင်က အေးပါတယ်။ ကိုယ်တွေကိုလည်း မိဘတွေလိုပဲ ရိုသေပါတယ်။ သားတစ်ယောက်တိုးလာသလိုပါပဲ။ သူတို့ကတော့ တော်တော်ချစ်ကြတယ်။ ဒီးဒီအပေါ်လည်း ကြင်နာပါတယ်” လို့ ပြောပြပါတယ်။ အခုလို အချစ်စစ် အချစ်မှန်နဲ့ လက်တွဲခဲ့ကြတဲ့ မင်္ဂလာမောင်နှံနှစ်ဦးကိုလည်း နိုင်ငံအကျိုး သာသနာ အကျိုးကို အတူထမ်းဆောင်နိုင်ပြီး ရှေ့ဘဝခရီးလမ်းမှာလည်း တစ်ယောက်နဲ့တစ်ယောက် သည်းခံနားလည်ကာ ပေါင်းသင်းသွားနိုင်ကြပါစေလို့လည်း နှစ်ဖက်မိဘများက ဆုတောင်းစကားဆိုခဲ့ကြပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here