အိမ်မှုကိစ္စတွေလုပ်ရင်း ကလေးထိန်းရင်းနဲ့ပဲ ကိုယ်အလေးချိန် လျော့ကျသွားတဲ့ ခင်မဉ္ဇူခိုင်

0
104

လက်ရှိအချိန်မှာ သရုပ်ဆောင် ခင်မဉ္ဇူခိုင်က အနုပညာအလုပ်တွေကို လုံးဝရပ်နားထားလိုက် ပြီး မိသားစုနဲ့ သမီးနှစ်ယောက်ကိုပဲ အဓိကအချိန်ပေးနေဖြစ်တယ်လို့ ပြောပါတယ်။ မင်းသမီး တစ်ယောက်အနေနဲ့ ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းမှုက အရေးကြီးပေမယ့် ခင်မဉ္ဇူခိုင်အနေနဲ့ သီးသန့်အချိန်မပေးနိုင် တာကြောင့် ကာရာနဲ့ နိုရာ သမီးနှစ်ယောက်ကို ပြုစုစောင့်ရှောက်ရင်းပဲ ထိန်းသိမ်းဖြစ်တယ်လို့ ဆိုပါတယ်။ ခင်မဉ္ဇူခိုင်ရဲ့ ခန္ဓာကိုယ်ထိန်းသိမ်းနည်းက –

”အစ်မက ကလေးနှစ်ယောက်စလုံးကို ကိုယ်တိုင်ပဲထိန်းတာလည်းပါတယ်။ အရင်ကတော့ တာဝန်တွေမရှိဘူး။ ကလေးတစ်ယောက်လိုပဲ နေတာဆိုတော့ ဘာတာဝန်မှလည်း မရှိဘူး။ အခုတော့လည်း ကလေးနှစ်ယောက်လည်း ရလာပြီဆိုတော့ လင်မယားနှစ်ယောက်စလုံးမှာ တာဝန်တွေကိုယ်စီနဲ့ ဖြစ်လာတယ်။ ကာရာမွေးတုန်းကလည်း အစ်မ တအားခန္ဓာကိုယ်ဝသွား တယ်။ ခန္ဓာကိုယ်ကို တကူးတကကြီးထိန်းတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကလေးတွေကို အမေနို့တိုက်တာကြောင့်လည်း ပါပါတယ်။ အမေနို့တိုက်ခြင်းက Body Weight ကို ပြန်ကျစေတယ်လို့ အစ်မထင်တယ်။ လူတိုင်းအတွက်တော့ တစ်ထစ်ချကြီး မပြောတတ်ဘူး။ အစ်မက ဝိတ်အမြန်ကျတာကြောင့်လည်း ပါပါတယ်။ နောက်ပြီး အစ်မက အိမ်အလုပ် တွေကိုလည်း ကိုယ်ပဲ လုပ်တယ်ဆိုတော့ ပင်ပန်းတာတွေကြောင့်လည်း ပါတယ်ဆိုရမှာ ပါပဲ။ ကိုယ်က မိခင်ဖြစ် သွားပြီဆိုတော့ နုနုရွရွလေးတွေ မနေဖြစ်ဘူး။ Gym ကို မသွားနိုင်ပေမယ့် အိမ်မှာပဲ ဟင်းချက်လိုက်၊ တံမြက်စည်းလှည်းလိုက်၊ ကြမ်းတိုက် လိုက်နဲ့ပဲ လှုပ်ရှားနေရတော့ တဖြည်းဖြည်း ဝိတ်ကပြန်ကျလာတာပါ” လို့ သူက ပြောပြပါတယ်။ မိန်းကလေးဆန်တဲ့ပုံစံမျိုးကို သိပ်ပြီး မကြိုက်ဘူးဆိုတဲ့ ခင်မဉ္ဇူခိုင် က သမီးတွေကိုထိန်းကျောင်းတဲ့အခါမှာလည်း ကျားကျားလျားလျားပုံစံမျိုးပဲ ထိန်း သိမ်းတယ်လို့ဆိုပါတယ်။ တစ်ဖက်မှာလည်း အနုပညာအလုပ်တွေနဲ့ ကင်းကွာတာ အချိန်အတော်ကြာပြီဖြစ်တဲ့အတွက် ဇာတ်ကားတွေ ပြန်ပြီးရိုက်ကူးဖြစ်ဦးမလားဆို တာမေးမြန်းတော့-

”အငယ်လေးလည်း နည်းနည်းလောက်လက်လွှတ်လို့ရတဲ့အချိန်၊ အခွင့်အရေးလည်း ရဦးမယ် ဆိုရင်တော့ ဇာတ်ကားတွေလည်း ပြန်ပြီးတော့ရိုက်ဖြစ်ဦးမှာပါ။ အနာဂတ်ဆိုတာက ကြိုပြီးမမြင်ရ သေးတော့ ကြိုပြီးပြောလို့တော့ မရသေးဘူးပေါ့နော်” လို့ ခင်မဉ္ဇူခိုင်က ပြောပြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here