မွေးနေ့ကို အဓိပ္ပာယ်ရှိစွာ ဖြတ်သန်းခဲ့တဲ့ နန်းခင်ဇေယျာ

0
152

 မွေးနေ့မှာ မိဘမဲ့ကလေး  အယောက် ၂ဝ နဲ့ မနက်စာအတူစား၊ ရွှေတိဂုံဘုရားသွား၊Happy World မှာဆော့ကစား ရုပ်ရှင်အတူကြည့်၊  အဲဒီလို တွေဖြတ်သန်းဖြစ်တယ်လို့ နန်းခင်ဇေယျာကပြောပါတယ်။ သူမရဲ့ မွေးနေ့ဖြတ်သန်းမှုတွေးကြည့်ရင်ကို လူတိုင်းစိတ်ဘဝင်မှာ ကြည်နူးဖွယ်အတိပါပဲ။  အခုလို ဖြတ်သန်းဖြစ်တာ ၄ နှစ်၊ ၅ နှစ် လောက်ရှိပြီဆိုတဲ့ နန်းခင် ဇေယျာက…

“အစက နန်းခင် ဒီမိဘမဲ့က လေးတွေတင်မကဘဲ သယ်ငယ် မုဒိမ်းခံစားနေရတဲ့ တချို့ကလေးတွေကိုဆက်သွယ်ပြီးအားမငယ်အောင် အား ပေးစကားတွေပြောချင်တယ်။ ဒါပေမဲ့ ဒီကလေးတွေကမလာရဲဘူး။ သူတို့ အတွက် လမ်းစရိတ်ရော၊ နေဖို့စားဖို့ပါ။  အကုန်လုံးပြင်ဆင်ပေးမယ်လာခဲ့ပါ ဆိုတော့သူတို့တအားလာချင်တယ်။ ဒါပေမဲ့တချို့ကပြောမပြရဲတာတို့၊ ထုတ် ဖော်မပြချင်တာတို့ဖြစ်နေတယ်။ ဒါကြောင့် သူတို့ မလာခဲ့ဘူး” လို့ ပြောပါတယ်။ 

နန်းခင်ဇေယျာက အခုတလော မှာ လည်းရုပ်ရှင်ဇာတ်ကား ကြီး တွေရိုက်ဖြစ် နေပါတယ်။  သူမအနေနဲ့ ဒါရိုက်တာ ငှားတဲ့ ဇာတ်ကိုပဲ ရိုက်နေ ရသေးကြောင်း ကိုလည်း…

“နန်းခင်လတ်တလောမှာ ‘လူခေါ်ခေါင်းလောင်း’ ရုပ်ရှင် ဇာတ်ကားကြီးကိုပါဝင်ရိုက်ကူး နေ ပါတယ်။ ဒီဇာတ်ကားက သရဲ ကားပုံစံပါ။ နန်းခင် အနေ နဲ့ ဒီလိုသရဲကာ တွေရိုက်ကူးတာ နည်းတယ်။  သရဲကား က ကြိုက် တဲ့သူ တွေရှိသလို မကြိုက် တဲ့ သူတွေ လည်း ရှိတယ်။နန်းခင် အနေနဲ့လည်း ဒါရိုက် တာတွေ လာငှားတဲ့ဇာတ်ကိုပဲ ရိုက်ကူး ဖြစ်တယ်။ ကိုယ့်အနေနဲ့ ရွေး ချယ်တာမျိုး တွေ သိပ် မရှိ ဘူး။ သူတို့ချပေးတဲ့ကာ ရိုက် တာအပေါ်မှာပဲအ ကောင်း ဆုံးဖြစ်အောင်ကြိုးစား တယ်” လို့ဆိုပါတယ်။    


ချယ်ရီ

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here