အမျိုးသမီးများအပေါ်လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်အမြတ်ထုတ်မှုတွေအပေါ်နယ်ပယ်အသီးသီးကအမျိုးသမီးအခွင့်အရေးလှူပ်ရှားသူများရဲ့စကားသံ

0
383

 

ဒီတစ်ပတ်မှာတော့ ပေါ်ပြူလာ ပရိသတ်များအတွက် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်အမြတ်ထုတ်မှုတွေအပေါ် နယ်ပယ်အသီးသီးက အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများရဲ့ စကားသံများကို စုစည်းဖော်ပြလိုက်ပါတယ်။

မဉ္ဇူ (Project Manager)
အမျိုးသမီးအဖွဲ့များကွန်ရက် (မြန်မာ)

ဒါက အမျိုးသမီးတွေကို စော် ကားတာ၊ အမျိုးသမီးတွေကို တန်ဖိုးမ ထားတာလို့မြင်ပါတယ်။ လူသားချင်း တန်ဖိုးထားဖို့လိုပါတယ်။ ယောက်ျား လေးက တန်ဖိုးမြင့်တာ မိန်းကလေး က တန်ဖိုးနည်းတာဆိုတာထက် မိန်း ကလေးလည်း လူသားပါပဲ။ မိန်းက လေးလည်း အရှက်တရား၊ ယောက်ျား လေးလည်း အရှက်တရားရှိပါတယ်။အဲ့ဒီတော့ မိန်းကလေးတစ်ယောက် ကို ရှက်ကြောက်သွားအောင်လုပ် လိုက်ခြင်းအားဖြင့်သူတို့အနေနဲ့ရော သိက္ခာမကျကြဘူးလားဆိုတဲ့ဟာမျိုး တွေပေါ့။ ကျွန်မတို့ဘက်ကတော့ အပြင်းအထန်ရှုတ်ချပါတယ်။ အမျိုး သမီးတွေအနေနဲ့ ကျွန်မတို့အဖွဲ့အ စည်းကွန်ရက်တွေကလည်း ဘတ်စ် ကားပေါ်မှာ လှုပ်ရှားမှုတွေ လုပ် ပါတယ်။ အဲ့ဒီတော့ ကျွန်မတို့အနေနဲ့ ငြိမ်ခံမနေကြပါနဲ့။ ကျွန်မတို့ကို လာပြီးတော့ ထိကပါးရိကပါးလာလုပ် ရင် ကျွန်မတို့မြန်မာနိုင်ငံမှာ ဥပဒေ တွေလည်းရှိပါတယ်။ အဲဒါကြောင့် မို့လို့ ကျွန်မတို့ကပြန်ပြောပါတယ်။ Touch မထိပါနဲ့၊ အဲ့ဒီလိုမျိုးတွေ ဖြစ်လာခဲ့မယ်ဆိုရင် ကျွန်မတို့က မကြောက်မရွံ့ဘဲနဲ့ကျွန်မတို့ခံစားရတဲ့အရာတွေကိုပတ်ဝန်းကျင်မှာဖွင့်ချတိုင်ပင်ပါ။ပြီးရင်ကျွန်မတို့လို အမျိုးသမီးအဖွဲ့အစည်းတွေကိုတိုင် ပါ။ စခန်းတွေကိုပြောပါ။အဲ့ဒါမျိုး တွေလုပ်ပါလို့ ကျွန်မတို့က အဓိက တိုက်တွန်းချင်ပါတယ်။

ဒေါ်လှဝတီ (ဥက္ကဋ္ဌ)မြန်မာအမျိုးသမီး
စီးပွားရေးစွမ်းဆောင်ရှင်များအသင်း

အကြမ်းဖက်ခံနေရတယ်ပေါ့ နော်။ တကယ်လည်း လက်တွေ့မှာ အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီး တွေရှိတယ်ပေါ့။ ဒါပေမဲ့ အန်တီတို့ မြန်မာနိုင်ငံမှာပေါ့နော်။အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေကိုကာကွယ် စောင့်ရှောက်ဖို့အားနည်းနေတယ်လို့အန်တီအနေနဲ့ယူဆပါတယ်။ တရားဥပဒေအရလည်း အားနည်းပါ တယ်။ အထူးသဖြင့် ၁၆ နှစ် မပြည့်သေးတဲ့ကလေး ယောက်ျား လေးတစ်ယောက်ကပေါ့နော်။ မိန်းကလေးတစ်ယောက်ကိုသွားပြီးတော့ကိုယ်ထိလက်ရောက်စော်ကားမယ်ဆိုရင်တောင်သူက ၁၆ နှစ်မပြည့် ဘူးဆိုတဲ့အတွက်ကြောင့် သူကကလေးသူငယ်ဥပဒေနဲ့ပဲသွားတယ်ဆိုတော့သူ့ကိုဘာမှအရေးယူလို့မရသေးလို့မိဘရဲ့အုပ်ထိန်းမှုအောက်မှာနောင်ဒီလိုမဖြစ်စေရပါဘူးဆိုတဲ့ လက်မှတ်ထိုးရမယ်။ ခံဝန်ချုပ်(Bond) လေးနဲ့ပဲပြန်ပြီးတော့သွားရတဲ့ အနေ အထားမျိုးပေါ့။ ဥပဒေမှာ ဒီလိုမျိုးရှိ တယ်ပေါ့။ ၁၆ နှစ်ဆိုတာ အန်တီတို့ နိုင်ငံမှာ တော်တော်လေးကြီးနေတဲ့ အသက်အရွယ်ကိုရောက်ပြီပေါ့။ ကလေး ကြီးပေါ့နော်။ အဲ့ဒီလိုမျိုးဆိုတော့ ဒီလို ဥပဒေနဲ့ဆိုလို့ရှိရင်ဒီလိုမျိုးက လေးသူငယ်တွေကဒီလိုမျိုးအကြမ်းဖက်မှုကိုမလုပ်သင့်ဘူးဆိုတာအခုထက်ပိုပြီးတော့ ပညာပေးဖို့လိုပြီပေါ့။

မပပ (Project Coordinator)
အခရာအမျိုးသမီးအဖွဲ့

အကြောင်းရင်းတွေကတော့ အမျိုးမျိုးရှိတယ်ပေါ့နော်။ြ ဖစ်နိုင်ခြေ အများဆုံးကတော့ ကိုယ့်ကိုယ်ကိုယ် လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး အ ခြေခံသဘောတရားတွေ၊ မှန်ကန်တဲ့ ပညာပေးတွေမရှိဘူး။ ပြီးလို့ရှိရင် ပညာပေးမရှိဘဲနဲ့ အစ်မတို့ဆီမှာက တလွဲယူလို့ရတဲ့ စာပေတွေရှိတယ်။ ပြီးတော့လိင်မှုဆိုင်ရာ ဆေးတွေရှိ တယ်ပေါ့။ လိင်စိတ်ကြွဆေးတွေ ရှိတယ်။ ပြီးလို့ရှိရင် အခုအင်တာနက် ခေတ်ကြီးထဲမှာဆိုတော့ ဖေ့စ်ဘွတ်ခ် ထဲမှာရှိတယ်။ အဲဒါတွေကိုကြည့်ပြီး တော့မှ စိတ်တွေမထိန်းနိုင်တာတွေ ရှိတယ်။ လိင်ပိုင်းဆိုင်ရာ အဓိက ထိန်းချုပ်ထားတာမသိဘူး။ ဘာလို့လဲ ဆိုရင် လိင်ပညာပေးမရှိလို့ပေါ့။ ပြီး တော့ လိင်အခွင့်အရေးဆိုတာလည်း မသိဘူး။ ခံလိုက်ရတဲ့သူ အများစုကို အကြံပြုချင်တာကတော့ နည်းမျိုး စုံနဲ့အစ်မတို့ ပြောပြောနေတယ်။ ဒါ ပေမဲ့ အားပေးရမှာပဲ။ အစ်မတို့ ဘက်ကခံလိုက်ရပြီဆို မိန်းကလေး ဘာကိုဝတ်ထားလဲ၊ ဘာလို့ရည်းစား သက်တမ်း ဒီလောက်ပဲရှိသေးတယ်။ ဘာလို့ယုံတာလဲဆိုတဲ့ အပေါ်မှာ ပုံချအပြစ်တင်တဲ့လုပ်ရပ်တွေများ တယ်ပေါ့။ ရပ်ကွက်က မပါတာ၊ မိဘ ကိုယ်တိုင်က မပါတာ၊ အဲ့ဒီဟာတွေ က ဒီအမျိုးသမီးအတွက်ဘဝကိုပိုပြီးတော့ဆွဲချလိုက်သလိုဖြစ်တယ်ပေါ့။ဘာကြောင့်ပဲဖြစ်ဖြစ်ဖြစ်သွားပြီဆိုရင်ဒီအမျိုးသမီးတစ်ယောက်ရဲ့ဘဝ ပြန်လည်ရှင်သန်လန်းဆန်းလာဖို့ သူ့ ဘဝလှပဖို့အတွက်က ဘေးနားကနေ ဝန်းရံရမယ်၊ အားပေးရမယ်။

မမြတ်နိုး (ရုက္ခဗေဒကျောင်းသူ)
ပြည်တက္ကသိုလ်

အမျိုးသမီးတွေအပေါ်နှောင့်ယှက်တိုက်ခိုက်မှုကျူးလွန်ခြင်းတွေဟာအမျိုးသမီးတွေကိုတန်ဖိုးမထားတာ၊လေးစားမှုမရှိတာလို့မြင်မိတယ်။လူသားချင်း စာနာထောက်ထားမှုရှိ သင့်တယ်။ အမျိုးသမီးတွေကို လေး စားတန်ဖိုးထားတဲ့ ပတ်ဝန်းကျင် ကောင်းတွေလိုအပ်တယ်။ အမျိုး သမီးတွေအနေနဲ့လည်းအဲ့ဒီလိုနှောင့်ယှက်မှုမျိုးကြုံတွေ့လာခဲ့မယ်ဆိုရင်သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ဆွေးနွေးတိုင်ပင်ပြီးအပြစ်ရှိတဲ့သူကိုထိုက် တန်တဲ့ပြစ်ဒဏ်မျိုး ရရှိအောင်ဆောင် ရွက်သင့်တယ်လို့မြင်မိတယ်။

မသိန်းသန်းစိုးစံငြိမ်း
(ပထဝီကျောင်းသူ)ပြည်တက္ကသိုလ်

အမျိုးသမီးတွေအနေနဲ့က လည်း အဲ့ဒီလိုအဖြစ်မျိုးကြုံတွေ့လာ ခဲ့မယ်ဆိုရင် ရဲရဲဝံ့ဝံ့နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို သွားပြီးတော့ တိုင်သင့်တယ်။ အကြောင်းကြားသင့် တယ်လို့မြင်တယ်။ ပတ်ဝန်းကျင် အ နေနဲ့ကလည်း သူတို့တွေကို ဖေးမ စောင့်ရှောက်သင့်ပါတယ်။

မဆုမြတ်(မြန်မာစာကျောင်းသူ)
ပြည်တက္ကသိုလ်

အမျိုးသမီးတွေအပေါ်လိင်ပိုင်းဆိုင်ရာနှောင့်ယှက်တဲ့သူတွေကိုလည်းထိထိရောက်ရောက်အပြစ်ပေးသင့်ပါတယ်။အဲ့ဒီလိုနှောင့်ယှက်မျိုးတွေကိုလည်းလုံးဝမကောင်းတဲ့ အပြစ်တစ်ခုလို့ပဲမြင်မိပါတယ်။ အမျိုး သမီးတွေအနေနဲ့လည်း အဲ့ဒီလိုအဖြစ် မျိုးကြုံတွေ့လာရမယ်ဆိုရင် လုံးဝဖုံး ကွယ်မထားဘဲ သက်ဆိုင်ရာအမျိုး သမီးအဖွဲ့အစည်းတွေကို ဆက်သွယ် တိုင်ကြားသင့်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here