မိုးကုတ်သူတစ်ယောက်အနေနဲ့ ဒီလိုအကျိုးရှိမယ့်အလုပ်တစ်ခုကို လုပ်ခွင့်ရတဲ့အတွက် ပီတိဖြစ်မိတယ် ထွန်းအိန္ဒြာဗို

0
189

”ကျွန်မတို့ မိုးကုတ်မြို့ကြီးဟာ နှစ် ၈ဝဝ ပြည့်ခဲ့ပြီ။ နှစ် ၈ဝဝ ပြည့်တဲ့အထိမ်းအမှတ် အနေနဲ့ မိုးကုတ်မြို့ကိုပြန်ပြီး ပွဲကျင်းပမယ်လို့ တိုင် ပင်ခဲ့ကြတယ်။ တိုင်ပင်တဲ့အချိန်ကစပြီးတော့ တောက်လျှောက် အစည်းအဝေးတွေလုပ်တယ်။ အဲဒီထဲမှာမှ ကော်မတီအသေးလေးတွေ ဖွဲ့တယ်။ အပတ်တိုင်းအစည်းအဝေးတွေလုပ်တယ်။ အစည်း အဝေးမှာ ကိုယ်ရဲ့ရရှိတဲ့ အကျိုးရလဒ်တွကို ဆွေးနွေးကြတယ်ပေါ့နော်။ အကုန်လုံးဝိုင်းဝန်း ကူညီပေးခဲ့ပြီး ပြင်ဆင်ခဲ့တာ အခုဆိုရင် လပေါင်းတော်တော်ကြာပြီပေါ့။ အဓိက ကတော့ မိုးကုတ်နှစ် ၈ဝဝ ပွဲကြီးကို ကျင်းပရတဲ့ရည်ရွယ်ချက်က ကျွန်မတို့ မိုးကုတ်မြို့ကို မြန်မာတစ်နိုင်ငံလုံးရော ကမ္ဘာကရောသိအောင် ပြန်လည်ပြီး တော့ မိတ်ဆက်ပေးတယ်။ နိုင်ငံခြား သားခရီးသွားဧည့်သည်တွေ နည်း နည်းပါးပါးလာရောက်တဲ့မြို့ဖြစ် သွားတယ်ဆိုရင်တောင်မှ ဒါမြို့ခံ တွေရဲ့ အလုပ်အကိုင်တွေ တိုး တက်သွားမယ်ဆိုတဲ့ ရည်ရွယ် ချက်တွေနဲ့ ကျွန်မတို့ ဒီကိစ္စကို ကိုယ်နိုင်သလောက် ဝိုင်းဝန်းကြ တာပါ”လို့ လာမယ့်မတ်လ ၂၉၊ ၃ဝ၊ ၃၁ ရက်တွေနေ့မှာကျင်း ပမယ့် မိုးကုတ်မြို့နှစ် ၈ဝဝ ပြည့်အတွက် ပြင်ဆင်ပုံတွေကို မိုးကုတ်မြို့သူတစ်ယောက်ဖြစ်တဲ့ အကယ်ဒမီ ထွန်းအိန္ဒြာဗိုက ပြောပြ ခဲ့ပါတယ်။

ဒီလိုမြန်မာပြည်မှာ အထင်ရှားဆုံး မြို့များထဲက မြို့တစ်မြို့ဖြစ်တဲ့ မိုးကုတ်မြို့ တည်နှစ် ၈ဝဝ ပြည့်ပွဲတော်မှာ အားဖြည့်ပါ ဝင်ခွင့်ရပြီး ကိုယ်တိုင်ဖျော်ဖြေခွင့်ရတဲ့အပေါ်မှာလည်း ”မိုးကုတ်ပွဲမှာ ကိုယ်တိုင်ဖျော်ဖြေဖို့ပါဝင်ခွင့်ရလို့ ဝမ်းသာတယ်၊ တအားဝမ်းသာ တယ်။ ဒါပေမဲ့ ကိုယ်မွေးဖွားကြီးပြင်းခဲ့တဲ့မြို့ခံတွေ မြို့သူ၊ မြို့သားတွေအားလုံးအတွက် အကျိုးရှိမယ့်အလုပ်တစ်ခုကို မိုးကုတ်သူ တစ် ယောက်အနေနဲ့ရော နိုင်ငံသားတစ်ယောက် အနေနဲ့ရော လုပ်ခွင့်ရတဲ့အတွက်လည်း ပီတိ ဖြစ်မိတယ်”လို့ ထွန်းအိန္ဒြာဗိုက ပြောပြပါတယ်။

လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှု တွေနဲ့ပတ်သက်ပြီး ဘာတွေလုပ်ဖြစ်နေလဲလို့ မေးကြည့်တဲ့အခါမှာတော့ ထွန်းအိန္ဒြာဗိုက … ”ကျွန်မရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးဖို့ရှိတယ်။ ငယ်ငယ်တုန်းကလိုတော့ ဇာတ်ကားရိုက်တွေစိပ်နေတာမျိုးမဟုတ်တော့ဘူး။ တစ်လ တစ်ကားနှုန်းပဲ ရိုက်ကူးတော့မယ်။ ကျန် တဲ့အချိန်တွေမှာ ဘာသာရေးပိုင်းကိုပဲ တောက် လျှောက်လုပ်နေတယ်။ အရင်ကလည်း လုပ်ဖြစ် သလို အခုဆိုပိုလုပ်ဖြစ်တယ်။ ဝိပဿနာကို အားထားပြီးလုပ်ပါတယ်”လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here