စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ကျော်ထက်အောင်

0
226

“အနုပညာနဲ့ပတ်သက်ပြီး စံပြပုဂ္ဂိုလ် ဖြစ်အောင်နေချင်ပါတယ်။ ကျွန်တော့်ကိုအားပေးနေကြတဲ့ ပရိသတ်က နောက်မှာအများကြီး အခိုင်အမာရှိတဲ့အတွက်ကြောင့်မိုလို့ အနုပညာသမားမဖြစ်ခင် အချိန်ကဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ဘာတွေပဲမှားခဲ့မှားခဲ့၊ မှန်ခဲ့မှန်ခဲ့၊ ဒီအချိန်မှာမှန် အောင်တည့်မတ်နေအောင်နေရဖို့အရေးကို ပြန်ဦးတည်နေပါတယ်”လို့ဆိုတဲ့ Myanmar Idol ပြိုင်ပွဲက တစ်ဆင့် ပရိသတ်အားပေးမှုရရှိလာခဲ့တဲ့ ကျော်ထက် အောင်ရဲ့အနုပညာခံယူချက်ကိုလည်းသိခဲ့ရပါတယ်။

စံပြပုဂ္ဂိုလ် တစ်ယောက်ဖြစ်ဖို့အတွက်လိုအပ်ချက်များကိုတော့ကျော်ထက် အောင်က ” အဓိကကတော့ စိတ်ဓာတ် ရေးရာ အပိုင်းပေါ့နော်။EQ, IQ တွေရော တူညီမှုရှိအောင်နေရမယ် ပေါ့နော်။ အဓိကကတော့ ကိုစိုင်းပေါ့ ။ ကွီးစိုင်း လိုနေနိုင်အောင်တော့ ကြိုးစားရမယ်ပေါ့။သူ့လိုပဲ နာမည် တစ်လုံးနဲ့ မြဲနေအောင် နေနိုင်အောင် ကြိုးစားရမှာပေါ့”လို့ ကျော်ထက်အောင်ကရှင်းပြပါတယ်။

သရုပ်ဆောင်ကျော်ထက်အောင်က ဒါရိုက်တာမင်းဦးရိုက်ကူးမယ့်  မျက်နှာ ဖုံးများ ရုပ်ရှင် ဇာတ်ကားမှာ အိချောပို၊ စိုးပြည့် သဇင်၊ အေးဝတ်ရည် သောင်း၊ မေတို့နဲ့အတူ ပါဝင်သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကားမှာ သူက မင်း သားတစ်ယောက်ရဲ့ ကာရိုက်တာအနေနဲ့ပဲ သရုပ်ဆောင်ရမှာ ဖြစ်ပြီးဒီဇာတ် ကားကဒါရိုက်တာမင်းဦးရဲ့ဒုတိယမြောက်ရိုက်ကူးတဲ့ ဇာတ်ကားဖြစ်ပါ တယ်။ အခုချိန်မှာတော့ သူ့ရဲ့ ဇာတ်ကားတွေထဲက’ချူဆီ’ နဲ့’ နေခြည်မှာ ရွှေ ရည်လောင်း’ ရုပ်ရှင်ဇာတ်ကားနှစ်ကားသာ- ရုံတင်ပြသထားပါသေးတယ်။

ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုရချင်တဲ့အတွက် သူ့ရဲဇာတ်ကားတွေရုံတင် နိုင်ဖို့ကြိုးစားနေတဲ့ ကျော်ထက်အောင်က…

“အဲဒီတော့မှ ပရိ သတ်တွေပေးတဲ့ နေရာတစ်ခုလေးထွက်လာမှာပေါ့။ ကျွန်တော့်အနေနဲ့က ကျွန်တော်သိတဲ့အသိ၊ ကျွန်တော်ဆီမှာရှိတဲ့ အတွေ့ အကြုံလေးတွေနဲ့ ဇာတ်ကားရိုက်ကူးတိုင်းရိုက်ကူးတိုင်းမှာ ၁ဝဝ ရာခိုင်နှုန်း လုပ်ခဲ့တဲ့အတွက်အားရပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ ရှိသင့်သလောက်ရှိတဲ့ အတွေ့အကြုံနဲ့ပထမဆုံးစတင် ရိုက်တဲ့ ဇာတ်ကားကို ပြန်ပြီးကြည့်မယ်ဆိုရင် အားရစရာမရှိပေမယ့် အဲဒီ တုန်းက ကျော်ထက်အောင် အတိုင်း ပြန်လည်ကြည့်ရှုမယ်ဆိုရင် တော့ အားရစရာပါ။ အဲဒီအတွက် ဒီ၂ဝ၁၈ ခုနှစ်ထဲမှာ ဇာတ်ကား ရုံတင် ပြသဖို့ပဲပိုပြီးလုံးပန်းရတော့မယ်။ သူတို့ အသိအမှတ်ပြုတဲ့နေရာမှာ ကျွန်တော်က ပြန်သွားနေရတော့မှာ ဆိုတော့ ဒီဇာတ်ကားတွေ ရုံတင်ပြသဖို့အရေးကို ဦးစားပေးနေရပါတယ်” လို့ပြောပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here