စီးပွားရေးဘက်က ကိုယ်မကျွမ်းကျင်တဲ့ နယ်ပယ်ဖြစ်တဲ့အတွက် အခက်အခဲတွေက အများကြီးပဲ လွှမ်းပိုင်နဲ့ Bobby Soxer

0
262

ချစ်သူသက်တမ်း ၈ နှစ်ကြာပြီ ဖြစ်ပြီး လူငယ်တွေ အားကျရတဲ့ ဂီတ အနုပညာရှင် ချစ်သူစုံတွဲတစ်တွဲက တော့ လွှမ်းပိုင်နဲ့ Bobby Soxer ပါ။ စိတ်တူကိုယ်တူရှိတဲ့ သူတို့ နှစ်ဦးက တော့High School ဆိုတဲ့ ဖက်ရှင် ဆိုင်ကိုလည်း အတူ ဖွင့်လှစ်ထားပါ တယ်။

ကိုယ်တိုင်လည်း ဖက်ရှင်ကျ အောင် ဝတ်စားတဲ့ အနုပညာရှင်တွေ ဖြစ်ကြတဲ့ သူတို့နှစ်ဦးက ဒီဆိုင်မှာ လည်း ကိုယ်ပိုင် Brand တွေကို ထုတ် လုပ်သွားဦးမှာ ဖြစ်ပါတယ်      ဂီတဘက်မှာ အောင်မြင်တဲ့ အနုပညာရှင် တွေဖြစ်ပေမယ့် လည်း ကိုယ်မကျွမ်းကျင်တဲ့ စီးပွား ရေးဘက်ကို စတင်ခြေလှမ်းတဲ့အခါမှာ အခက်အ ခဲတွေလည်း ကြုံတွေ့ကြရပါတယ်။

“ကိုယ့်ရှေ့က လုပ်တဲ့လူတွေဆီက အကြံဥာဏ်လေးတွေ လိုက်ပြီး တောင်းရတယ်။ ကိုယ့်ရဲ့စိတ်ကူးလေးနဲ့ ကိုယ်လေ့ လာထားတာလေးတွေနဲ့ ပြန်ပေါင်းစပ် ပြီးလုပ်ရ တာပေါ့။ စီးပွားရေးဆိုတော့ ပိုပြီးတော့ ရင်းနှီးမှု တွေလည်းရှိတယ်။ စဉ်းစားရတာတွေလည်း ပိုပြီးဦးနှောက်စားတယ်။ ဆံပင်ပိုဖြူတာပေါ့” လို့ စီးပွားရေးနဲ့ ပတ်သက်ပြီး အခက်အခဲတွေ ကိုလွှမ်းပိုင်ကပြောပြပါတယ်။ စီးပွား ရေးနဲ့ ပတ်သက်ပြီးလေ့လာသင်ယူနေ တယ် ဆိုတဲ့Bobby Soxer ကလည်း …

“ကိုယ်မကျွမ်းကျင်တဲ့ မရင်းနှီးတဲ့ နယ်ပယ်ဖြစ်တဲ့အတွက်လေ့လာသင်ယူ စရာ တွေများတယ်။ ကိုယ်တတ်နိုင်သလောက် ကိုယ့်ကိုပြောပြတာတွေ လိုက်မှတ်တယ်။ ကိုယ်မသိသေးတာတွေသင်ယူတယ်။ ညီမ တို့ လုပ်တာအင်္ကျီဖြစ်တဲ့အတွက် ဖက်ရှင် ရေစီး ကြောင်းကိုပဲ ပိုကြည့် ဖြစ်တယ်။ ကျန်တာ တွေကတော့ကို လွှမ်းပိုင်စဉ်းစားပြီးလုပ် တာများပါတယ်”လို့ ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here