စိုးပြည့်သဇင် အိမ်ထောင်ပြုဖို့ စဉ်းစားနေပြီလား

0
303

စိုးပြည့်သဇင်ရဲ့ အစ်မဝမ်းကွဲ စန္ဒီမြင့်လွင်ကတော့ မတ်လ ၅ ရက် နေ့က သူ့ရဲ့ချစ်သူနဲ့ မော်ကွန်းတင်လက်မှတ် ထိုးပွဲပြုလုပ်ခဲ့ပြီး မတ်လ ၁၁ ရက်နေ့က လက်ထပ်မင်္ဂလာပွဲကို ကျင်းပခဲ့ပါတယ်။ အိမ်ထောင်ပြုသွားပြီဖြစ်တဲ့ အစ်မကို သူများလက်ထဲထည့်လိုက်ရတာ အင်မတန်မှ နှမြောတသ ဖြစ်ရပေမယ့်ချစ်ရသူနဲ့ ပေါင်းဖက်ရတဲ့ အတွက် တော့ဝမ်း သာဂုဏ်ယူမိကြောင်းပြောပြတာက…

”မဒီ ( စန္ဒီမြင့်လွင်)နဲ့ ကိုသီဟလွင်ဆိုတာ လွင်မိသားစုပေါ့နော်။သူ့ဖူးစာဖက် မှန်တဲ့အခါကျတော့လည်း နောက်ဆုံးဖူးစာဖက်ကြတယ်ပေါ့။ အဲဒီတော့ သူတို့အတွက်ကိုတော့ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုလေးဖြစ်ပါစေလို့ဆု တောင်းပေးပါတယ်။ တူမလေးတွေလည်း လိုချင်တယ်” လို့စိုးပြည့် သဇင်က ပြောပါတယ်။အသက်အရွယ်၂၅ နှစ် အရွယ်ကိုရောက်ရှိနေပြီဖြစ်တဲ့ စိုးပြည့် သဇင်က အခုချိန်မှာ အိမ်ထောင်ပြုဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့…

”မစဉ်းစားဘူး။အဝေးကြီးလိုဦးမယ်။ခုမှကလေးပဲရှိသေးတယ်။စိုးပြည့် အခုချိန်မှာ အနုပညာအလုပ်နဲ့ စိုးပြည့်ဆက်လုပ်ရမယ့် အလုပ်တွေကိုပဲ ဦးစားပေး စိုးပြည့်ခေါင်းထဲထည့်ထားပါတယ်” လို့ သူကပြောပြပါ တယ်။ အိမ်ထောင်ပြုဖို့ မစဉ်းစားသေးတဲ့ သူမက အခုချိန်ထိလည်း ချစ်သူရှိနေပြီဆိုတဲ့ သတင်းစကားကိုလည်း တစ်ခါမှမကြားဖူးသေး ပါဘူး။အချစ်ရေးကိုလည်း သူမအနေနဲ့က သိပ်ဝင်စားမယ့်ပုံလည်း မပေါက်သေးဖူးလို့ထင်မိပါတယ်။ စိုးပြည့်သဇင်အနေနဲ့က ဒီလို ကိစ္စတွေကို ဦးစားမပေးဘဲ သူဝါသနာပါတဲ့အနုပညာ အလုပ် တွေကို သာတစိုက်မတ်မတ်လုပ်ကိုင်နေပါတယ်။ အနု ပညာ အလုပ် လှုပ်ရှားမှုနဲ့ အခုလတ်တလောမှာတော့ သူမက ဒါရိုက် တာမင်းဦးရိုက်ကူးနေတဲ့’မျက်နှာဖုံးများ’ရုပ်ရှင် ဇာတ် ကားမှာ အလှပြင်ဆိုင်မှာ အလုပ်လုပ်တဲ့ ကောင်မလေး ဇာတ် ရုပ်နေရာ ကနေ ပါဝင်သရုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး ပြောပြရာ မှာတော့…

”စိုးပြည့်က အလှပြင်ဆိုင်မှာ အလုပ်လုပ်ရတဲ့ကောင်မလေးဆို တော့ ရိုးရိုးလုပ်နေကျပုံစံတွေနဲ့တော့ မတူပေါ့နော်။မတူဘူးဆိုတာက ကိုယ်ပုံမှန်ခေါင်းလျှော်တယ်။ ဆွပင်လေမှုတ်ပေးတယ်ဆိုတာက ကိုယ်ပုံ မှန်လုပ်နေကျတွေပေါ့ ။ သူများကိုလုပ်ပေးတဲ့အခါမှာတော့ လက် အနေ အထားတွေနှိပ်ပုံနှိပ်နည်းတွေကို တခြားပရိသတ်တစ်ယောက်က ကြည့် မယ်ဆိုရင်လည်း သူကတကယ် မလုပ်တတ်ဘဲနဲ့ လို့မြင်ရတာမြင်လို့ မကောင်းဘူးပေါ့။အဲဒါကြောင့်စိုးပြည့်ကအပြင်နဲ့မတူအောင် လိုက်လေ့ လာမိပါတယ်” လို့ စိုးပြည့်သဇင်က ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here