နေပြည်တော်မှာ သီချင်းသွားဆိုရင်း ပေါင်ကျိုးခဲ့တဲ့ ချစ်ကောင်း

0
279

ပရိသတ်တွေကိုဂီတအမျိုးအစားစုံလင်စွာဖျော်ဖြေခဲ့တဲ့ အဆိုတော် ချစ်ကောင်းဟာ ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေ ခဏနားထားရပြီး မတ်လ ၂၄ ရက်နေ့မှာ ကျင်းပမယ့် 90’s Rock Legends ဂီတဖျော်ဖြေပွဲမှာတော့ အဆိုတော် ဇော်ဝင်းထွဋ်၊ ဂျေမောင်မောင်တို့နဲ့အတူ သီချင်းတွေ ပြန်လည်သီဆိုသွားမယ်လို့ သိရပါတယ်။ သီချင်းတွေ ပြန်လည် သီဆိုဖြစ်ပုံနဲ့ ပတ်သက်ပြီး ချစ်ကောင်းက…

”ဒီပွဲကတော့ ၂ဝ၁၈ ခုနှစ် ရှိုးပွဲကြီးအတွက် ပထမဦးဆုံး ပြန်လည် သီချင်းဆိုဖြစ်တာပါ။ ဒီအခွေကို ၁၉၉ဝပြည့်နှစ်လောက်က သန္ဓေတည် ခဲ့တဲ့ အစ်ကိုတို့ရဲ့ မိုးကောင်းကင် ဆိုတဲ့ မိခင်ကြီးက မွေးဖွားလိုက်တဲ့ ၃ ယောက်ပေါ့နော်။ ကဗျာဆန်ဆန် ပြောရရင် ကိုဂျေကြီး၊ ကိုညီထွဋ်ရယ် အစ်ကိုရယ် အခွေလေးတစ်ခွေ ထုတ် ခဲ့ကြတယ်။ လျှပ်စစ်မိုးကောင်းကင် ၁၊ လျှပ်စစ်မိုးကောင်းကင် ၂၊ ပြီးတော့ မိုးကောင်းသို့ ငုံ့ကြည့်ခြင်းဆိုပြီး အမှတ်တရတွေ လုပ်ခဲ့တယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးအောင်မြင်တဲ့ သီချင်း တွေကိုပြန်လည်သီဆိုရတော့မှာဆိုတဲ့ အ တွက်သိပ်ဝမ်းသာတယ်။ ကြားထဲမှာ ကျွန် တော့် ကျန်းမာရေးကြောင့် ခဏနားလိုက်ရတယ်။ ခုမှပြန် ပြီး စီစဉ်ဖြစ်တာပါ” လို့ ပြောပါတယ်။

ကျန်းမာရေးအခြေအနေကြောင့် အနုပညာ အလုပ်တွေ နားခဲ့ရတဲ့ ချစ်ကောင်းဟာ အခုဆိုရင် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပုံကိုလည်း ချစ်ကောင်းက…

”လွန်ခဲ့တဲ့သီတင်းကျွတ် လဆန်းပိုင်းက နေပြည်တော်မှာ သီချင်း သွားဆိုရင်းနဲ့ အမှတ်မထင်ဘဲ ပေါင်ကျိုးသွားခဲ့တယ်။ ပေါင်ကျိုး သွားခဲ့တဲ့ကြား ကာလ ၂ လမှာ အနားယူလိုက်ရတယ်။ ပရိသတ်တွေနဲ့လည်း ဝေးကွာခဲ့ရတယ်။ အခုသက်သာပြီ။ ပြန်ပြီး သီချင်းဆိုနိုင်လို့ရတယ်ဆိုတဲ့ အခြေအနေမှာ ပရိ သတ်ကို ဆိုပြနေတယ်။ တုတ်ကောက်တွေတော့ မလွတ်သေးဘူး။ ဒါပေမဲ့ တကယ်တမ်း ပရိသတ်ရှေ့ရောက်ရင်တော့ တုတ်ကောက်တွေမေ့သွား တာပါပဲ”လို့ ပြောပါတယ်။
ဖခင်ဖြစ်သူက အဆိုပိုင်းမှာ အောင်မြင်ခဲ့သလို သမီးဖြစ်သူကလည်း အဆိုပိုင်းမှာ အောင်မြင်ခဲ့တဲ့အတွက် ဖခင်ဖြစ် သူက ဘယ်လိုပံ့ပိုးမှုတွေ လုပ်ပေးခဲ့သလဲ မေးကြည့်တဲ့ အခါမှာတော့ ချစ်ကောင်းက …

”အစ်ကို့အနေနဲ့ ပံ့ပိုးတယ်ဆိုတာက တစ်ထောင့် တစ်နေရာကပါ။ အဖေတစ်ယောက်အနေနဲ့ အုပ်မိုးပြီး သူ့ပေါ်မှာ ခြယ်လှယ်ပြီးတော့ ဘာမှ ဒါဖြစ်ရမယ်၊ ဒီလိုလုပ်ရမယ်ဆိုတဲ့ ပံ့ပိုးမှုတွေ မရှိဘူး။ လွတ်လပ်စွာ သူ့ကို ပျံသန်းခွင့်ပေး ထားတယ်။ သူလည်းပျံသန်းချင်တဲ့လူပါ။ လူငယ် ဆိုတော့ လွတ်လပ်မှုကို မြတ်နိုးမှာပေါ့။ သူ့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် အိမ့်ချစ်ဆိုတဲ့ နာမည် ဖြစ်ခဲ့တာပါ” လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here