ရုပ်ရှင် စတူဒီယိုကို သင်္ကြန်အပြီး နှစ်သစ်မှာ ဖွင့်လှစ်သွားဖို့ ဆုံးဖြတ်ထားပါတယ် နေတိုး

0
226

 

ဖေ့စ်ဘုတ်မှာဗီယက်နမ်မင်းသမီးကိုနေတိုးနမ်းတဲ့ဇာတ်ဝင်ခန်းတွေပါတဲ့”တိမ်တိုက်တံတား”ရုပ်ရှင်ဇာတ်ကားကလူပြောများနေပါတယ်။မြန်မာ့ရုပ်ရှင်ဇာတ်ကားတွေမှာမင်းသားနဲ့မင်းသမီးနမ်းတဲ့ဇာတ်ဝင်ခန်းတွေပါဝင်မှုနည်းပါးနေတဲ့အချိန်မှာအခုလိုနမ်းတဲ့ဇာတ်ဝင်ခန်းတွေမြင်တွေ့လာရတဲ့အတွက်လည်း ပရိသတ်တွေ စိတ်ဝင်တစားရှိနေကြပါတယ်။ ရိုမန့်ဇာတ်ကားဖြစ်တဲ့အတွက် ဗီယက်နမ်မင်းသမီးကို နမ်းတဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်ခြင်း ဖြစ်ကြောင်းကို နေတိုးက…

“တကယ်နမ်းတာပါ။ နဖူးနဲ့ပါးကိုပဲနမ်းတာပါ။ အဓိကတော့ နဖူးတို့၊ ပါးတို့ နမ်းတယ်ဆိုတာ ရိုမန့်အရတော့ မဖြစ်မနေပါရမယ့် ထည့်ဖို့လိုအပ်ရင်တော့ တအားချစ်စရာကောင်းတဲ့အပြုအမူလို့မြင်တယ်။ ဒါလေးတွေကတော့ လိုအပ်တဲ့အခါမှာ လိုအပ်သလိုထိရောက် စေပါတယ်။ချစ်သူရည်းစားဆိုတာထက်ကိုရိုမန့်ဇာတ်ဝင်ခန်းတွေကပြသင့်သလောက်ပြဖို့လိုအပ်တယ်လို့လည်းမြင်ပါတယ်။ကျွန်တော့်အနေနဲ့ဒီ”တိမ်တိုက်တံတား”ဇာတ်ကားကိုကြည့်ရှုတဲ့အချိန်မှာဒီ့ထက်မကသောရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ရိုမန့်ကိုအဓိကထားအမှန်အကန်ပေးထားတယ်။ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ချစ်ခြင်းမေတ္တာတွေနဲ့ဖွဲ့စည်းထားတဲ့တ်ကားလေးတစ်ကားဖြစ်ပါတယ်။ပရိသတ်တွေအတွက်Familyကြည့်ရှုလို့ရတဲ့ဇာတ်ကားပေါ့။နမ်းတဲ့အခန်းတွေပါတယ်ဆိုပြီးFamilyကြည့်လို့မရတဲ့ဇာတ်ကားလားဆိုပြီးတွေးထင်စရာရှိတယ်။Familyကြည့်လို့ရတဲ့ဇာတ်ကားတစ်ကားပါ”လို့နေတိုးကပြောပါတယ်။ပွင့်လင်းခေတ်မီလာတဲ့အလျောက်မြန်မာနိုင်ငံအနေနဲ့ရုပ်ရှင်ဇာတ်ကားတွေမှာratingအဆင့်သတ်မှတ်တာမျိုးတွေ လုပ်သင့်သလား ဆိုတဲ့ မေးခွန်းကိုတော့ နေတိုးက…

“Ratingသတ်မှတ်ဖို့မလိုအပ်သေးဘူးလို့မြင်ပါတယ်။ဒီဇာတ်ကားထဲမှာဆိုလည်းရိုမန့်ကိုပဲပြတာပါ။Subjectတစ်ခုကိုရိုက်ပြတာမဟုတ်ဘူး။ဒီလိုရှိခဲ့တယ်ဆိုတာကိုပြတာဖြစ်တဲ့အတွက်သတ်မှတ်စရာမလိုတဲ့ဇာတ်ဝင်ခန်းဖြစ်ပါတယ်။တင်ပြပုံခြင်းလည်းမတူပါဘူး”လို့ပြောပါတယ်။ နေတိုးက ၂ဝ၁၈၊ ၂ဝ၁၉ ခုနှစ်တွေမှာရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးဖို့အတွက်အများဆုံးလက်ခံထားတယ်လို့ သိရပါတယ်။ သရုပ်ဆောင် နေတိုးက ရုပ်ရှင်စတူဒီယိုတစ်ခုကို မြောက် ဒဂုံ မြို့နယ်မှာ တည်ဆောက်နေပြီး အခု လောလောဆယ်မှာ ရာနှုန်းပြည့် မပြီးစီးသေးပေမယ့်လည်းသင်္ကြန်အပြီးနှစ်သစ်မှာဖွင့်လှစ်သွားဖို့လည်းဆုံးဖြတ်ထားတယ်လို့ပြောပါတယ်။”အကုန်လုံးတော့ပြီးစီးသလာက်ဖြစ်နေပါပြီ။ရိုက်ကူးလို့ရတဲ့အနေအထားဖြစ်နေပြီ။ဒါပေမယ့်ဖွင့်ဖို့အတွက်perfectအဖြစ်ပြီလားဆိုရင်တော့၁ဝဝရာခိုင်နှုန်းအထိတော့မပြီးသေးပါဘူး။ကျွန်တော့်အနေနဲ့အနုပညာအလုပ်လုပ်ကိုင်လာတဲ့သက်တမ်းတစ်လျှောက်မှာပြန်ပြီးတော့ပေးဆပ်ချင်တယ်။နောက်ပြီးတော့ကိုယ်လုပ်ကိုင်လာတဲ့အနုပညာအကျိုးအမြတ်တွေကိုအနုပညာလောကအတွက်အသုံးပြုချင်တယ်။အဓိကကတော့ကျွန်တော်တို့ဆီမှာအားနည်းချက်တွေအများကြီးရှိတယ်။အဲဒီအားနည်းချက်တွေကိုလည်းဒီလောကအတွက်ဖြည့်ဆည်းပေးချင်တယ်။အဲဒီလိုရည်ရွယ်ချက်တွေနဲ့ဒီစတူဒီယိုလေးကိုတည်ထောင်ဖြစ်တာပါ” လို့နေတိုးကပြောပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here