အိမ်ထောင်ပြုရမယ့် အရွယ်ရောက်နေပေမယ့် အလုပ်ထဲမှာပဲ စိတ်ထည့်ထားတယ် ထွန်းထွန်း

0
234

အသက် ၃ဝ ကျော်လာပေမယ့် လည်း မင်္ဂလာသတင်းတွေ မကြားရသေးတဲ့ အောင်မြင်တဲ့ အနုပညာရှင် လူပျိုကြီးတွေထဲမှာ သရုပ်ဆောင် အဆိုတော်ထွန်းထွန်းလည်း ပါဝင်နေ ပါတယ်။ ထွန်းထွန်းအနေနဲ့ အခုနှစ်ထဲမှာတော့ အိမ်ထောင်ပြုမယ့် ပုံမပေါ်သေးပါဘူး။ သူ့ရဲ့ စီနီယာတွေ ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်တို့၊ နေတိုးတို့ရဲ့ မင်္ဂလာသတင်းတွေတောင် မကြားရသေးတဲ့အတွက် သူ့အနေနဲ့ လည်း ကိုယ့်စီနီယာတွေကို ကျော် တက်မှာမဟုတ်ပါဘူး။ ကြာပါဦးမယ် လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အိမ်ထောင်ပြုဖို့အတွက်ကို စဉ်းစားသွား မှာ ဖြစ်ကြောင်းကိုလည်းထွန်းထွန်း က …

” အိမ်ထောင်ပြုမယ်ဆိုရင် အရင်ဦးဆုံး ပရိသတ်ကို အသိပေး သွားမှာပါ။ ကျွန်တော်အလုပ်တွေကို လည်း အကောင်းဆုံးကြိုးစားနေ တယ်။ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီးတော့လည်း မေ့မထားဘူး။ ကျွန်တော့်အချစ်ရေးကိုလည်း ကျွန်တော့် ဘဝရဲ့ နိစ္စဓူဝလှုပ်ရှားမှုထဲမှာ အမြဲပါဝင်ထည့်တွက်ထားတယ်။ သာမန်လူတွေနေတဲ့အတိုင်း ကျွန်တော်သွားတယ်၊ လာတယ်၊ လှုပ်ရှားတယ်။ ကျွန်တော်အိမ်ထောင်ပြုမယ့် အရွယ်ကိုတော့ ရောက်နေပြီ။ ဒါပေမဲ့ လောလောဆယ်မှာတော့ အလုပ်ထဲမှာပဲ စိတ်ထည့်ထားပါတယ်” လို့ ပြောပါတယ်။ ချစ်သူရှိတယ်ဆိုတာကိုလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြထားတဲ့ ထွန်းထွန်းက လူမှု ကွန်ရက်ဖြစ်တဲ့ instagram မှာလည်း ချစ်သူကောင်မလေးနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကို တင်လေ့ရှိပါတယ်။

”ကျွန်တော်က သာမန်ချာတိတ်တွေထဲက ချာတိတ်တစ်ယောက်၊ လူလတ်ပိုင်းအရွယ်ထဲက လူလတ်ပိုင်း တစ်ယောက်၊ ဒီအတိုင်းပဲနေပါတယ်။ ကျွန်တော် ထွေထွေထူးထူး ပြောတာထက် ကျွန်တော့် နိစ္စဓူဝလှုပ်ရှား မှုတွေအားလုံးကို ကျွန်တော့် official account တွေမှာ အသုံးပြုနေတာပဲ၊တွေ့နေရတာပဲ။ ကျွန်တော့်ပရိသတ် တွေသိနေတာပဲ။ အဲဒီလိုပဲ အချိန်တစ်ခုဆိုတာကို ရောက်လာမယ်။ ကျွန်တော်လည်း ပြင်ဆင်ထားတာတွေ ရှိပါတယ်” လို့ အချစ်ရေးနဲ့ ပတ်သက်ပြီး ထွန်းထွန်းကပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here