ထိုင်းမင်းသား Mario Maurer နဲ့ ဆုံတွေ့ ခွင့်ရလို့ ဘယ်လိုရင်ခုန်စိတ် လှုပ်ရှားမှု ဖြစ်ခဲ့လဲ အေးမြတ်သူ

0
295

သရုပ်ဆောင် အေးမြတ်သူက မတ်လ ၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ Info@ Fashion & Beauty Fashion Show ကိုတက်ရောက်ခဲ့ပြီး ထိုင်းမင်းသားချော Mario Maurer နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မင်းသား Mario ၊ မင်းသမီး Pinky Savika တို့နဲ့အတူ Fashion Show မှာ အား ဖြည့်တင်ဆက်ခဲ့တဲ့ အေးမြတ်သူ မင်းသား Mario နဲ့တွေ့ဆုံခွင့်ရတဲ့ အပေါ် ရင်ခုန်သံကို အခုလိုဝေမျှလိုက်ပါတယ်။

”အေးမြတ်သူက မာရီယိုရဲ့ Pee Mak ဇာတ်ကားကိုပဲကြည့်ဖူး တာလေ။ သူ့ကိုလည်း တအား သဘောကျတယ်။ Pee Mak ဇာတ် ကားတစ်ကားလုံး ကိုလည်း သဘောကျတယ်။ Scene တစ်ခုချင်းစီကို ရော၊ Supporting Actor တွေပါအားလုံးကောင်းကြတယ်။ ဒါပေမဲ့အေးမြတ်သူမာရီယိုကိုအပြင်မှာ တစ်ခါမှမတွေ့ဖူးဘူး။ အခုလို တွေ့ရမယ်ဆိုတော့ အေးမြတ်သူလည်း စိတ် လှုပ်ရှားရပါတယ်။ အပြင်မှာ တွေ့ရလို့လည်း တကယ်သဘောကျတယ်” လို့ ပြောပြပါတယ်။

ရဲမေ ခက်ခက်ခိုင်ဇာတ်ရုပ်နဲ့ ပရိသတ်တွေ တစ်ခဲနက်အားပေးမှုကို ရရှိခဲ့ တဲ့ ‘မနေ့ကဖြစ်သည်’ဇာတ်လမ်းတွဲရဲ့အဆက် ဒုတိယတွဲကိုလည်း ဆက်လက် ရိုက်ကူးနေတဲ့အေးမြတ်သူရဲ့ရိုက်ကူးမှုပုံစံအပြောင်းအလဲများက …

‘ဇာတ်လမ်းပုံစံ လေးကလည်း ‘မနေ့က ဖြစ်သည်(၁)’ နဲ့ လုံးဝမတူပါဘူး။ ရိုက်ချက်တွေကလည်း ပထမဇာတ် ကားထက်ပိုတဲ့ အမိုက်စားပုံစံလေး တွေမြင်တွေ့ရမှာပါ။ ပရိသတ် တွေရဲ့ အားပေးလက်ခံမှုနဲ့ ပတ်သက်ပြီး လည်း စိတ်မပူပါဘူး။ အားလုံးက လည်း အကောင်းဆုံးဖြစ်အောင်ကြိုးစားကြတယ်။ ပရိသတ်တွေ လက်ခံတဲ့(၁)ထက်ကို ပိုကြိုက် အောင် ဇာတ်အိမ်ကြီးလည်း ပိုကြီးထား တယ်။ ဒါကြောင့် အရင်ဇာတ်လမ်း ထက် ပရိသတ်တွေ ပိုပြီးကြိုက်ကြ မယ် လို့ ထင်ပါတယ်” လို့ အေးမြတ်သူက ပြောပြပါ တယ်။ ‘မနေ့က ဖြစ်သည် (၂)’မှာတော့ ခါရာ၊ တိုင်ရွန်၊ ဆုပန် ထွာတို့နဲ့အတူ ကာရိုက်တာ အသစ် များနဲ့ ရိုက်ကူးပုံဖော်နေတယ်လို့ သိ ရပါ တယ်။

အသက် ၃၅ နှစ်အရွယ် ရောက် မှ အိမ်ထောင် ပြုမယ်လို့ဆိုထား တဲ့ အေး မြတ်သူရဲ့ လက်ရှိအချိန်တွေကို ဘယ်လို အသုံးချနေသလဲဆိုတော့ …

”အေးမြတ်သူရဲ့ အားလပ် ချိန်ကို နွေရာသီ၊ မိုးရာသီ၊ ဆောင်းရာသီဆိုပြီး မသတ် မှတ် ထားပါဘူး။ အလုပ်တွေလုပ် ရင်းအားရင် အနားယူတယ်။ ပွဲတွေတက်တယ်။ အလုပ်လုပ် တယ်၊ နားတယ်နဲ့ပဲ အချိန်ကို တစ်လှည့်စီ အသုံးပြုတယ်။ ပရိသတ်တွေရဲ့အချစ်ကို လည်းအေးမြတ်သူက ဒီ ထက် ပိုပြီးလိုချင်ပါတယ်။ ဒါ ကြောင့်အကောင်းဆုံး ဖြစ် အောင် ကြိုးစားနေ တယ်” လို့ အေးမြတ်သူက ပြောပြ ပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ-ဇွဲမာန်အောင်


LEAVE A REPLY

Please enter your comment!
Please enter your name here