ဖလင်ခေတ်ကလို အနုပညာကို တန်ဖိုးမထားကြတော့ဘူး ထပ်ဆင့် အကယ်ဒမီ ခင်သန်းနု

0
182

သရုပ်ဆောင် အကယ်ဒမီ ဒေါ်ခင်သန်းနုကတော့ မတ်လ ၃ ရက်နေ့က ပြင်ဦးလွင်မြို့မှာ ကျင်းပပြုလုပ်တဲ့ နန်းမြိုင်ဟိုတယ် နှစ်တစ်ရာပြည့်ပွဲကို တက် ရောက်ခဲ့ပါတယ်။ ပြင်ဦးလွင်မြို့ကို ပြန်ရောက်လာတဲ့အခါ သူမအနေနဲ့ အတိတ်က လွမ်းစရာ အမှတ်ရစရာများကို ပြန်တမ်းတမိကြောင်းလည်း ပြောပြ ခဲ့ပါတယ်။ နယ်မှာ ရိုက်ကူးခဲ့တဲ့ မောင်တို့ချယ်ရီမြေ ရုပ်ရှင်ဇာတ်ကား အမှတ် တရတချို့နဲ့ ဒီရုပ်ရှင်ဇာတ်ကားမှာအတူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် ဦးဝင်းဦးကိုလည်း သတိရမိကြောင်းကို ခုလိုပြောပြခဲ့ပါတယ်။

”ခုလို အသက်အရွယ်မှာ နယ်ကိုပြန်လာရတော့ ငယ်ငယ်က ဇာတ်ကား တွေရိုက်ခဲ့တဲ့ အမှတ်တရတွေကို သတိရပါတယ်။ အမှတ်ရစရာလေးတွေ ပြောရရင် မောင်တို့ချယ်ရီမြေ ဇာတ်ကားပေါ့။ လွမ်းစရာတွေ အမှတ်ရစရာ တွေကတော့ အများကြီးပါပဲ။ ကိုဝင်းဦးကိုသတိရတာပေါ့။ မောင်တို့ချယ်ရီမြေ မှာ ကိုယ်ပါထားတဲ့ ဇာတ်ကောင်က ရုပ်ရှင်မင်းသမီး ခင်သန်းနုလေ။ အဲ့ဒီ ရုပ်ရှင်ဇာတ်ကားမှာ နယ်မှာ ကိုဝင်းဦးနဲ့ လျှောက်လည်တာလေ။ မိန်းမ တစ်ယောက်က၊ မင်းသမီးတစ်ယောက်က လျှောက်လည်တာ တကယ်တော့ အဓိပ္ပာယ်မရှိပါဘူး။ အမျိုးသမီးတစ်ယောက်တည်းထွက်ပြီးတော့ လျှောက်လည် တာ မကောင်းပါဘူး။ ကိုယ်မကြိုက်ပါဘူး။ အဲ့ဒီထဲက ခင်သန်းနုကကိုယ် မဟုတ်ပါဘူးလို့ (ရယ်လျက်)။ အဲ့ဒီတုန်းကတော့ ဒီလိုအမျိုးသမီးတစ်ယောက် တည်း လျှောက်လည်တဲ့ ဇာတ်ကို အများလက်ခံအောင်ရိုက်ခဲ့တာလေ။ အမှန် တိုင်းပြောရရင် အဲ့ဒီရုပ်ရှင်ဇာတ်ကားကိုကြည့်ပြီးတော့လည်းအားရကြတယ်လေ။ TV မှာ ပြန်လာတဲ့အခါကျရင်လည်း မောင်တို့ချယ်ရီမြေတို့၊ သင်္ကြန်မိုး ဇာတ်ကားတို့ပြန်ကြည့်ဖြစ်ပါတယ်။ ပြန်ကြည့်တော့ ကိုယ်က နုပျိုနေတာပေါ့။ ငါဒီအရွယ်လေးပါလားဆိုပြီး စိတ်ကူးတောင်ယဉ်မိတယ်။ လောကကြီးက ကိုယ်ရဲ့စိတ်ကူးပဲလေ” လို့ ပြောပြခဲ့ပါတယ်။

ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အကယ်ဒမီဒေါ်ခင်သန်းနုက လက်ရှိ အနုပညာလောကရဲ့ မျိုးဆက်သစ်တွေအပေါ်လည်း အမြင်တချို့ကို ခုလို ပြောပြခဲ့ပါတယ်။

”မျိုးဆက်သစ်တွေကလည်း အသစ်တွေအတိုင်းသွားကြတယ်။ ဝါရင့်တဲ့ သူတွေကလည်း ဝါရင့်တဲ့သူတွေအတိုင်း သွားကြတယ်။ အသစ်ကိုကြိုက်တဲ့ သူတွေက အသစ်ကိုအားပေးကြတယ်။ အဟောင်းကိုကြိုက်တဲ့ သူတွေကလည်း အဟောင်းကိုအားပေးကြတယ်။ ဇာတ် ကားတစ်ကားက ရင်ထဲကိုရောက်တယ် မရောက်ဘူးဆိုတာက ရင်ထဲက ခံစား ချက်နဲ့ပြောမှ ရင်ထဲကိုရောက်တာပါ။ ကိုယ်တွေခေတ်တုန်းက ရုပ်ရှင်ဖလင် ကို တန်ဖိုးထားရတယ်။ ခုခေတ်က မှားရင် ပြန်ရိုက်လို့ရတယ်ဆိုပြီး တန်ဖိုး မထားကြဘူးလေ။ တကယ်တမ်းရိုက် တော့ ပိုမကောင်းလာဘူး။ ကိုယ့်အလုပ် ကို တန်ဖိုးထားဖို့ လိုပါတယ်”လို့ ပြော ပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here