Rဇာနည် ဘာသာရေး ပိုလုပ်ဖြစ်ရခြင်းအကြောင်း

0
332

သားနှစ်ယောက်ရဲ့ ဖခင်ဖြစ်သွားတဲ့R ဇာနည်အတွက် ဒုတိယ သားလေးမွေးဖွားပြီးအချိန်မှာ ပြောင်းလဲမှုတွေများစွာရှိခဲ့တယ်လို့ ဆိုပါတယ်။ မိသားစုအနေနဲ့ဘာသာရေးကိုပိုပြီးလုပ်ဖြစ်လာသလိုR ဇာ နည် ကိုယ်တိုင်လည်း ရဟန်းဝတ် ကုသိုလ်ပြုခြင်းကို သားငယ်လေးမွေးဖွား ပြီးချိန်မှာ နောက်ထပ်ပြု လုပ်ဖြစ်ခဲ့ပါတယ်။ ဒုတိယသားလေး မွေးဖွားမှုနဲ့R ဇာနည် ပြုလုပ်ဖြစ်တဲ့ ကုသိုလ်ရေးက …

”ချစ်ချစ်တုန်လေး ကိုယ်ဝန်ရှိလာတော့ မိသားစုအလှူလေးတွေပိုပြီးလုပ် ဖြစ်တယ်။ ဘုရားထီးတင်တယ်။ အခု နောက်ဆုံးဘုန်းကြီးဝတ်တာမျိုးကိုပါ လုပ်ဖြစ်တယ်။ ဒါကတော့ သူ့ရဲ့ ကုသိုလ်ကံလို့ ပဲထင်တယ်။ ကျွန်တော်ဆို ဘုန်းကြီးမဝတ်တာကြာပြီ။ အခုချစ်ချစ်တုန်မွေးပြီးတော့ ကိုယ့်ရဲ့မွေးနေ့မှာဘုန်းကြီးဝတ်ဖြစ်တယ်။ အရင်က ဆိုဘဝမှာစိတ်လွတ် ကိုယ်လွတ်နေတဲ့အချိန်ကများတယ်။ အခုတော့ ကိုယ့်ရဲ့စိတ် ကိုအရင်ကထက်ပိုပြီး ထိန်းနိုင်တာမျိုးတွေရှိတယ်” လို့R ဇာနည်ကပြောပြပါ တယ်။

ဖခင်ဖြစ်သူR ဇာနည်ရဲ့ နေ့စဉ်လှုပ်ရှားမှုအချိန်ဇယားက ပြောင်းလဲမှု တွေ များစွာရှိခဲ့ပါတယ်။သူငယ်ချင်းအဆိုတော်တွေနဲ့လည်း ကလေးချင်း ဆော့ဖို့ချိန်းကြတယ်လို့ဆိုတဲ့Rဇာနည်က…

”ကျွန်တော်က ကလေးနှစ် ယောက် ဖခင်ဖြစ်လာတော့ တစ်ဖက်က သီချင်းလည်းဆို၊ တစ်ဖက်က ကလေးလည်းထိန်းပေါ့ဗျာ။ သားဖစ်ဖစ်တုန်ကို လည်း ကျွန်တော်က သူငယ်ချင်းလိုပဲ ပေါင်းသင်းဆက်ဆံပါတယ်။ သူ လည်း ကိုယ့်ကိုသူငယ်ချင်းလို ပေါင်းသင်းဆက်ဆံလို့ရတယ်။ ဒါပေမဲ့ ကိုယ် မကြိုက်တာမျိုးကိုတော့ ဖခင်တစ်ယောက်အနေနဲ့ ကိုယ်မလုပ်စေချင်တာမျိုးကိုတော့သေသေချာချာသတ်သတ်မှတ် မှတ်လေးပြောပြတယ်။ အဲဒီအခါမှာလည်းသူကလည်း နားထောင် ပါ တယ်။ အခုနောက်ပိုင်းတော့သူငယ်ချင်းတွေနဲ့ တွေ့ရင် လည်းကလေးတွေဆော့ဖို့အတွက်ချိန်းဆိုကြ တယ်ပေါ့။ ဇော်ပိုင်တို့၊ ဖိုးကာတို့၊ ဟဲလေး တို့နဲ ဆုံ ချင်ရင်ကလေးအကြောင်း ပြပြီးလူကြီး တွေ့ကြ၊ ဆုံကြတာ ပေါ့”လို့ပြောပြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here