ဇော်ဝင်းထွဋ် ၊ ချစ်ကောင်း၊ ဂျေမောင်မောင်တို့ရဲ့ ဂီတဖျော်ဖြေပွဲအကြောင်း

0
214

 

တေးသံရှင် ဇော်ဝင်းထွဋ်၊ ချစ်ကောင်းနဲ့ ဂျေမောင်မောင်တို့ သုံးယောက်ပေါင်းပြီး ဖျော်ဖြေမယ့်  90’s Rock Legends Rock သခု ဂီတဖျော်ဖြေပွဲကို မတ်လ ၂၄ ရက်နေ့ သုဝဏ္ဏဘူမိ Event Park မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ အဆိုတော် သုံးယောက်ပေါင်း ဖျော်ဖြေပွဲ ပြုလုပ်ဖြစ်ခြင်းနဲ့ပတ်သက်ပြီး အဆိုတော် ဇော်ဝင်းထွဋ်က –

“ဒီသုံးယောက်တွဲလုပ်မယ်ဆိုပြီး စီစဉ်နေတာတော့ ကြာပါပြီ။ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ပြောဖြစ်ကြတယ်။ လက်မခံဖြစ်ခဲ့ဘူး။ ဒီတစ်ခေါက်ပြောတာကတော့ လာပြောတဲ့ သူက အီကြာကွေးဖြစ်နေတယ်။ ပြီးတော့ ပါတဲ့သူတွေကို မေးကြည့်တော့လည်း ကိုရှည်ကြီးတို့၊ ကိုချစ်တို့ဖြစ်နေတာကြောင့် လုပ်ဖြစ်ခဲ့တယ်။ အရင်ကတည်းက ကိုရှည်ကြီးနဲ့ ကိုချစ်တို့နဲ့ ပေါင်းပြီးသီချင်းဆိုချင်တာ။ ကိုချစ်ရဲ့ ကျန်းမာရေးကြောင့် နောက်ဆုတ်လိုက်ရတာ။ အခုတော့ အဆင်ပြေသွားလို့ သုံးယောက်တွဲပြီး သီချင်းသီဆိုရမယ်ဆိုတဲ့အတွက် ပျော်ပါတယ်”လို့ ပြောပါတယ်။

Rock အဆိုတော်ကြီးများဖြစ် ကြတဲ့ တေးသံရှင် ဇော်ဝင်းထွဋ်၊ ချစ်ကောင်းနဲ့ ဂျေမောင်မောင်တို့ သုံးယောက်ပေါင်းပြီး ဖျော်ဖြေမယ့် 90’s Rock Legends Rock ဂီတဖျော်ဖြေပွဲအတွက် Pre party ကို မတ်လ ၆ ရက်နေ့က My Ship Floating Restaurant မှာ ပြုလုပ်ခဲ့ပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here