ဇွန်လမှာ တစ်ကိုယ်တော် အခွေထွက်မယ့် မျိုးဆက်သစ် ဟစ်ဟော့ပ် အဆိုတော် မိုးထက်

0
208

၂ဝ၁ဝ ပြည့်နှစ်လောက်က ဂီတဘဝကို စတင်ခဲ့တဲ့ ဟစ်ဟော့ပ် အဆိုတော်မိုးထက်က အခုချိန်မှာတော့ လူငယ်ပရိသတ်အများစုကို ရရှိထားပြီး သူ့ရဲ့ တစ်ကိုယ်တော်အခွေကို မကြာမီအချိန်အတွင်း ထွက်ရှိ လာတော့မှာပါ။

”ဇွန်လထဲမှာ ထွက်မှာပါ။ သီချင်းအားလုံးပေါင်း စုစုပေါင်း ၁၄ ပုဒ် ပါဝင်ပါတယ်။ ၇ ပုဒ်က ကျွန်တော့်အကြိုက်၊ နောက်ထပ် ၇ ပုဒ်က ပရိသတ်တွေအကြိုက် ဖြစ်မှာပါ။ ဖီးချားရင်းတွေလည်း အဲဒီ ၇ ပုဒ်စလုံးမှာ ပါဝင်ပါတယ်” လို့ မိုးထက်က ပြောပါတယ်။ အဆိုပိုင်းအပြင် သီချင်းအတီးပိုင်းကိုလည်း လုပ်ဖြစ်နေတဲ့ မိုးထက်က Main Stream က အဆိုတော်တွေရဲ့ တေးအယ်လ်ဘမ်တွေအထိ သူ့ရဲ့လက်ရာတွေ ပေါက် မြောက်လို့နေပါတယ်။ ဥပမာအားဖြင့်ဆိုရင် ရွှေထူး၊ စန္ဒီမြင့်လွင်၊ ဝိုင်းလေး၊ Sophia Everest တို့ရဲ့ သီချင်းတွေမှာပေါ့။

မိုးထက်ရဲ့ ဆိုပုံဆိုပေါက်ကလည်း တခြား ဟစ်ဟော့ပ်အဆိုတော်တွေနဲ့ သိပ်မတူဘဲ ကွဲ ထွက်လို့နေပါတယ်။ သူ့ရဲ့အသံ၊ သူ့ရဲ့ ဆိုပုံ၊ ဆိုပေါက်အနေအထားကို ဘယ်လိုရွေးချယ်ဖြစ်ခဲ့ တာလဲ၊ မိုးထက်တို့ ဟစ်ဟော့ပ်အဆိုတော်တွေက ပိုသိ မှာပါလေလို့ ဆိုတော့ –

”ကိုယ်ပထမဆုံးစဆိုတဲ့ Rapping ဆိုပေါက်နဲ့ အသံ ကို ပြန်သတိထားမိတယ်။ နောက်ပြီး သူများတွေ တစ်ဦးချင်း စီရဲ့ အသံစတိုင်ကိုလည်း သတိထားမိတယ်။ ပြည်ပက ကိုယ် အားကျရတဲ့ အဆိုတော်တွေရဲ့ အသံကိုလည်း သတိထားမိတယ်။ ကိုယ့်ပုံစံကိုလည်း ဘယ်လိုထူးခြားသင့်လဲဆိုပြီးတော့ ကိုယ်လုပ် နိုင်တဲ့ အသံစတိုင်မျိုးနဲ့ အခု ဒီနေ့အထိ လုပ်ဖြစ်တာပါ။ အခု ကျွန်တော် ဖီးချားရင်း ဝင်ဆိုပေးထားတဲ့ အပုဒ်တွေလည်း အွန်လိုင်းမှာ ဆက်တိုက်ကြားနေရမှာပါ။ တချို့ ဝင်ဆိုပေး ထားတဲ့ သီချင်းတွေလည်း တချို့ Official Album ထဲမှာပါလာ မှာပါ။ ကျွန်တော့်အခွေကိုလည်း အကောင်းဆုံးပြင်ဆင်နေ ပါတယ်” လို့ မိုးထက်က ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here