ဝတ်မှုံရွှေရည်နဲ့ရုပ်ရှင်ရိုက်ကူးဖို့ သေချာနေပြီဆိုတဲ့ရွှေထူး

0
167

အခွေထွက်ပြီးသွားပြီဆိုတော့ ရွှေထူးတစ်ယောက် ရုပ်ရှင်ရိုက်ကူးဖို့အတွက် ပြင်ဆင်ရတော့မှာပါ။ အောင်မြင်တဲ့အနုပညာရှင်တွေရဲ့ လျှို့ဝှက်ချက်တစ်ခုကို တိတိကျကျပြောရမယ်ဆိုရင် သူတို့အလုပ်ကြိုးစားကြတာကို ထည့်ပြော ရပါမယ်။ ရရှိနေတဲ့ အောင်မြင်မှုအပေါ်မှာ သာယာမနေ၊ မျော မနေဘဲ ပေးလာတဲ့ အခွင့်အရေးကို ကောင်းကောင်းကြီး အသုံး ချကာ အလုပ်တွေဆက်တိုက်ကြိုးစားကြတာပါပဲ။ အခုလည်း ရွှေထူးက သူ့ရဲ့ ဒုတိယမြောက်ရုပ်ရှင် ဇာတ်ကားကို ရိုက် ကူးတော့မယ်လို့ ဆိုပါတယ်။

”ရုပ်ရှင်က ၃ လပိုင်း လလယ်လောက်မှာ ကျွန်တော် စရိုက်ကူးမယ်ဗျ။ ဒါရိုက်တာကတော့ ဦးမီးပွားရိုက်ကူးမယ်။ ကျွန်တော်ရယ်၊ ဝတ်မှုံရွှေရည်ရယ်ပေါ့” လို့ ရွှေထူးက ပြောပါတယ်။ ကြားသိထားတာက ရဲတိုက်၊ မြင့်မြတ်၊ ရွှေမှုန်ရတီ စတဲ့ သရုပ်ဆောင်တွေနဲ့နော်လို့ ရွှေထူးကိုမေး တဲ့အခါ

”အဲဒီလိုတော့ မပြောသေးဘူးဗျ။ ကျွန်တော့်ကို ဝတ်မှုံရွှေရည်နဲ့ ရိုက်ကူးဖို့ Confirm လုပ်ထားသေးတယ်” ဆိုပြီးတော့ သူကဆက်လက်ပြောပါတယ်။

ကိုယ်က အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာတဲ့အခါ မိသားစုက ဝမ်းသာပီတိဖြစ်နေကြမှာပါ။ ရွှေထူးက အကြီးဆုံးသားဖြစ်နေတော့ ပိုဆိုးတာပေါ့။ ညီမလေးကိုရော အနုပညာလောကထဲဝင်ရောက်ဖို့ အကြံ မပြုဖြစ်ဘူးလားလို့ ရွှေထူးကို ဆက်လက်မေးတော့ –

”ကျွန်တော် Underground တုန်းက သူ့ကို သီချင်းတစ်ပုဒ်ပေးဆိုဖူးတယ်။ ကျွန်တော်က လူတစ်မျိုးဗျ။ ကျွန်တော်ရေးပေးတဲ့ ပုံစံအတိုင်း မရလို့ရှိရင် အသေပြောတာ။ ပြောတော့ သူငို သွားတယ်လေ။ အဲဒီကတည်းက သူ သီချင်း မဆိုတော့ဘူး။ ဒီဘက်ကိုလည်း လာဖို့ အစီ အစဉ်မရှိဘူး။ သူကတော့ အခုလောလောဆယ် မန်း ရတနာပုံမှာ လေယာဉ်မယ်လုပ်နေတယ်ဗျ” လို့ ရွှေထူးကပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here